အမေရိကန်ရဲ့ အသက်အငယ်ဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလီယံနာ ဖြစ်လာမယ့် ခိုင်လီဂျန်နာ

Thu, 2018-07-12 17:14 -- Nwe Mon Phyo

ဇူလိုင် - ၁၂ ၊၂၀၁၈

ရုပ်မြင်သံကြား အစီအစဉ် မှူး ခိုင်လီ ဂျန်နာဟာ အမေရိကန်ရဲ့ အသက်အငယ်ဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလီယံနာ သူဌေး ဖြစ်လာမယ်လို့ Forbes မဂ္ဂဇင်းက ဖော်ပြခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က သူစတင် ထူထောင်ခဲ့တဲ့ Kylie Cosmetics အလှကုန်ပစ္စည်း ကုမ္ပဏီရဲ့ မြန်မြန်ဆန်ဆန် တိုးတက် အောင်မြင်မှုတွေကြောင့် ဂျန်နာရဲ့ ချမ်းသာ ကြွယ်ဝမှုတွေ တဟုန်ထိုး မြင့်တက်လာတယ်လို့ ကမ္ဘာကျော် စစ်တမ်း မဂ္ဂဇင်းကြီးက ဆိုပါတယ်။

ဒီကုမ္ပဏီဟာ ဂျန်နာရဲ့ ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်မှုအောက်မှာ ရှိနေပြီး လောလောဆယ်မှာ ဒေါ်လာ သန်း ၈၀၀ လောက် ဈေးကွက်တန်ကြေး ရှိနေပါပြီ။

လက်ရှိ တိုးတက်မှုအတိုင်း ရှေ့ဆက်နေရင် အသက် ၂၀ အရွယ် ဂျန်နာဟာ မကြာခင်မှာပဲ ဘီလီယံနာ တစ်ယောက် ဖြစ်လာမယ်လို့ Forbesက မှတ်ချက်ပေးထားပါတယ်။

ခိုင်လီရဲ့ တခြားသော ပိုင်ဆိုင်မှုတွေကိုပါ ထည့်ပေါင်းရင် ကြွယ်ဝမှုတန်ဖိုး ဒေါ်လာ သန်း ၉၀၀ လောက် ရှိနိုင်မယ်လို့ Forbesက ခန့်မှန်းထားပြီး လာမယ့်နှစ်လောက် အတွင်းမှာတင် သူဟာ ဘီလီယံနာ စာရင်းဝင်လာနိုင်တယ်လို့လည်း ဖော်ပြသွားပါတယ်။

Thursday, July 12, 2018