Kohler

Mon, 2018-02-12 11:26 -- zaythu
မီးဖိုချောင်သုံးနဲ့ ရေချိုးခန်းသုံးပစ္စည်း ထုတ်လုပ်ရောင်းချမှုမှာ Kohler က ကမ္ဘာ့ထိပ်တန်း အဖြစ် ဦးဆောင်နေတဲ့ အမှတ်တံဆိပ်တစ်ခုပါ။
 
ပြည်တွင်းမှာ Kohler ရဲ့ပထမဆုံးသီးသန့်အရောင်းပြခန်းကိုတော့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ က ၇မိုင်မှာ ဖွင့်လှစ်လိုက်ပါတယ်။
ခေတ်မီဆန်းသစ်တဲ့ဒီဇိုင်း၊ နည်းပညာတွေနဲ့အတူနေထိုင်နိုင်ဖို့စတဲ့ ရည်ရွယ်ချက်တွေနဲ့ ခုလိုသီးသန့်အရောင်းပြခန်းကို ဖွင့်လှစ်လိုက်တာပါ။
 
ဝယ်ယူအသုံးပြုသူတွေအတွက် ဆန်းသစ်တဲ့နည်းပညာ အချက်အလက်တွေကို ပိုမိုလွယ်ကူအဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ဖို့လည်း ရည်ရွယ်ထုတ်လုပ်ထားတာလို့ သိရပါတယ်။
 
ဒါ့အပြင် အမျိုးအစားစုံလင်တဲ့ မီးဖိုချောင်သုံးနဲ့ ရေချိုးခန်းသုံးပစ္စည်းတွေအတွက် ခေတ်မီဒီဇိုင်းတွေသာမက ရိုးရာအငွေ့အသက်တွေပါတဲ့ ဒီဇိုင်းတွေကိုပါ ခင်းကျင်းပြသ ထားတာ ဖြစ်ပါတယ်။
 
Kohler ကုမ္ပဏီဟာ မီးဖိုချောင်သုံးနဲ့ ရေချိုးခန်းသုံးပစ္စည်းထုတ်လုပ်မှုနဲ့ပတ်သတ်ပြီး အမေရိကန်နဲ့ ဥရောပနိုင်ငံတွေအပြင် အာရှနိုင်ငံတွေအထိ အသိအမှတ်ပြုခံရတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။
 
၇ မိုင်မှာရှိတဲ့ Kohler သီးသန့်အရောင်းပြခန်းကိုတော့ နေ့စဉ်တနင်္လာနေ့ကနေ စနေနေ့ထိ နံနက် ၈နာရီကနေ ညနေ ၅ နာရီထိနေ့စဉ် ဖွင့်လှစ်ရောင်းချပေးလျက်ရှိ နေတာပါ။
 
ကင်မရာ - သန်းဌေးအောင်
Monday, February 12, 2018