MPT စေတနာ့ဝန်ထမ်းတွေရဲ့ လေးကြိမ်မြောက်သွေးလှူ ဒါန်းပွဲ

Sun, 2018-03-18 14:28 -- zaythu

 မြန်မာဆက်သွယ်ရေးအော်ပရေတာဖြစ်တဲ့ MPT က စေတနာ့ဝန်ထမ်းတွေရဲ့ နှစ်ပတ်လည်စုပေါင်း သွေးလှူ ဒါန်းပွဲကို ဒီကနေ့ မတ်လ ၁၆ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်မြို့က အမျိုးသားသွေးဌာနမှာ ပြုလုပ်ခဲ့တာပါ။

ဒီကနေ့ပြုလုပ်တဲ့ သွေးလှူ ဒါန်းပွဲဟာ လေးကြိမ်မြောက်ဖြစ်ပြီး လူဦးရေ လေးရာကျော် ပါဝင်လှူ ဒါန်းခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ သုံးကြိမ်မြောက်အထိ လူဦးရေ ၇၀၀ ကျော် လှူ ဒါန်းထားခဲ့တာဖြစ်ပြီ လက်ရှိအချိန်ထိ သွေလှူ ဒန်းထားသူ ၁၂၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။

ရန်ကုန်မှာ သွေးလှူ ဒါန်းပွဲကို ကျင်းပနေသလို တခြားတိုင်းနဲ့ပြည်နယ်တွေမှာလည်း တပြိုင်တည်းကျင်းပ နေတယ်လို့ သိရပါတယ်။


အများအတွက်အကျိုးရှိမယ့် လုပ်ငန်းတွေကို MPT က စေတနာဝန်ထမ်းတွေဟာ ပြည်သူတွေနဲ့ ပူးပေါင်းပြီး ပြုလုပ်ခဲ့တာတွေလည်းရှိခဲ့ပါတယ်။

MPT ဟာ မြန်မာနိုင်ငံမှာ အကြီးမားဆုံးကွန်ရက်ကိုပိုင်ဆိုင်ထားပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံးနဲ့ ထိပ်တန်းမှ ဦးဆောင်နေတဲ့ ဆက်သွယ်ရေးလုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်။

Sunday, March 18, 2018

Top News