သရုပ်ဆောင်တစ်ယောက်အဖြစ် မြင်တွေ့ရဦးမယ့် Blogger နေခြည်ဦး

Thu, 2018-02-15 14:22 -- zaythu

အမျိုးသမီးတွေရဲ့ အလှအပရေးရာ လျှို့ဝှက်ချက်တွေကို အမြဲဝေမျှတတ်တဲ့ Beauty Blogger နေခြည်ဦးကို သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေ မကြာခင်မှာတွေ့မြင်ရတော့မှာပါ။

Beauty Blogger တစ်ယောက်အနေနဲ့သာမဟုတ်ဘဲ ဓာတ်ပုံရိုက်ကူးတာတွေ၊ သရုပ်ဆောင်ရတာတွေဟာလည်း နေခြည်ဦးရဲ့ ဝါသနာတစ်ခုဖြစ်တာကြောင့် သရုပ်ဆောင်တစ်ယောက်အဖြစ် ကြိုးစားကြည့်ချင်တယ်လို့ ပြောပါတယ်။

သူရဲ့ ပထမဆုံးရုပ်ရှင်ကိုတော့ “ရန်သူ” လို့ နာမည်ပေးထားပြီး ဒါရိုက်တာ မီးပွားနဲ့ ရိုက်ကူးမှာဖြစ်ပါတယ်။

သရုပ်ဆောင် နေမင်း၊ အကယ်ဒမီ ဝတ်မှုံရွှေရည်တို့နဲ့အတူ တွဲဖက်သရုပ်ဆောင်ရမှာဖြစ်ပြီး ဒီကနေ့ ဖေဖော်ဝါရီ ၁၅  ရက်နေ့မှာ ပြင်ဦးလွင်မှာ စတင်ရိုက်ကူးသွားမှာဖြစ်ပါတယ်။

နေခြည်ဦးအနေနဲ့ Blogger တစ်ယောက်အပြင် အနုပညာအလုပ်တွေကိုပါ တွဲဖက်လုပ်သွားဖို့ အစီအစဉ်ရှိသလို နောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားတွေကို ဇာတ်ကောင် ပုံစံရွေးချယ်ပြီး ဆက်လက်ရိုက်ကူးသွားဖို့ရှိတယ်လို့ ဆိုလာပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Thursday, February 15, 2018

Top News