မြန်မာ့ ပထမဆုံးသော Mercedes-Benz 3S Autohaus Showroom ဖွင့်ပွဲ

Mon, 2018-03-12 18:37 -- zaythu

 မော်တော်ကားရောင်းဝယ်ရေးတွင် ထိပ်တန်းအုပ်စုဖြစ်တဲ့ Cycle & Carriage ရဲ့ ကုမ္ပဏီခွဲတခုဖြစ်တဲ့ Cycle & Carriage Myanmar မှ Mercedes-Benz 3S Autohaus အရောင်းပြခန်သစ်ကြီးးကို မရမ်းကုန်းမြို့တွင် မတ်လ ၁၀ ရက်နေ့ ညနေ မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

ခေတ်မီသောအပြင်အဆင်များနှင့်အတူ အလွယ်တကူဝယ်ယူနိုင်မှာဖြစ်ပြီး တနေရာထဲမှာတင် ပြီးပြည့်စုံတဲ့ ဝန်ဆောင်မှုတွေ ပေးသွားမှာဖြစ်ပါတယ်။ ကားအစီးရေ ၁၇ စီးနှင့် အလုပ်ရုံငယ် ၁၀ ခုသာမက Mercedes-Benz iShowroom လည်းပါဝင်မည်ဖြစ်ပြီး Autohaus Mercedes ကြိုက်နှစ်သက်သူ Customer များအတွက် ရည်ရွယ်ပြီး တည်ဆောက်ထားတယ်လို့ သိရှိရပါတယ်။

Showroom အသစ်ကြီးအကြောင်းနဲ့ Mercedes ကို အားပေးနှစ်သက်ကြတဲ့ Customer တွေကို ကျေးဇူးတင်ကြောင်း Divisional Manager တဦးဖြစ်တဲ့ Mr.Charles ကပြောကြားခဲ့ပါတယ်။

Mercedes-Benz 3S Autohaus Showroon အသစ်ဖွင့်ပွဲသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်တို့လည်း တက်ရောက် အမှာစကားပြောကြားပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။

Cycle & Carriage Myanmar ရဲ့ Managing Director U Aung Moe Kyaw ကလည်း showroom အသစ်ကနေ Customer တွေရဲ့ လိုအပ်ချက်တွေကို အကောင်းဆုံးဖြည့်ဆီးပေးသွားမယ်လို့ ဆိုပါတယ်။

Monday, March 12, 2018

Top News