ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ဆက်လုပ်မယ်လို့ ဒီချုပ်ပါတီညီလာခံအပြီးမှာ ကြေညာ

Sun, 2018-06-24 19:57 -- Nwe Mon Phyo

ဇွန်-၂၄၊ ၂၀၁၈

ပြည်​သူ​တွေထိခိုက်​မှုအနည်းဆုံးပုံစံနဲ့၂၀၀၈ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေကိုပြင်​ဆင်​မယ်​လို့ ဒီချုပ်ပါတီရဲ့ ဒုတိယဥက္ကဌ​ဒေါက်​တာ​ဇော်​မြင့်​​မောင်​က​ ပြောပါတယ်​။
၂ရက်​တာပြုလုပ်​ခဲ့တဲ့NLDပါတီရဲ့နိုင်​ငံလုံးဆိုင်​ရာညီလာခံ အပြီး သတင်းစာရှင်းလင်းပွဲမှာ​ပြောခဲ့တာပါ။

ညီလာခံက​နေ ချမှတ်​လိုက်​တဲ့​ရှေ့လုပ်​ငန်းစဉ်​​တွေမှာ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေပြင်​ဆင်​​ရေးလည်းပါဝင်​နေတာ တွေ့ရပါတယ်။

အဲလိုပြင်​ဆင်​နိုင်​ဖို့အတွက်​ ပြည်​​ထောင်​စုငြိမ်းချမ်း​ရေးညီလာခံကိုပြုလုပ်​​နေတာလို့လည်း​ဒေါက်​တာ​ဇော်​မြင့်​​မောင်​က
ပြောကြားခဲ့တာပါ။

ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေကိုအပြည့်​အဝ မပြင်​ရမချင်း ဒီမူဝါဒကိုစွဲကိုင်​ထားမှာဖြစ်​တယ်​လို့ ပါတီဗဟိုအလုပ်​အမှူ​ဆောင်​အဖွဲ့အတွင်း​ရေးမှူးအဖွဲ့ဝင်​ ဦးဉာဏ်​ဝင်းက​ပြောပါတယ်​။

၂ရက်​တာပြုလုပ်​ခဲ့တဲ့ နိုင်​ငံလုံးဆိုင်​ရာပါတီညီလာခံမှာ ဗဟိုအလုပ်​အမှူ​ဆောင်​အဖွဲ့တိုးချဲ့ဖွဲ့စည်းတာ ဗဟို​ကော်​မတီဝင်​တိုးချဲ့ဖွဲ့စည်းတာ နိုင်​ငံ​ရေးအစီရင်​ခံစာတင်​သွင်းတာ စတာ​တွေကိုပြုလုပ်​ခဲ့ပါတာပါ။
ရုပ်သံသတင်းထောက်-အိမ့်မြတ်နိုးဇော်

Sunday, June 24, 2018