မနက်ခင်းသတင်းစာ

Mon, 2018-02-12 11:41 -- zaythu
မနက်ခင်း သတင်းစာ အစီအစဉ်က နေ့စဉ်ထုတ် 7Day Daily သတင်းစာမှာ ပုံနှိပ်ဖော်ပြပြီးဖြစ်တဲ့ သတင်းတွေထဲက အချို့ကို ကောက်နှုတ်တင်ဆက်သွားမှာ ဖြစ်ပါတယ်။
 
ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့ ပြည်နယ်အတွင်း အကြီးစားရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေကြောင့် မွန်လူမျိုးတွေရဲ့ မြေယာပိုင်ဆိုင်မှုထိခိုက်လာတဲ့သတင်း၊ လေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေး ဒိန်းမတ်နိုင်ငံက ကူညီမယ်ဆိုတဲ့သတင်း၊ ကလေးသူငယ်တွေအတွက် မိဘခွင့်ပြုချက်ရမှ နားထောင်ဖို့သတိပေးစာကပ်ပြီး ဖြန့်ချိမယ့် တေးသီချင်းစီးရီးသစ်ရဲ့သတင်း၊ အီတလီနိုင်ငံမှာ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲသတင်းတို့ဖြစ်ပါတယ်။
 
မနက်ခင်း သတင်းစာ အစီအစဉ်ကို တနလာင်္နေ့မှ သောကြာနေ့အထိ နေ့စဉ် နံနက် ၈း ၃၀ အချိန်မှာ တင်ဆက်ပေးနေတာဖြစ်ပါတယ်။
Monday, February 12, 2018