Premier Wellness ကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲ ကျင်းပပြုလုပ်

Mon, 2018-02-12 11:17 -- zaythu
Premier Wellness ရဲ့ ကုန်ပစ္စည်းအသစ်တွေဖြစ်တဲ့ Premier WhiteMalt, Premier Chocolate Malt, Premier Soy Milk နဲ့ Full Cream Milk Powder(16.5g)တွေကို ဖေဖော်ဝါရီလ ၈ ရက်နေ့က Melia Hotel မှာ မိတ်ဆက်ခဲ့ပါတယ်။
 
 
အခမ်းအနားမှာတော့ PremierCoffee-Lluvia Limited က General Manager ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး Premier Wellness ရဲ့ Brand Manager ဒေါ်နန်းစုငယ်ထွေးမြင့်က Premier Group မှထုတ်လုပ်တဲ့အရည်အသွေးပြည့် ကုန်ပစ္စည်းများအကြောင်းကို မိတ်ဆက်ခဲ့ပါတယ်။
 
ဒါအပြင် Senior Brand Manager အနေနဲ့ တာဝန်ယူထားတဲ့ မချိုဇင်မော်ကလဲ Premier Group ရဲ့ ကုပစ္စည်းတွေ အကြောင်း ခုလို ပြောပြပါတယ်။
 
အဲဒီပွဲမှာ Premier Coffee ရဲ့ Wholesalers နဲ့ Dealersကြီးများလည်း တက်ရောက်ခဲ့ကြတဲ့အပြင် Premier Coffee ကို ရောင်းချရတဲ့အခြေအနေကိုပြောပြခဲ့ပါတယ်။
 
ဒါအပြင် ကံစမ်းမဲအစီအစဉ်တွေကို လည်း ပြုလုပ်ပေးခဲ့တယ်လို့သိရပါတယ်။ပေါက်မဲတွေ အဖြစ် ၁ သိန်းခွဲတန်ဖိုးရှိ Adidas Gift Card ၈ ဆု၊ Fit Bit ၄ ဆု၊ Blood Pressure ၅ ဆု၊ ဆီးချိုသွေးချိုတိုင်းစက် ၆ ဆု၊ ပန်းလှိုင်ဆေးရုံမှာ Medical Check Up ပြုလုပ်နိုင်ဖို့အတွက် ၁၀ ဦး တို့ပါဝင်တယ်လို့သိရပါတယ်။
 
အထူးအစီအစဉ်အနေနဲ့ ရွှေ ၅ မူးသား ၅ ဆုနဲ့ ရွှေတစ်ကျပ်သား ၂ဆုတို့ကိုလည်း ထည့်သွင်းပေးထားတယ်လို့သိရပါတယ်။
Monday, February 12, 2018