World News

  • Thu 22 Jun 2017 - 13:19
    ဗြိတိန်နိုင်ငံတွင် ကရိန်းစင်ကြီးတစ်ခု ပြိုကျရာ လူနှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။
  • Thu 22 Jun 2017 - 12:25
    ထိုင်းဘုရင်ကို ကစားစရာ လေသေနတ်ဖြင့် လှမ်းပစ်သည့် ဆယ်ကျော်သက် လူငယ်နှစ်ဦးကို ဂျာမန် အစိုးရ ရှေ့နေများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း အတည်ပြုခဲ့သည်။ 
  • Thu 22 Jun 2017 - 11:55
    မက္ကဆီကိုနှင့် နယ်နိမိတ်တလျှောက် တည်ဆောက်မည့် တံတိုင်းကြီးတွင် နေရောင်ခြည် စွမ်းအင် ခံယူသည့် ဆိုလာပြားများ တပ်ဆင်သွားရန် အစီအစဉ်ရှိကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့သည်။ အမေရိကန်သို့ တရားမဝင် ခိုးဝင်လာသည့် ရွှေ့ပြောင်းလုပ်သားများကို တားဆီးရန်အတွက် မက္ကဆီကိုနှင့် နယ်ခြားတလျှောက် တံတိုင်းတစ်ခု တည်ဆောက်ကာကွယ်ပြီး ယင်းအတွက် ကျသင့်ငွေကို မက္ကဆီကိုဘက်က ပေးချေရမည်ဆိုသော ကြွေးကြော်မှုသည် ထရမ့်၏ ရွေးကောက်ပွဲကြို အငြင်းပွားစရာ အကောင်းဆုံး နှုတ်ကတိတစ်ခု ဖြစ်ခဲ့သည်။
  • Thu 22 Jun 2017 - 11:37
    အိုင်အက်စ် စစ်သွေးကြွများသည် မိုဆူးလ်မြို့၏ အထင်ကရ ဗလီကြီးကို ဗုံးခွဲ ဖျက်ဆီးပစ်လိုက်ကြောင်း အီရတ် စစ်တပ်က ပြောကြားခဲ့သည်။
  • Wed 21 Jun 2017 - 21:12
    အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ယူကရိန်းသမ္မတပိုရိုရှန် ကိုနှင့် ဝါရှင်တန်တွင် တွေ့ဆုံကာ ရုရှားထောက်ခံသော သူပုန် များနှင့် ယူကရိန်းတပ်ဖွဲ့များ ထိပ်တိုက်တွေ့နေသော ယူကရိန်း အရှေ့ပိုင်းပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းရေး ဆွေးနွေးခဲ့ကြသည်ဟု အိမ်ဖြူတော်ကပြောသည်။
  • Wed 21 Jun 2017 - 21:11
    ဇွန်လ ၁၉ ရက်က ဘော်လတစ် ပင်လယ်ပြင်ပေါ် တွင် ရုရှားဂျက်လေယာဉ်တစ်စီး သည် အမေရိကန်ကင်းထောက် လေယာဉ်တစ်စီးနှင့် ငါးပေအကွာအဝေးအတွင်းမှ ပျံသန်းခဲ့ကြောင်း အမေရိကန်အရာရှိများ က ပြောသည်။ ရုရှားလေယာဉ်မှူး၏ ထိန်း ချုပ်မောင်းနှင်ပုံ ညံ့ဖျင်းမှုနှင့် အရှိန်နှုန်းမြင့်မြင့်ဖြင့် အနီးကပ် ပျံသန်းမှုကြောင့် လေယာဉ်နှစ်စီး  တိုက်မိမလိုဖြစ်ခဲ့သည်ဟု ထင်မှတ်ခဲ့ရကြောင်း တာဝန်ရှိသူများ က ပြောသည်။  သို့သော် အမေရိကန်၏ ပြောဆိုမှုကို ရုရှားက ဆင်ခြေတက်ခဲ့ပြီး အမေရိကန် ကင်း ထောက်လေယာဉ်က ၎င်းတို့ဂျက်လေယာဉ်ကို လာဆွခဲ့သည် ဟုဆိုသည်။
  • Wed 21 Jun 2017 - 21:10
    ဂျပန်ရေပိုင်နက်အတွင်း အမေရိကန်သင်္ဘောသား ခုနစ်ဦး သေဆုံးခဲ့သည့် အမေရိကန်စစ် သင်္ဘောတစ်စီးနှင့် တိုက်မိခဲ့သော ဖိလစ်ပိုင်အလံလွှင့်ထူထားသည့် ကွန်တိန်နာသင်္ဘောရှိ အမှုထမ်းများကို ကန်ကမ်းခြေစောင့်တပ် က မေးမြန်းစစ်ဆေးခဲ့သည်။ အမေရိကန်ကမ်းခြေစောင့် တပ်၏ စုံစမ်းစစ်ဆေးမှုသည် ပဲ့ ထိန်းဒုံးကျည်တပ်ဆင်ထားသော ဖျက်သင်္ဘော ယူအက်စ်အက်စ် ဖစ်ဇ်ဂါရဲလ်ဒ်နှင့် များစွာပိုကြီး သော အေစီအက်စ်ခရစ္စတဲလ် သင်္ဘောတို့ တိုက်မိမှုကို စုံစမ်း စစ်ဆေးနေမှုများစွာအနက် တစ်ခုဖြစ်သည်။
  • Wed 21 Jun 2017 - 21:09
     ပါဆယ်ထုတ်လာသည့် ခေါက်ဆွဲကြော်နှစ်ပွဲအနက် တစ် ပွဲတွင် မြွေပါလာကြောင်း အမျိုး သားတစ်ဦးက တိုင်တန်းခဲ့ပြီး နောက် တရုတ်နိုင်ငံရှိ စား သောက်ဆိုင်တစ်ဆိုင်သည် ပိတ်သိမ်းရန် ညွှန်ကြားခြင်းခံရ ကြောင်း တရုတ်သတင်းမီဒီယာ က ဖော်ပြသည်။ တရုတ်နိုင်ငံတောင်ပိုင်း ဂွမ် ဆီဇောင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ နန်နင်းမြို့ရှိ တက္ကသိုလ် ကျောင်းသူတစ်ဦးသည် စား သောက်ဆိုင်တစ်ဆိုင်မှ ခေါက်ဆွဲ နှစ်ပွဲ ဝယ်ယူလာပြီး အဆောင် ရောက်သောအခါ တစ်ပွဲကို သူငယ်ချင်းအား ပေးခဲ့သည်။
  • Wed 21 Jun 2017 - 21:08
    အိမ်နီးချင်း မြောက်ကိုရီး ယား၏ ဒုံးကျည်တိုက်ခိုက်မှု မှန်သမျှကို ဂျပန်နိုင်ငံက တိုက်ဖျက်ရန် အသင့်ရှိကြောင်း သေချာစေမည့် လုပ်ရပ်ဟုပြောသော ဒုံးကျည်ကာကွယ်ရေး လေ့ကျင့်မှု တစ်ခုကို ဂျပန်အစိုးရက အများပြည်သူရှေ့၌လုပ်ဆောင်ခဲ့သည်။ PAC-3 Patriot လက်နက် စနစ်ကို တိုကျိုမြို့အနီးရှိ အလက်စကာ ကိုယ်ပိုင်ကာကွယ်ရေးတပ်အခြေစိုက်စခန်းသို့ ရွှေ့ ပြောင်းကာ ယင်း၏ ရေဒါစနစ်ကို ချထားပြီး ဒုံးကျည်ပစ်စင်ကို ပစ်လွှတ်မည့် အနေအထားအ တိုင်း ချိန်ထားလိုက်သည်။
  • Wed 21 Jun 2017 - 13:03
    ဆော်ဒီအာရေးဘီးယား ဘုရင်သည် အိမ်ရှေ့မင်းသားကို ရာထူးမှ ဖယ်ထုတ်ကာ သားဖြစ်သူကို အစားထိုး ခန့်အပ်လိုက်ကြောင်း သိရသည်။
  • Wed 21 Jun 2017 - 13:02
    ဆီးရီးယားပိုင်နက် ဝေဟင်တွင် ပျံသန်းနေသည့် အီရန်လုပ် မောင်းသူမဲ့လေယာဉ် (ဒရုန်း) တစ်စီးကို အမေရိကန်က ပစ်ချခဲ့ကြောင်း သိရသည်။
  • Wed 21 Jun 2017 - 11:45
    အိန္ဒိယ စက်မှုလုပ်ငန်းစုကြီး Tataသည် F-16 တိုက်လေယာဉ်များကို အိန္ဒိယတွင် တပ်ဆင် ထုတ်လုပ်ရန် သဘောတူညီမှုကို Lockheed Martin ကုမ္ပဏီနှင့် ညှိနှိုင်း ရယူနိုင်ခဲ့ကြောင်း သိရသည်။
  • Wed 21 Jun 2017 - 11:19
    အသေခံ ဗုံးခွဲမှု ကျူးလွန်ရန် ကြံစည်နေကြောင်း သံသယရှိသူ တစ်ဦးကို ဘယ်လ်ဂျီယံ လုံခြုံရေး တပ်ဖွဲ့ဝင်များက ပစ်ခတ် သုတ်သင်ခဲ့ကြောင်း သိရသည်။
  • Tue 20 Jun 2017 - 15:05
    ဆီးရီးယား တိုက်လေယာဉ်ကို ပစ်ချခဲ့ခြင်းအတွက် ဆိုးရွားသော အကျိုးဆက်များ ကြုံလာနိုင်ကြောင်း ရုရှားက အမေရိကန်ကို သတိပေးခဲ့သည်။
  • Tue 20 Jun 2017 - 12:43
    ရထားတစ်စီးပေါ်တွင် ဆယ်ကျော်သက် မိန်းကလေးငယ်တစ်ဦး အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု ခံရခြင်းနှင့် ပတ်သက်ပြီး အိန္ဒိယ ရဲတပ်ဖွဲ့က စုံစမ်းနေကြောင်း သိရသည်။
  • Tue 20 Jun 2017 - 12:32
    ပေါ်တူဂီ နိုင်ငံတွင် တောမီးများ ပြင်းပြင်းထန်ထန် ကူးစက် လောင်ကျွမ်းနေပြီး ရာသီဥတုကလည်း အခြေအနေကို ပိုမိုဆိုးရွားအောင် တွန်းအားပေးနေကြောင်း သိရသည်။
  • Tue 20 Jun 2017 - 12:04
    မြောက်ကိုရီးယားတွင် ၁၅ လကြာမျှ ဖမ်းဆီးထိန်းသိမ်း ခံထားရပြီး ပြန်လွတ်လာသည့် အမေရိကန် ကျောင်းသားမှာ ယခုအခါ သေဆုံးသွားပြီဟု သိရသည်။ အသက် ၂၂ နှစ်အရွယ် အော့တို ဝမ်ဘီရာသည် ကိုမာဝင်ကာ သတိမေ့မြောနေသည့် အခြေအနေဖြင့် အမေရိကန်သို့ ပြန်လည် ရောက်ရှိလာပြီးနောက် တစ်ပတ်မျှအကြာ ဇွန် ၁၉ ရက်တွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။
  • Tue 20 Jun 2017 - 01:20
    ကမ္ဘာပေါ်တွင် လူပေါင်း ၆၅ ဒသမ ၆ သန်းသည် ဒုက္ခသည်များ အဖြစ်လည်းကောင်း၊ ခိုလှုံခွင့်တောင်းခံသူများအဖြစ်လည်းကောင်း ပြည်တွင်းမှာပင် နေရပ်ရွှေ့ပြောင်းနေရသူများအဖြစ် ရှိနေကြပြီး ယင်းမှာ စံချိန်တင်အရေအတွက်ဖြစ်သည်ဟု ကုလ သမဂ္ဂ ဒုက္ခသည်အေဂျင်စီက ပြောသည်။
  • Tue 20 Jun 2017 - 01:19
    အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အောက်စ်နက်ဒ်မြို့တွင် ထော ပတ်သီးထုတ်လုပ်သော ကုမ္ပဏီမှ အမျိုးသားဝန်ထမ်းသုံးဦးသည် အမေရိကန်ဒေါ်လာသုံးသိန်း တန် ဖိုးရှိသော ထောပတ်သီးများကို ခိုးယူခဲ့သည်ဟု ယူဆကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ထိုထောပတ်သီးများကို ခိုးယူခဲ့သည်ဟု သံသယရှိသူ ကား လို့စ်ချာဗီ၊ ရာဟင်မ်လီဘလန်နှင့် ဂျိုဆက်ဖ်ဗန်နီဇူလာတို့ကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးခဲ့ကြောင်း VenturalCounty ဒေသဆိုင်ရာ ငြိမ်ဝပ်ပိ ပြားရေးဌာနက  ပြောသည်။
  • Tue 20 Jun 2017 - 01:18
    ဥမင်လိုဏ်ခေါင်းတစ်ခု ကို အသုံးပြုကာ ဘာလီကျွန်းရှိ ကီရိုကိုဘန် အကျဉ်းထောင်မှ ထွက်ပြေး လွတ်မြောက်သွား သော နိုင်ငံခြားသားအကျဉ်းသား လေးဦးကို အင်ဒိုနီးရှားရဲတပ်ဖွဲ့ က ရှာဖွေနေသည်။ လွတ်မြောက်နေသည့် နိုင်ငံ ခြားသား အကျဉ်းသားလေးဦးမှာ သြစတြေးလျ၊ ဘယ်လ်ဂျီယံ၊ အိန္ဒိယနှင့် မလေးရှားလူမျိုးများ ဖြစ်ပြီး ယင်းလေးဦးစလုံး ဘာလီ ကျွန်းပေါ်၌ ရှိနေဆဲဖြစ်သည်ဟု ယုံကြည်ကြောင်း ထောင်မှူး တိုနီနိုင်ဂိုလန်က ပြောသည်။

Pages

Subscribe to World News