ရပ်ကွက်အထာဟာသတွေနဲ့ တင်ဆက်ထားတဲ့ “ကမ္ဘာကျော်ရွာ”

Mon, 2018-02-12 11:33 -- zaythu

 ဟာသသရုပ်ဆောင်တွေအများကြီးပါဝင်ထားတဲ့ ကမ္ဘာကျော်ရွာ ရုပ်ရှင်ဇာတ်ကားကြီး ဒီလထဲမှာရုံတင်ပြသတော့မှာဖြစ်ပါတယ်။

နာမည်ကြီး သရုပ်ဆောင်ဖြစ်ချင်ကြတဲ့ “သာကျော်”တို့ရွာကလေးကို ဒါရိုက်တာ “ကမ္ဘာကျော်”ရောက်ရှိလာတဲ့အချိန်မှာ သာကျော်တို့ရဲ့ အိပ်မက်တွေဟာ တကယ်ဖြစ်လာကြမလား၊ တစ်ဖက်မှာလည်း သူပိုးပန်းနေတဲ့ ကွမ်းတောင်ကိုင်မလေး မြမေနဲ့ အဆင်ပြေအောင် သာကျော်က ဘယ်လိုပိုးပန်းမလဲ စတဲ့ ရပ်ကွက်အထာ ရယ်စရာဟာသလေးတွေနဲ့အတူ ပရိသတ်တွေ ကြည့်ရှုကြရမှာပါ။

ကမ္ဘာကျော်ရွာ ရုပ်ရှင်ကို ဒါရိုက်တာ ပြည်ဟိန်းသီဟက ဖန်တီးရိုက်ကူးထားတာဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ရုံတင်ပြသသမှာဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာ အကယ်ဒမီနေတိုး၊ ကျော်ကျော်ဗို၊ ရွှေသမီး၊ အကယ်ဒမီ ဗေလုဝ၊ အကယ်ဒမီ တက္ကသိုလ် ဂွမ်းပုံနဲ့ တခြားအနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Monday, February 12, 2018