7Studio မှ ရိုက်ကူးတင်ဆက်ပါသည်။

Sun, 2018-06-24 16:57 -- Nwe Mon Phyo

ဇွန်-၂၄ ၊၂၀၁၈

အသေးစား အလတ်စားလုပ်ငန်းရှင်တွေ လုပ်ငန်းတွေကို ယုံကြည်မှုရှိရှိ ပိုမိုကောင်းမွန်စွာ လုပ်ကိုင်နိုင်စေဖို့ ရှန်ကျိုးကုမ္ပဏီရဲ့ နှစ် ၃၀ တာ လုပ်ငန်းဆိုင်ရာအတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေကို ဝေမျှသွားတဲ့ အစီအစဉ်ကို ပြုလုပ်ခဲ့ပါတယ်။

ဇွန် လ ၂၃ ရက်က ရန်ကုန်မြို့ Pan Pacific ဟိုတယ်မှာ ရှန်ကျိုးဖောင်ဒေးရှင်းနေ့ အခမ်းအနားမှာ ဒီအစီအစဉ်ကို ထည့်သွင်းကျင်းပခဲ့တာ ဖြစ်ပါတယ် ။

ရှန်ကျိုးကုမ္ပဏီလုပ်ငန်းစု အနေနဲ့ စီးပွားရေးသက်သက်မဟုတ်ပဲ လူ့အဖွဲ့အစည်းရဲ့ အကျိုးစီးပွားနဲ့ အနာဂတ်လူငယ်မျိုးဆက်သစ်ရဲ့ ပညာရေးနဲ့ လုပ်ငန်းကျွမ်းကျင်မှုအပေါ် အထူးဂရုပြုထားတာလို့လည်း ဆိုပါတယ် ။

ဒါကြောင့် ဇွန်လ ၂၂ ရက် နွှေမှာလည်း သဘာဝတရားရိပ်သာနဲ့ ခိုကိုးရာမဲ့ကိုယ်ဝန်ဆောင်တွေ၊ မိဘမဲ့ကလေးတွေအတွက် ဖွင့်ထားတဲ့ Mommy Cook ဂေဟာမှာ စင်ကာပူကုမ္ပဏီအချို့နဲ့ ပူးပေါင်းပြီးထောက်ပံ့လှူဒါန်းမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

ရှန်ကျိုးကုမ္ပဏီဟာ စင်ကာပူအခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်ပြီး ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကမ်းလွန်ပင်လယ်ပြင် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာများ တင်သွင်းဖြန့်ဖြူးရောင်းချပေးနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

ကင်မရာ -စောအောင်မင်းဦး

ရှန်ကျိုးဖောင်ဒေးရှင်းနေ့ အထိမ်းအမှတ် လုပ်ငန်းအတွေ့အကြုံမျှဝေပွဲ
Sunday, June 24, 2018