Nကိုင်ရာက ပရိသတ်အပေါ် တာဝန်ကျေချင်ပါတယ်

Wed, 2018-02-21 17:39 -- zaythu

သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်တဲ့ တေးသံရှင် N ကိုင်ရာက သူချစ်ရတဲ့ ပရိသတ်တွေအပေါ်မှာ တာဝန်မကျေတာတွေ ရှိခဲ့တယ်လို့ ဖွင့်ဟလာပါတယ်။

အိမ်ထောင်ကျပြီး ကတည်းက ဂီတလှုပ်ရှားမှုတွေနဲ့ ဝေးကွာသွားခဲ့ပေမယ့်လည်း ပရိသတ်တွေက လက်ခံနေသေးလို့ သီချင်းတွေပြန်ဆိုဖို့ အစီအစဉ်ရှိတယ်လို့လည်း N ကိုင်ရာ ကပြောပါတယ်။ ပရိသတ်တွေအပေါ် တာဝန်မကျေဘူးလို့ ကိုယ့်ကိုယ်ကို ခံယူထားပြီး အခုနောက်ပိုင်းမှာတော့ သီချင်းတွေနဲ့ ပေးဆပ်ချင်တယ်လို့လည်း Nကိုင်ရာက ပြောပါတယ်။

Nကိုင်ရာက  မိုးကုတ်နှစ်တရာပြည့်ပွဲတော်အတွက် ပြင်ဆင်နေသလို ကချင်ညီအစ်မတွေစုစည်းပြီး ကချင်သီချင်းခွေ တစ်ခွေထွက်ဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

N ကိုင်ရာကို မမေ့သေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်သလို ဂီတလောကထဲမှာ သီချင်းတွေပြန်ဆိုသွားဖို့ရှိတယ်လို့ N ကိုင်ရာက ဖွင့်ဟလာပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Wednesday, February 21, 2018

Top News