World News

  • Sat 18 Nov 2017 - 20:58
    ဇင်ဘာဘွေနိုင်ငံတွင် သမ္မတမူဂါဘီ နုတ်ထွက်ရေး ကန့်ကွက် ဆန္ဒပြသူများသည် မူဂါဘီ၏ အာဏာချုပ်ကိုင်မှုကို အဆုံးသတ်သော စစ်တပ်အား ဂုဏ်ပြုခြင်းအခမ်းအနားများအဖြစ် ပြောင်းလဲသွားပြီး မြို့တော်ဟာရေးရေး၌ ၀မ်းမြောက်ပျော်ရွှင်နေသော ပြည်သူများက စစ်သားများကို ပွေ့ဖက်အားပေးခဲ့သည်။
  • Sat 18 Nov 2017 - 20:58
    ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ပြဿနာကြောင့် ဖြစ်ပေါ်လာသော မသေချာ မရေ ရာသည့် ကြားဖြတ်ရွေးကောက်ပွဲ အတွင်း အတိုက်အခံလေဘာပါ တီသည် ပခုံးချင်းယှဉ်နေကြောင်း စစ်တမ်းအသစ်တစ်ရပ်က ဖော်ပြ ပြီးနောက် ဩစတြေးလျ၏ ကွန် ဆာဗေးတစ်ညွန့်ပေါင်းအစိုးရအ ဖွဲ့သည် အာဏာဆုံးရှုံးရနိုင်သည့် အန္တရာယ်ကျရောက်နေသည်။ လွှတ်တော်၏ အစိုးရအဖွဲ့ ၀င် ဂျွန်အလက်ဇန်းဒါးသည် ဗြိ တိန်နိုင်ငံသားလည်း ခံယူထားပြီး နှစ်နိုင်ငံသား ခံယူထားသည်ဟု ကြေညာခဲ့ပြီးနောက် ရာထူးမှ ထွက်ပေးရသဖြင့် ဘန်နီလောင်း မဲဆန္ဒနယ်အတွက် အမတ်နေရာ ယှဉ်ပြိုင်ရန် ကြားဖြတ်ရွေး ကောက်ပွဲတစ်ရပ်ကို ဆစ်ဒနီမြို့ တွင် ကျင်းပမည်ဖြစ်သည်။
  • Sat 18 Nov 2017 - 20:57
    ထိုင်းနိုင်ငံတွင် နေ အိမ်သန့်စင်ခန်းအတွင်း ပေ ၂၀ အရှည်ရှိသော စပါးအုံးမြွေတစ် ကောင်ကို တွေ့ရှိရာ မြွေဖမ်းသူ များ ခေါ်ယူဖမ်းဆီးခဲ့ရသည်။ ချိုဘူရီပြည်နယ် မူအန်ချိုဘူ ရီခရိုင်တွင်နေထိုင်သော အသက်(၃၇)နှစ်အရွယ် ကလေးနှစ်ဦး မိခင် ချာလီဒါသာဝီပိုလ်က နေ အိမ်သန့်စင်ခန်းအတွင်း အဆိုပါ ကြီးမားသော စပါးအုံးမြွေကိုတွေ့ ရှိသောကြောင့် မြွေဖမ်းသူ သာ မာဆာထရီမာနီရတ်ကို နေအိမ် သို့ ခေါ်ဆောင်ခဲ့သည်။
  • Sat 18 Nov 2017 - 20:56
    အမှုထမ်း ၄၄ ဦး လိုက်ပါသွားပြီး ခုနစ်ရက်ကြာရေဒီယိုလိုင်းဆက်သွယ်မှု ပြတ် တောက်နေသော ရေငုပ်သင်္ဘော တစ်စီးကို အာဂျင်တီးနားရေတပ် က တောင်အတ္တလန္တိတ်တွင် အ ရှိန်မြှင့်ရှာဖွေနေသည်။  ဆန်ဟွန်ရေငုပ်သင်္ဘောကို တတ်နိုင်သမျှ အမြန်ဆုံးရှာတွေ့ နိုင်ရေး အာဂျင်တီးနားနိုင်ငံနှင့် နိုင်ငံတကာရင်းမြစ်များအားလုံး ကို ချထားအသုံးပြုနေကြောင်း သမ္မတမော်ရီကိုမာခရီက ပြော သည်။
  • Sat 18 Nov 2017 - 20:55
     မြောက်ကိုရီးယား ဒုံး ကျည်များကို ပစ်မှတ်ထားရာတွင် အသုံးပြုနိုင်ဖွယ်ရှိသည့် တောင် ကိုရီးယားဒုံးကျည်စနစ်တစ်ခုကို ဖွံ့ဖြိုးတိုးတက်ရေး ဖန်တီးရန် ကန်ဒေါ်လာ သန်းရှစ်ရာကျော် ကုန်ကျမည်ဖြစ်သည်။ အမြင့် ၁၂ ဒသမ ၄ မိုင်ခန့်မှ ပျံသန်းလာသော ပဲ့ထိန်းဒုံးကျည်များကို ဖျက်ဆီးနိုင်သည့် စွမ်းပ ကားရှိမည့် ယင်းစနစ်ကို ဖွံ့ဖြိုး တိုးတက်ရန် လုပ်ဆောင်ရေး တောင်ကိုရီးယား၏ အစီအစဉ် သည် မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်တပ် ပထမဆုံး ရေငုပ်သင်္ဘော ချထားရေးအစီအစဉ် ပေါ်ထွက်လာချိန်တွင် ဖြစ်ပေါ် လာခြင်းဖြစ်သည်။
  • Sat 18 Nov 2017 - 13:50
    အာဂျင်တီးနား ရေတပ်၏ ရေငုပ်သင်္ဘောတစ်စီး ပျောက်ဆုံးနေမှုကြောင့် လိုက်လံ ရှာဖွေနေကြောင်း သိရှိရသည်။
  • Sat 18 Nov 2017 - 13:24
    ကောင်းကင်ယံတွင် အမေရိကန် ဂျက်တိုက်လေယာဉ် တစ်စီးက မီးခိုးတန်းဖြင့် အမျိုးသား လိင်အင်္ဂါပုံစံ ရေးဆွဲပြသွားသည့် လုပ်ရပ်မှာ သည်းမခံနိုင်စရာဖြစ်ကြောင်း အမေရိကန် ရေတပ်က ကြေညာခဲ့သည်။
  • Fri 17 Nov 2017 - 20:44
    တီဟီရန်၏ ဒေသဆိုင်ရာ မူဝါဒအပေါ် ဘက်လိုက်သော ရပ်တည်မှုဖြင့် ပြင်သစ်နိုင်ငံသည် အရှေ့အလယ်ပိုင်း တင်းမာမှုများကို လောင်စာဖြည့်ပေးနေကြောင်း အီရန်က စွပ်စွဲပြောကြားသည်။ အရှေ့အလယ်ပိုင်းအကျပ်အတည်းတွင် အီရန်၏ ပါဝင်ပတ်သက်မှုနှင့် အငြင်းပွားဖွယ်ရာ ဒုံးကျည်အစီအစဉ်အပေါ် ပြင်သစ်နိုင်ငံ က စိုးရိမ်ပူပန်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး လီဒရိန်းက ယမန်နေ့တွင်ပြောသည်။
  • Fri 17 Nov 2017 - 20:43
     မလေးရှားနိုင်ငံ တွင် ပြီးခဲ့သည့်လက ဟောလိုးဝင်းပါတီတစ်ခုသို့ အသေခံဗုံးခွဲသမားဝတ်စုံဖြင့် တက်ရောက်လာသော ယီမင်နိုင်ငံသားတစ်ဦး ကို ရာဇဝတ်တရားရုံးက ဒဏ်ကြေးငွေ ကန် ၉၆ ဒေါ်လာပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။ အသက် (၃၄)နှစ်အရွယ် အမာဂျာဂျလာလ်အာမတ်အယ်လ်ဒါဟန်သည် အိုင်တီနည်းပညာ ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဖြစ်ပြီး ၎င်းသည် ပြည်သူများအား စိတ် အနှောင့်အယှက်ဖြစ်စေခြင်း ပြစ်မှုဖြင့် တရားစွဲဆိုခံရခြင်း ဖြစ် သည်။
  • Fri 17 Nov 2017 - 20:43
     ကုလသမဂ္ဂ၏ တား ဆီးပိတ်ဆို့မှု အသစ်များရှိနေ သော်လည်း မြောက်ကိုရီးယားက ၎င်းတို့နိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမား ၃,၅၀၀ ကို ရုရှားနိုင်ငံတွင် ဆက်နေခွင့်ရရေး ရုရှားလွှတ်တော်ထံ တောင်းဆိုထားကြောင်း ရုရှားလွှတ်တော်အမတ်တစ်ဦးကို ကိုးကား၍ Interfax သတင်းဌာနက ဖော်ပြသည်။ စက်တင်ဘာ ၁၁ ရက်က ပြုံယမ်း၏ ပဲ့ထိန်းဒုံးကျည်နှင့် နျူ ကလီးယားစီမံကိန်းများနှင့် ပတ် သက်၍ ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ချမှတ်သော ပိုပြင်း ထန်သည့် အရေးယူမှုများတွင်  မြောက်ကိုရီးယား နိုင်ငံသားများ အတွက် အလုပ်လုပ်ခွင့်ပါမစ် အ သစ်များ မပေးရန် နိုင်ငံများကို တားမြစ်ထားသော်လည်း ယခင်ရှိပြီးသား အလုပ်သမားများအား အလုပ်လုပ်ပြီး ဆက်နေခွင့်ပြု ထားသည်။
  • Fri 17 Nov 2017 - 20:42
    ဆရာဝန်များ၏ ကျန်းမာရေးဆိုင်ရာ သတိပေး ချက်များရှိသော်လည်း ပြိုင်ပွဲကို နောက်ဆုတ်ကျင်းပရေး အမိန့်ထုတ်ရန် တရားရုံးက ငြင်းဆိုပြီး နောက် ဒေလီတာလတ်မာရသွန်အပြေးပြိုင်ပွဲကို စီစဉ်ထားသည့် အတိုင်း နိုဝင်ဘာ ၁၉ ရက်တွင် ကျင်းပမည်ဖြစ်သည်။  လေထုညစ်ညမ်းမှုအဆင့် အထွတ်အထိပ် ရောက်ခဲ့ပြီး နောက် အိန္ဒိယဆေးဘက်ဆိုင်ရာ အဖွဲ့အစည်း(IMA) က ယင်းပြိုင် ပွဲကို ရက်ရွှေ့ဆိုင်းရန် ဒေလီဗဟိုတရားရုံးချုပ်ထံ တောင်းဆိုခဲ့ သည်။
  • Fri 17 Nov 2017 - 20:41
     တောင်ကိုရီးယားနိုင်ငံ ကို ရိုက်ခတ်နေသော အကျင့် ပျက်ခြစားမှု အရှုပ်တော်ပုံကျယ် ပြန့်လာစဉ် ထုတ်ပယ်ခံရသော သမ္မတပက်ဂွန်ဟေး၏ အရာရှိများကို လာဘ်ငွေ ကန်ဒေါ်လာ သန်းပေါင်းများစွာ ပေးခဲ့ကြောင်း သံသယရှိသဖြင့် တောင်ကိုရီး ယား ထောက်လှမ်းရေးအေဂျင်စီအကြီးအကဲဟောင်းနှစ်ဦးကို နိုဝင်ဘာ ၁၇ ရက်က ဖမ်းဆီးခဲ့သည်။  အမျိုးသားထောက်လှမ်း ရေးဌာန (NIS)  အကြီးအကဲ ဟောင်း နမ်ဂျေဂျွန်နှင့် လီဗြောင်ကီတို့သည် ၎င်းတို့ အေဂျင်စီ၏ ရန်ပုံငွေ ကန်ဒေါ်လာ ၃ ဒသမ ၆၃ သန်းကို အလုပ်အကိုင်ရာထူး တိုးတက်မှုအတွက် မစ္စစ်ပက်၏အရာရှိများအား လစဉ်ပေးအပ်ခဲ့ကြောင်း စွပ်စွဲခံရသဖြင့် ဖမ်း ဆီးခံရခြင်းဖြစ်သည်။
  • Fri 17 Nov 2017 - 10:48
    ဘူတာမှထွက်ချိန် စက္ကန့်ပိုင်းမျှ အလွဲအချော် ဖြစ်သွားသည့်အတွက် ဂျပန် ရထားကုမ္ပဏီ တစ်ခုက ခရီးသည်များကို ပြန်လည် တောင်းပန်ခဲ့ကြောင်း သိရသည်။
  • Fri 17 Nov 2017 - 10:45
    စစ်တပ်၏ ထိန်းသိမ်းခြင်း ခံထားရပြီးနောက်ပိုင်း ဇင်ဘာဘွေ သမ္မတ ရောဘတ်မူဂါဘီ၏ ဓာတ်ပုံများ ပထမဆုံးအကြိမ် ပြန်လည် ထွက်ပေါ်လာခဲ့သည်။
  • Thu 16 Nov 2017 - 11:17
    ဂရိနိုင်ငံ အလယ်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ရာ အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
  • Thu 16 Nov 2017 - 11:15
    နိုက်ဂျီးရီးယား နိုင်ငံတွင် အသေခံ ဗုံးသမား လေးဦး၏ ဖြန့်ကျက် တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
  • Thu 16 Nov 2017 - 11:13
    ဇင်ဘာဘွေနိုင်ငံ၏ မြို့တော် ဟာရာရီကို စစ်တပ်က ထိန်းချုပ်ထားပြီးနောက် သမ္မတ ရောဘတ် မူဂါဘီကို နေအိမ် အကျယ်ချုပ်ဖြင့် ထားရှိကြောင်း သိရသည်။
  • Wed 15 Nov 2017 - 21:31
    တောင်ကိုရီးယားနိုင်ငံတွင် မဂ္ဂနီကျုဒ် ၅ ဒသမ ၄ အင်အားရှိ မြေငလျင်တစ်ခု ရှားရှားပါးပါးလှုပ်ခတ်ခဲ့ပြီး အဆောက်အအုံများ ခါယမ်းခဲ့ကာ ပျက်စီးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု ကြီးကြီးမားမား မရှိခဲ့ပေ။ သမိုင်းတွင် ဒုတိယအင်အားအပြင်းဆုံး ငလျင်ဖြစ်သော်လည်း နျူကလီးယားဓာတ်ပေါင်းဖိုများ လည်ပတ်မှု ထိခိုက်မှုမရှိဟု တာဝန်ရှိသူများကပြောသည်။
  • Wed 15 Nov 2017 - 21:30
    အစိုးရနှင့် ဖာ့စ်သူပုန် ကြား ငြိမ်းချမ်းရေးသဘောတူညီ ချက်ရရှိရေး ပုံဖော်ခဲ့သော အထူး ခုံရုံးအဖွဲ့ကြားနာမှုသည် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေနှင့် ကိုက်ညီကြောင်း နိုဝင်ဘာ ၁၄ ရက် နှောင်းပိုင်းချမှတ်ခဲ့သော အမိန့်တစ်ရပ်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတရားရုံးက ပြော သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ကွန်ဂရက်၌ မဲမပေးမီ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတရားရုံးက ယခုကဲ့သို့ဆုံးဖြတ်ခြင်းဖြစ်သည်။
  • Wed 15 Nov 2017 - 21:29
    အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ သူခိုးများသည် လေးလအ တွင်း ၎င်းတို့ တူးထားသော ၂၄ ပေ အရှည်ရှိ ဥမင်လိုဏ်ခေါင်းက တစ်ဆင့် အစိုးရပိုင်ဘဏ်တစ်ခု ကို ဖောက်ထွင်းခဲ့သည်။ ငွေသားနှင့် လက်ဝတ်ရတ နာပစ္စည်းများ အခိုးခံရကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

Pages

Subscribe to World News