နေခြည်ဦးက ချစ်သူများနေ့ကို ပရိသတ်တွေနဲ့ ဖြတ်သန်းမယ်

Mon, 2018-02-12 11:38 -- zaythu
အွန်လိုင်းပေါ်မှာ နာမည်ကြီးတဲ့ Beauty Blogger နေခြည်ဦးက ချစ်သူများနေ့ကို သူမရဲ့ Chillies တွေနဲ့ပဲ ဖြတ်သန်းဖြစ်မယ်လို့ ဆိုလာပါတယ်။
 
ဝေဖန်တိုက်ခိုက်မှုတွေများတဲ့ သူမအနေနဲ့ လက်ရှိအချိန်မှာ အချစ်ရေးက အေးဆေးနေသလို ဒီနှစ်ချစ်သူများနေ့ကို Single အနေနဲ့ ပြန်လည်ဖြတ်သန်းရမှာလို့လည်း ဆိုပါတယ်။
 
ဒါ့ပေမယ့်လည်း သူ့ရဲ့ပရိသတ်တွေက Surprise လုပ်ဖို့ စီစဉ်နေတယ်လို့ သူမကပြောပါတယ်။
 
နေခြည်ဦးက လတ်တလောမှာ အချစ်ရေးနဲ့ပတ်သက်ပြီးသတင်းတွေထွက်ပေါ်နေပေမယ့် ကိုယ်တိုင်မသေချာသေးလို့ ပရိသတ်တွေကို အသိမပေးသေးတာလို့ ပြောပါတယ်။
 
ပထမအချစ်ရေးမှာ သူ့အတွက် စိတ်အခန့်မသင့်ဖြစ်စရာတွေကြုံခဲ့ရတာကြောင့် နောက်ထပ် အချစ်ရေးမှာတော့ ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းချပြတာမျိုး မလုပ်တော့ဘူးလို့လည်း ဆိုလာပါတယ် ။
 
ရုပ်သံသတင်းထောက် - အေးမြတ်
Monday, February 12, 2018