မနက်ခင်းသတင်းစာ

Fri, 2018-02-16 11:23 -- zaythu
မနက်ခင်း သတင်းစာ အစီအစဉ်က နေ့စဉ်ထုတ် 7Day Daily သတင်းစာမှာ ပုံနှိပ်ဖော်ပြပြီးဖြစ်တဲ့ သတင်းတွေထဲက အချို့ကို ကောက်နှုတ်တင်ဆက်သွားမှာ ဖြစ်ပါတယ်။
ဒီနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့
ရဲတပ်ဖွဲ့ရဲ့ မုဒိန်းမှုဖြစ်ပွားရတဲ့အကြောင်းအရင်းများဆိုတဲ့ ထုတ်ပြန်ချက်အပေါ် ဝေဖန်မှုတွေ ထွက်နေတဲ့သတင်း၊ အောင်လအန်ဆန်နဲ့ ယှဉ်ပြိုင်ရမယ့်ပွဲမှာ အိမ်ရှင်ပရိသတ်ရဲ့ဖိအားကို မစိုးရိမ်ဘူးလို့ မာချာဒိုပြောတဲ့သတင်း၊ နိုင်ငံရေးလုပ်တယ်လို့ဆိုပြီး ကျောင်းဆရာတစ်ဦးကို အလုပ်ထုတ်ခဲ့သူကို အခု မကွေးတိုင်းဝန်ကြီးအဖြစ် ခန့်အပ်ဖို့ အဆိုပြုတဲ့အပေါ် ဝေဖန်ကြတဲ့သတင်း၊ တရုတ်စစ်အင်အားကြီးမားလာတာနဲ့ပက်သက်လို့ အမေရိကန်ထိပ်တန်းရေတပ်ဗိုလ်ချုပ်တစ်ဦးက သတိပေးလိုက်တဲ့သတင်းတို့ဖြစ်ပါတယ်။
မနက်ခင်း သတင်းစာ အစီအစဉ်ကို တနလာင်္နေ့မှ သောကြာနေ့အထိ နေ့စဉ် နံနက် ၈း ၃၀ အချိန်မှာ တင်ဆက်ပေးနေတာဖြစ်ပါတယ်။
Friday, February 16, 2018

Top News