ပိုးမီ ရဲ့ တစ်ကိုယ်တော်အယ်လ်ဘမ် မတ်လထဲ ထွက်မယ်

Tue, 2018-02-20 17:00 -- zaythu

Myanmar Idol Season 2 အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ တေးသံရှင်ပိုးမီရဲ့ ပထမဆုံးတစ်ကိုယ်တော်အယ်လ်ဘမ်ကို ပရိသတ်တွေက မတ်လထဲမှာ နားဆင်ကြရတော့မှာပါ။

“နောက်ထပ်…တစ်ယောက်မရှိ” လို့ နာမည်ပေးထားတဲ့ ဒီအခွေဟာ သူ့ဘဝရဲ့မေ့မရတဲ့လူတစ်ယောက်အကြောင်းကို သီချင်းခေါင်းစဉ်ပေးဖြစ်ခဲ့တာဖြစ်ပြီး ဘယ်သူ့ရဲ့အကြောင်းဖြစ်မယ်ဆိုတာကတော့ ပရိသတ်တွေကို အခွေမထွက်ခင် လျို့ဝှက် ထားမယ်လို့ ပိုးမီက ပြောပါတယ်။

Rock သီချင်းတော်တော်မျာများနဲ့ လိုက်ဖက်တဲ့ ပိုးမီ အနေနဲ့ သူ့ရဲ့ပထမဆုံးအခွေမှာ အမျိုးအစားစုံလင်တဲ့ သီချင်းတွေကို သီဆိုထားပြီး ပိုးမီ ကိုယ်တိုင်ရေးထားတဲ့ သီချင်း ၅ ပုဒ်လည်း ပါဝင်မှာဖြစ်ပါတယ်။ ဒီအခွေမှာ သီချင်း ၁၀ ပုဒ်ပါဝင်မှာဖြစ်ပါတယ်။ သီချင်းသုံးပုဒ်ကိုတော့ MTV ရိုက်ကူးထားပြီး ပရိသတ်တွေ ခံစားကြည့်ရှုနိုင်ဖို့အတွက် ထည့်ထားတယ်လို့လည်း ပိုးမီ ပြောပါတယ်။
ဒီအခွေကိုတော့ လာမယ့် မတ်လ ၁ ရက်နေ့မှာ The Sun Music Production ကနေ ဖြန့်ချိသွားမယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Tuesday, February 20, 2018

Top News