ယဉ်ကျေးမှုထိခိုက်တဲ့ဝတ်စားဆင်ယင်မှုရှိတဲ့မဏ္ဍပ်တွေပိတ်မယ်လို့ရန်ကုန်တိုင်းအစိုးရထုတ်ပြန်

Sun, 2018-03-18 14:19 -- zaythu

 မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိခိုက်တဲ့အပြောအဆို နဲ့ဝတ်စားဆင်ယင်မှုတွေ လုပ်တဲ့ သင်္ကြန် မဏ္ဍပ်တွေကို ချက်ချင်းပိတ်မယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

၁၃၇၉ခုနှစ် မဟာသင်္ကြန်မဏ္ဍပ်လျှောက်ထားသူတွေ လိုက်နာရမယ့် စည်းကမ်း(၄၅)ချက်ကို တိုင်းအစိုးရက ထုတ်ပြန်ထားတာပါ။

ရန်ကုန်တိုင်းအတွင်း သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ရာတွင် သင်္ကြန်အကြိုနေ့ မတိုင်မီ အပြီးဆောက်လုပ်ရမှာဖြစ်ပြီး ခွင့်ပြုထားတဲ့နေရာကို ကျော်လွန်ရင် ဆောက်လုပ်ခွင့် ရုပ်သိမ်းခံရမယ်လို့ လည်းဆိုထားပါတယ်။

ဒါ့အပြင် မဏ္ဍပ်ဆောက်ခွင့်ကို လွှဲပြောင်းခွင့်မရှိဖူးလို့ ထုတ်ပြန်ချက်မှာပါရှိပြီး မလိုက်နာရင် စပေါ်ငွေထဲက မဏ္ဍပ်အကြီးအတွက် သိန်း(၅၀)၊မဏ္ဍပ်အလတ်အတွက် သိန်း(၃၀) ပေးဆောင်ရမယ်လို့ ပါရှိပါတယ်။

အခုနှစ်အတွက် ရန်ကုန်မှာ သင်္ကြန်မဏ္ဍပ်ပေါင်း ၉၀ ကျော် ခွင့်ပြု ပေးသွားမယ်လို့ မြို့တော်စည်ပင်က ပြောပါတယ်။မဏ္ဍပ်တည်ဆောက်ခွင့်လျှောက်ထားလိုသူတွေအနေနဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ထံ ကို မတ်လ ၂၅ ရက် နောက်ဆုံးထားပြီးလျှောက်ထားနိုင်ကြောင်း သတင်းရရှိပါတယ်။

ရုပ်သံသတင်းထောက် - မြတ်သီဟမောင် 

Friday, March 16, 2018