လူဦးရေ ငါးရာကျော်ပါဝင်ခဲ့တဲ့ ယောဂနေ့ အခမ်းအနား

Sat, 2018-06-23 18:55 -- Nwe Mon Phyo

ဇွန် - ၂၃ ၊၂၀၁၈

အပြည်ပြည်ဆိုင်ရာယောဂနေ့အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ဦးစီးကျင်းပတာဖြစ်ပြီး ယောဂကစားသူပေါင်း ငါးရာကျော်ပါဝင်သရုပ်ပြခဲ့တယ်လို့ သိရပါတယ်။
ယောဂ ကစားသူ ဦးရေ ငါးရာကျော်ပါဝင်တဲ့ အပြည်ပြည်ဆိုင်ရာ ယောဂနေ့ အခမ်းအနားကို ဒီကနေ့ မနက်ပိုင်းက သုဝဏ္ဏအားကစားရုံမှာ ကျင်းပခဲ့တာပါ။ အိန္ဒိယသံရုံးက ဦးစီကျင်းပတာဖြစ်ပြီး မြန်မာနိုင်ငံမှာ ရှိတဲ့ ယောဂ အဖွဲ့အစည်း ၁၆ ဖွဲ့ကပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာယောဂ နေ့ အခမ်းအနားကို နှစ်စဉ်ကျင်းပနေတာဖြစ်ပြီး ဒီကနေ့ ကနေ့ တော့ ရန်ကုန်မြို့မှာ စတုတ္ထအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့ အခမ်းအနားကိုကျင်းပခဲ့တာပဲဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - စောအောင်မင်းဦး

Saturday, June 23, 2018