သီချင်းပုံစံအသစ်တွေပါမယ့် ရွှေထူးရဲ့ ဒုတိယအခွေ

Fri, 2018-02-16 15:07 -- zaythu

လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ တေးသံရှင်ရွှေထူးက သူ့ရဲ့ဒုတိယမြောက်တစ်ကိုယ်တော်အခွေကို မကြာခင်မှာ ပရိသတ်လက်ထဲ အရောက်ပို့ပေးတော့မှာပါ။

“I” လို့ နာမည်ပေးထားတဲ့ သူ့အခွေဟာ Illumination လို့ အဓိပ္ပာယ်ရပြီး ပရိသတ်တွေအတွက် သီချင်းပုံစံအသစ်တွေနဲ့ ကိုယ့်ကိုယ်ကို Upgrade လုပ်ထားတယ်လို့ ရွှေထူးက ပြောပါတယ်။

ရွှေထူးရဲ့ ပထမအယ်လ်ဘမ် “စိတ်ကူးယဉ်စာအုပ်”အခွေထဲက သီချင်းတော်တော်များများဟာ ပရိသတ်တွေကြားမှာ ရေပန်းစား တာကြောင့် ဒီတစ်ခေါက်မှာထွက်ရှိမယ့် အခွေအတွက် ရွှေထူးကိုယ်တိုင် စိတ်လှုပ်ရှားနေမိတယ်လို့ ပြောပါတယ်။

“I” အခွေကို လာမယ့် ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ Bo Bo Music Production ကနေ ဖြန့်ချိပေးသွားမှာဖြစ်ပြီး ပရိုမိုးရှင်းဖျော်ဖြေပွဲကိုတော့  Myanmar Plazaမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Friday, February 16, 2018

Top News