ပရိသတ်ကပေးတဲ့ အကယ်ဒမီနဲ့တင် ကျေနပ်နေပါပြီဆိုတဲ့ အိန္ဒြာကျော်ဇင်

Tue, 2018-03-13 18:44 -- zaythu

ဒီနှစ်အကယ်ဒမီရဲ့ အမျိုးသမီးဇာတ်ဆောင်ဆုနေရာမှာတော့ ပရိသတ်တွေတင်မကဘဲ အနုပညာရှင် အချင်းချင်းကပါ အကယ်ဒမီအိန္ဒြာကျော်ဇင်ကို တစ်ပေးနေကြတာဖြစ်ပါတယ်။

ရင်ဘတ်ထဲက ဓား ရုပ်ရှင်မှာ လုပ်ကွက်များစွာရတဲ့ အိန္ဒြာကျော်ဇင်အနေနဲ့ အနုပညာအချင်းချင်း တစ်ပေးနေတာကြောင့် ဝမ်းသာမိသလို ပရိသတ်တွေပေးတဲ့ အကယ်ဒမီနဲ့တင် ကျေနပ်နေပြီလို့ ဖွင့်ဟလာပါတယ်။

အကယ်ဒမီ ရဖို့အတွက်တော့ အများကြီး မျှော်မှန်းမထားပေမယ့်လည်း ရင်ဘတ်ထဲက ဓား ဇာတ်ကားအပေါ်မှာတော့ အကောင်းဆုံးသရုပ်ဆောင်ခဲ့တာကြောင့် ကိုယ့်ကိုယ်ကို ကျေနပ်မိတယ်လို့လည်း အကယ်ဒမီ အိန္ဒြာကျော်ဇင်က  ဆိုပါတယ်။

အကယ်ဒမီိရမရဆိုတာထက် သူ့ကိုချစ်တဲ့ပရိသတ်တွေကြောင့် အားရှိသလို အကယ်ဒမီရဖို့အပေါ်မှာ ပရိသတ်တွေ အများကြီးအာရုံမစိုက်ကြဖို့ကိုလည်း အိန္ဒြာကျော်ဇင်က ဆိုလာပါတယ်။
 
ရုပ်သံသတင်းထောက် - အေးမြတ်

Tuesday, March 13, 2018

Top News