ရန်ကုန်စီးပွားရေးတက္ကသိုလ်ရဲ့ကျောင်းတွင်းသင်္ကြန်

Tue, 2018-03-13 19:17 -- zaythu

လှိုင်နယ်မြေ ရန်ကုန်စီးပွားရေးတက္ကသိုလ်ရဲ့ ကျောင်းတွင်းသင်္ကြန်ပွဲတော်ကို ဒီကနေ့ မတ်လ ၁၃ ရက်နေ့ ရန်ကုန် စီးပွားရေးတက္ကသိုလ်ကျောင်းဝင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ကျောင်းသားကျောင်းသူတွေ ကို ခေါင်းဆောင်နိုင်စွမ်းရှိစေဖို့အတွက် ဒီပွဲတော်ကို ကျောင်းသားကျောင်းသူတွေကိုပဲ  ဦးစီးပြီး ကျင်းပပြုလုပ်စေတယ်လို့ ရန်ကုန်စီးပွားရေးတက္ကသိုလ် သင်တန်းရေးရာ ဌာနမှူးဦးသန်းစိုးဦးက ပြောပါတယ်။

လှိုင်နယ်မြေ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းတွင်းသင်္ကြန်ပွဲတော်ကို ပထမဦးဆုံးအကြိမ်ကျင်းပခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့ပွဲတော်မှာ အနုပညာရှင်တွေလည်း လာရောက်ဖျော်ဖြေခဲ့ကြပြီး သင်္ကြန်ယိမ်းအကတွေ မုန့်လုံးရေပေါ် အအေးစတဲ့စတုဒီသာကျွေးမွေးဧည့်ခံမှုတွေလည်း ရှိခဲ့တာပါ။

ရုပ်သံသတင်းထောက် - စောအောင်မင်းဦး

Tuesday, March 13, 2018