ကိုယ်ပိုင်သံစဉ်တွေနဲ့ အခွေထုတ်ဖို့ပြင်နေတဲ့ ဇွဲပြည့်

Tue, 2018-02-13 17:31 -- zaythu

“အပြည်ပြည်ဆိုင်ရာ အသဲကွဲသောနေ့”၊ “စာချွန်တော်”စတဲ့ သီချင်းတွေနဲ့ ပရိသတ်တွေ အားပေးမှုကို ရရှိထားတဲ့ တေးသံရှင်ဇွဲပြည့် က သူ့ရဲ့ တတိယအခွေအတွက် စတင်ပြင်ဆင်နေပါပြီ။
 
သီချင်းချိုချိုအေးအေးလေးတွေနဲ့လိုက်တဲ့ ဇွဲပြည့်အနေနဲ့ ဒီတခေါက်သီချင်းခွေမှာတော့ အမျိုးအစားစုံလင်တဲ့ သီချင်းသံစဉ်တွေကို ဖန်တီးထားသလို ပရိသတ်တွေနဲ့ ထပ်တူကျဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။ ဇွဲပြည့်ရဲ့ ပြန်ဆိုတေးတွေအပေါ်မှာ ပရိသတ်က အားပေးပေမယ့်လည်း သူရဲ့ တတိယမြောက် အခွေမှာတော့ ကိုယ်ပိုင်သံစဉ်သီချင်းတွေပဲ ပါဝင်မယ်လို့ပြောပါတယ်။
 
သူ့ရဲ့ တတိယမြောက်တစ်ကိုယ်တော် အခွေ အတွက် သီချင်း ၁၄ပုဒ်လောက်ပါဝင်ဖို့ ခန့်မှန်းထားသလို သီချင်းရှစ်ပုဒ် အပြီးအစီး လုပ်ပြီးပြီလို့ ဇွဲပြည့်က ပြောပါတယ်။
 
ဇွဲပြည့်အနေနဲ့ လက်ရှိမှာ သီချင်းတွေအပေါ်မှာပဲ အာရုံစိုက်နေသလို လာမယ့် သုံးလပိုင်းထဲမှာ ထွက်ရှိနိုင်အောင် ကြိုးစားသွားမယ်လို့ ဆိုလာပါတယ်။
 
ရုပ်သံသတင်းထောက် - အေးမြတ်

Tuesday, February 13, 2018