အကယ်ဒမီရမယ့် သူတွေထက် ပိုရင်ခုန်နေတဲ့ ဝါဝါဝင်းရွှေ

Wed, 2018-03-14 14:43 -- zaythu

အကယ်ဒမီအကဲဖြတ်အဖွဲ့ဥက္ကဌ ဖြစ်တဲ့ အကယ်ဒမီများရှင် ဝါဝါဝင်းရွှေကတော့ ဒီနှစ်အကယ်ဒမီအတွက် ရင်တွေခုန်နေပါတယ်။

အကယ်ဒမီဇာတ်ကားစာရင်းဝင် ၅၃ကားစလုံးကို အပြန်ပြန်အလှန်လှန်စိစစ်နေကြပြီး ၂၀၁၇ခုနှစ်ဟာ အနုပညာရှင် အတတ် ပညာရှင် များစွာ အားပြိုင်တဲ့နှစ် တစ်နှစ်လို့ အကယ်ဒမီဝါဝါဝင်းရွှေက ပြောပါတယ်။
 
ဇာတ်ကားတိုင်းမှာ သရုပ်ဆောင်တွေအနေနဲ့ တစ်နှစ်တစ်နှစ် ပိုမိုကောင်းမွန်တဲ့ အားစိုက်ကြိုးပမ်းမှုတွေကို အများကြီးတွေ့လာ ရသလို ဒါရိုက်တာပိုင်းမှာလည်း ထူးချွန်ပြောင်မြောက်တဲ့ ဇာတ်ကားဖန်တီးမှုများစွာကို  ရိုက်ကူးလာတာကိုလည်း တွေ့ရတယ်လို့ ပြောပါတယ်။
 
လာမယ့် မတ်လ ၂၃ ရက်မှာ ကျင်းပမယ့် ၂၀၁၇ ခုနှစ်ရဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားမှာတော့ ပရိသတ်တွေနဲ့ ထပ်တူကျမယ့် ထိုက်တန်တဲ့ အကယ်ဒမီဆုရှင်တွေကိုသာ ပေးအပ်ချီးမြှင့်သွားမှာဖြစ်လို့ အကောင်းဆုံးစိစစ်အကဲဖြတ်မှုတွေကို ပြုလုပ်နေတယ်လို့ အကယ်ဒမီဝါဝါဝင်းရွှေက ဆိုလာပါတယ်။
 
ရုပ်သံသတင်းထောက် - အေးမြတ်

Tuesday, March 13, 2018

Top News