မနက်ခင်းသတင်းစာ

Thu, 2018-03-15 11:33 -- zaythu

 မနက်ခင်း သတင်းစာ အစီအစဉ်က နေ့စဉ်ထုတ် 7Day Daily သတင်းစာမှာ ပုံနှိပ်ဖော်ပြပြီးဖြစ်တဲ့ သတင်းတွေထဲက အချို့ကို ကောက်နှုတ်တင်ဆက်သွားမှာ ဖြစ်ပါတယ်။

ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့ ဖာပွန်ခရိုင်အတွင်း တပ်မတော်နဲ့ KNU ကြားတိုက်ပွဲသတင်းနဲ့ RCSS နဲ့ TNLA တို့ကြားတိုက်ပွဲသတင်း၊ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသူဦးရေ (၅)သိန်းကျော်ရှိကြောင်း အစိုးရက ပထမဆုံးအကြိမ်သတင်းထုတ်ပြန်၊ လျပ်စစ်ဒုက္ခကို (၃)နှစ်အတွင်း ဖြေရှင်းဖို့ မူဝါဒချမှတ်၊ ယဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့တဲ့ မင်းမင်းဦးဇာတ်သဘင်အဖွဲ့အတွက် မြန်မာလိဂ်အသင်းပိုင်ရှင်တွေနဲ့ ဘောလုံးဥက္ကဌတို့က ကျပ်သိန်း(၁၅၀) လှုဒါန်း စတာတွေဖြစ်ပါတယ်။
မနက်ခင်း သတင်းစာ အစီအစဉ်ကို တနလာင်္နေ့မှ သောကြာနေ့အထိ နေ့စဉ် နံနက် ၈း ၃၀ အချိန်မှာ တင်ဆက်ပေးနေတာဖြစ်ပါတယ်။

Thursday, March 15, 2018

Top News