စိုးပြည့်သဇင်ရဲ့ အကယ်ဒမီရင်ခုန်သံ

Tue, 2018-02-13 18:34 -- zaythu

ခေါက်ထီးကလေး မလုံတလုံ ရုပ်ရှင်ကားမှာ အကယ်ဒမီထပ်ရလိမ့်မယ်လို့ ခန့်မှန်းပေးလာတဲ့ ပရိသတ်တွေ ကို စိုးပြည့်သဇင်က ကျေးဇုးတင်တယ်လို့ ဆိုလာပါတယ်။
 
 အကယ်ဒမီစိုးပြည့်သဇင်အနေနဲ့ “ခေါက်ထီးကလေး မလုံ့တလုံ” ဇာတ်ကားမှာ ကျရာဇာတ်ရုပ်ကနေ အကောင်းဆုံး သရုပ်ဆောင် ထားသလို အကယ်ဒမီနဲ့ပတ်သက်ပြီးတော့ ပရိသတ်တွေရဲ့ခန့်မှန်းချက်နဲ့ ထပ်တူကျမယ်ဆိုရင် အရမ်းပျော်မိမှာပါလို့ ဆိုလာပါတယ်။
 
ဒီနှစ်ရဲ့ဇာတ်ကားတွေမှာ အမျိုးသမီးဇာတ်ဆောင်ဆုအတွက်အားပြိုင်မှုတွေရှိနေသလို အကယ်ဒမီအတွက်ရေပန်းစားနေတဲ့ ဇာတ်ကားကောင်းတွေထဲမှာ  တစ်ကားပါဝင်ခွင့်ရတဲ့အတွက် ကျေနပ်မိတယ်လို့ ပြောပါတယ်။
 
“မိုးညအိပ်မက်မြူ”ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားတဲ့ စိုးပြည့်သဇင်အနေနဲ့  “ခေါက်ထီးကလေး မလုံ့တလုံ”ဇာတ်ကားဟာလည်း သူ့အတွက် အမှတ်တရတွေရှိသလို ပရိသတ်တွေ နှစ်သက်ကြတဲ့အတွက်လည်း ဝမ်းသာမိတယ်လို့ ပြောပါတယ်။
 
သူမအနေနဲ့ လတ်တလောမှာ ရုပ်ရှင်ဇာတ်ကားတွေလက်ခံထားသလို နယ်ပွဲဖျော်ဖြေမှုတွေ ဆက်တိုက်လှုပ်ရှားဖြစ်နေတယ်လို့ သိရပါတယ်။
 
ရုပ်သံသတင်းထောက် - အေးမြတ်

Tuesday, February 13, 2018