World News

  • Mon 09 Oct 2017 - 22:26
    အသားအရေထိန်းသိမ်းမှုဆိုင်ရာ အလှကုန်ပစ္စည်းများ ရောင်းချသော Dove ကုမ္ပဏီသည် လူမည်းအမျိုးသမီးတစ်ဦး တီရှပ်အင်္ကျီကို ချွတ်လိုက်သောအခါ လူဖြူအမျိုးသမီးအဖြစ် ပြောင်းလဲသွားသည့် ရေချိုးဆပ်ပြာကြော်ငြာ ဖော်ပြပြီးနောက် ပြန်လည်တောင်းခဲ့ရသည်။ Unilever ကုမ္ပဏီက ပိုင် ဆိုင်သော Dove ကုမ္ပဏီသည် အောက်တိုဘာ ၈ ရက်တွင် အမျိုးသမီးအားလုံး၏ အသားအရောင် ကို ကိုယ်စားပြုခြင်းအားဖြင့် ရည်ညွှန်းဖော်ပြရာတွင် ယင်းသို့ လွဲချော်ခဲ့သည်။
  • Mon 09 Oct 2017 - 22:25
    ၂၀၁၄ က ခရိုင်းမီး ယားဒေသကို ကရင်မလင်အစိုးရ က ၎င်းတို့ပိုင်နက်ထဲ သွတ်သွင်း ပြီးနောက် ပင်လယ်နက်တွင် ကြီး ထွားလာသော ရုရှားအင်အား ကန့်သတ်ရန်နှင့် နေတိုးအဖွဲ့၏ အရှေ့ဘက်ခြမ်း တစ်လျှောက် ရုရှားကို တုံ့ပြန်ရေး နောက်ဆုံး ဆောင်ရွက်မှုအဖြစ် နေတိုးအဖွဲ့ က ရိုမေးနီးယားနိုင်ငံတွင် တပ်ပေါင်းစုတပ်ဖွဲ့သစ် ဖွဲ့စည်းပေးခဲ့ သည်။ ‘‘ကျွန်တော်တို့ရဲ့ ရည်ရွယ် ချက်က ငြိမ်းချမ်းရေးဖြစ်ပါတယ်။ စစ်ပွဲမဟုတ်ပါဘူး’’ဟု ဘူချာရက် မြို့တွင် ပြုလုပ်သော နေတိုးအဖွဲ့ လွှတ်တော်ညီလာခံ အစည်းအ ဝေး၌ ရိုမေးနီးယားသမ္မတ ကလော့စ်အိုင်အိုဟန့်နစ်က ပြော သည်။
  • Mon 09 Oct 2017 - 22:24
    နယူးယောက်မြို့ မြေ အောက်ဘူတာရုံနှင့် တိုင်းမ်စကွဲ ရင်ပြင်၌ အကြမ်းဖက်တိုက်ခိုက် ရန် ကြံစည်မှုနှင့် ပတ်သက်၍ ဖိလစ်ပိုင် ဆရာဝန်တစ်ဦးကို အမေရိကန်အစိုးရက အလိုရှိနေ ကြောင်း ဖိလစ်ပိုင်စစ်တပ်က အောက်တိုဘာ ၉ ရက်တွင် ပြော သည်။ ထိုဆရာဝန်သည် ယခင်က ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ အိုင် အက်စ်လိုလားသော စစ်သွေးကြွ များအား ဆေးကုသပေးခဲ့သည်။
  • Mon 09 Oct 2017 - 14:35
    အိန္ဒိယတွင် တိရစ္ဆာန်ရုံ ဝန်ထမ်းတစ်ဦး ကျားကိုက်ခံရ၍ သေဆုံးခဲ့ပြီးနောက် ဘဝတူ ဝန်ထမ်းများက ၎င်းတို့၏ လုံခြုံရေးနှင့် ရပိုင်ခွင့်များ ပိုမိုကောင်းမွန်စေရေး ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း သိရသည်။
  • Mon 09 Oct 2017 - 14:34
    မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းသည် ညီမဖြစ်သူကို လုပ်ပိုင်ခွင့် ဩဇာအာဏာများ တိုးမြှင့်ပေးလိုက်ကြောင်း သိရသည်။
  • Mon 09 Oct 2017 - 14:33
    ကာတာလန် ဒေသကို စပိန်မှ ခွဲထွက်ခြင်း မပြုဘဲ ဆက်လက် ရပ်တည်ရန် ဆန္ဒပြမှုကြီးတစ်ခု ဘာစီလိုနာမြို့တွင် ပေါ်ပေါက်လာခဲ့ကြောင်း သိရသည်။
  • Sun 08 Oct 2017 - 21:04
    ဂါနာနိုင်ငံ၏ မြို့တော်အက်ခရာရှိ သဘာဝဓာတ်ငွေ့သိုလှောင် ရေးစခန်းတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး လူခြောက်ဦးသေဆုံးပြီး ၃၅ ဦး ဒဏ်ရာရခဲ့သည်။ ယင်းပေါက်ကွဲ မှုကြောင့် မီးတောက်များ လေထဲသို့ ထိုးတက်သွားခဲ့ပြီး အနီးဝန်းကျင်ရှိ လူများ နေအိမ်များမှ ထွက်ပြေးခဲ့သည်။
  • Sun 08 Oct 2017 - 21:03
    တူရကီစစ်သုံးကားများ သည် တနင်္ဂနွေနေ့က ဆီးရီးယား နိုင်ငံ အီဒလစ်ဒေသသို့ တာဟရာ အယ်လ်ရှမ်း ဂျီဟတ်ဝါဒီမဟာမိတ်အဖွဲ့၏ အစောင့်အရှောက် ဖြင့် ဝင်ရောက်လာကြောင်း ဆီးရီးယား-တူရကီနယ်စပ်ရှိ ဒေသခံလူတစ်ဦးနှင့် ဒေသခံသူပုန်တစ်ဦး ကပြောသည်။ တာဟရာအယ်လ်ရှမ်းအဖွဲ့ ဝင် တိုက်ခိုက်ရေးသမားများက စောင့်ကြပ်ပို့ဆောင်ပေးမှုမတိုင်မီ တူရကီစစ်သားများ တင်ဆောင်လာသော ကားများသည် အတ် မာနယ်စပ်ဂိတ်မှ ဖြတ်ကျော်ဝင် ရောက်လာကြောင်း ၎င်းတို့နှစ်ဦး စလုံးက ပြောသည်။
  • Sun 08 Oct 2017 - 21:03
    ဘီလာရုစ်နိုင်ငံမှ စိတ် ပညာကျောင်းသူ အလီဆန်ဒရာချီချီကိုဗာသည် ဘီးတပ်ကုလား ထိုင်များဖြင့် ဝင်ရောက်ယှဉ်ပြိုင် သော အလှမယ်ပြိုင်ပွဲတွင် Miss Wheelchair World သရဖူဆု ရရှိ ခဲ့သည်။ ပိုလန်နိုင်ငံ ဝါဆောမြို့တွင် ကျင်းပခဲ့သော အဆိုပါအလှမယ် ပြိုင်ပွဲ၌ အနိုင်ရခဲ့သော အသက် (၂၃)နှစ်အရွယ် ချီချီကိုဗာက ‘‘သင့်ရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ကြောက်ရွံ့မှုတွေကို တိုက်ဖျက် ပါ’’ဟု ပြောသည်။
  • Sun 08 Oct 2017 - 20:51
     သက်တမ်းနုသော အာဖဂန်နစ္စတန်လေတပ်ကို သိ သိသာသာ ပြောင်းလဲပစ်မည့် လုပ်ငန်းစဉ်တစ်ခု၏ အစအဖြစ် အမေရိကန်ထုတ် စစ်သုံးရဟတ်ယာဉ်အသစ်များ စနေနေ့က ရောက်ရှိလာမှုကို အာဖဂန်နစ္စတန်နှင့် အမေရိကန် အကြီးတန်း အရာရှိများက ကြိုဆိုခဲ့သည်။  UH-60 Black Hawk ရဟတ်ယာဉ်အသစ်များအတွက် အစီအစဉ်ကို အကောင်အထည် ဖော်ရန် ပြင်ဆင်နေသည်မှာ  အချိန်တစ်ခုအထိရှိပြီး ယင်းမှာသြဂုတ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အတည်ပြုခဲ့သော အဆိုပြုချက်များအရ တိုးချဲ့ခဲ့သော အမေရိကန်ဦးဆောင်သည့်ညွန့်ပေါင်းအဖွဲ့၏ လေ့ကျင့်ပေး ရေး ကြိုးပမ်းမှုများ၏ အစိတ်အ ပိုင်းအဖြစ် ပါဝင်မည်ဖြစ်သည်။
  • Sun 08 Oct 2017 - 20:50
    အကြမ်းဖက်သမားများ သိမ်းပိုက်ထားဆဲ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း မာရာဝီမြို့၌ ကိုယ့် ကိုယ်ကိုယ် ခုခံကာကွယ်ရေး လက်နက်ကိုင်ဆောင်ရန် အကြမ်းဖက်သမားများ၏ ဖိအားပေးခြင်း ခံရသော ဓားစာခံများကို ပစ်ခတ်ရန် အစိုးရတပ်ဖွဲ့များအား ခွင့်ပြုလိုက်ကြောင်း စစ်ဘက်ထိပ်တန်း အရာရှိတစ်ဦးက ပြောသည်။ စစ်သားများကို ပစ်ခတ်ရန် ဖိအားပေးခြင်းခံရသည့် ဓားစာခံ များကို ယခုအခါ ၎င်းတို့ကို ဖမ်း ဆီးထားသူများနှင့်အတူ တိုက် ခိုက်ရေးသမားများအဖြစ် ယူဆ ထားကြောင်း ဗိုလ်မှူးရိုမီယိုဘရော်နာက ပြောသည်။
  • Sun 08 Oct 2017 - 17:34
    ရုရှားနိုင်ငံ၌ အောက်တိုဘာ ၇ ရက်တွင် ကျရောက် သော သမ္မတဗလာဒီမာပူတင်၏ မွေးနေ့၌ နိုင်ငံတစ်လွှား ကရင်မလင်အစိုးရဆန့်ကျင်သူများက ဆန္ဒထုတ်ဖော်ခဲ့ရာ အတိုက်အခံ တက်ကြွလှုပ်ရှားသူ ၂၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။
  • Sat 07 Oct 2017 - 21:20
    အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပြင်သစ်သမ္မတ အီမယ်နျူရယ်မက်ကရွန်ကို ဖုန်းခေါ်ဆို၍ အာဖရိက ဆာဟယ်ဒေသတွင် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး ပူးတွဲစစ်ဆင်ရေးများဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်။ အောက်တိုဘာ ၄ ရက်က နိုင်ဂျာနိုင်ငံ တိုက်ခိုက်ခံရမှုတွင် ကန်စစ်သားသုံးဦး သေဆုံးခဲ့ပြီးယမန်နေ့က တစ်ဦးထပ်မံသေဆုံးခဲ့သည်။
  • Sat 07 Oct 2017 - 21:20
    အဘူဆေ ယက်ဖ်၊ အိုင်အက်စ်နှင့် ဂျီမားအစ္စလာမီယာအဖွဲ့တို့နှင့် ဆက်နွှယ်သည့် အကြမ်းဖက်လှုပ်ရှားမှုများတွင် ပါဝင်သည်ဟု သံသယရှိသော မလေးရှားနိုင်ငံသား လေးဦးနှင့် နိုင်ငံခြားသားလေးဦးကို ဖမ်းဆီးခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောသည်။ ဖမ်းဆီးလိုက်သော နိုင်ငံခြားသားများတွင် မလေးရှား၌ အ မြဲတမ်းနေထိုင်ခွင့်ရထားသူ တစ် ဦး အပါအဝင် ဖိလစ်ပိုင်နိုင်ငံသား သုံးဦးနှင့် အယ်လ်ဘေးနီးယား နိုင်ငံသား တစ်ဦးပါဝင်သည်။
  • Sat 07 Oct 2017 - 21:19
     ဆီးရီးယားနိုင်ငံ အီဒလစ်မြို့၌ ပြင်းထန်သော စစ်ဆင်ရေးတစ်ရပ် စတင်ပြုလုပ် နေပြီဟု တူရကီသမ္မတအာဒိုဂန် က စနေနေ့တွင် ပြောကြားပြီး ဆီး ရီးယား သူပုန်အရာရှိတစ်ဦးက ၎င်း၏အဖွဲ့သည် တူရကီတပ်ဖွဲ့ များ၏ အကူအညီဖြင့် ယင်းဒေသ သို့ဝင်ရန် ပြင်ဆင်နေသည်ဟု ပြောသည်။
  • Sat 07 Oct 2017 - 21:19
    အိန္ဒိယနိုင်ငံရှိ ကား စက်ရုံတစ်ခုအတွင်း ဝင်ရောက်နေသော ကျားသစ်တစ်ကောင်ကို ၃၆ နာရီခန့်ကြာအောင် ဖမ်းဆီးခဲ့ရကြောင်း တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးဆိုင်ရာ တာဝန်ရှိ သူများက ပြောသည်။ မြို့တော်နယူးဒေလီမှ မနီး မဝေးတွင် တည်ရှိသော မာနီဆာ မြို့ရှိ Maruti Suzuki ကားထုတ်လုပ်ရေးစက်ရုံ၌ ထိုကျားသစ်ကိုမေ့ဆေးသေနတ်ဖြင့် ပစ်၍ ဖမ်းဆီးခဲ့ရသည်။ အောက်တိုဘာ ၅ ရက် နံ နက်တွင် ထိုစက်ရုံ၏ စီစီတီဗီကင်မရာ၌ စက်ရုံတွင်းလှည့်လည် သွားလာနေသော ထိုကျားသစ်ကို တွေ့ရှိခဲ့သည်။
  • Sat 07 Oct 2017 - 21:18
    တူရကီသမ္မတ အာဒိုဂန်က ဗင်နီဇွဲလားသမ္မတမာဒူရို ကို အောက်တိုဘာ ၆ ရက်တွင် မြို့တော်အန်ကာရာ၌ လက်ခံတွေ့ဆုံခဲ့ပြီး ဗင်နီဇွဲလားနှင့်ဆက် ဆံမှုများ မြှင့်တင်ရန် မီးစိမ်းပြ လိုက်သည်။ ယခုတွေ့ဆုံမှုက နှစ်နိုင်ငံ ကြား စွမ်းအင်နှင့်ကုန်သွယ်ရေး ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုမြှင့် တင်ရေး ခြေလှမ်းများနှင့် ပတ် သက်၍ အလေးထားဆွေးနွေးခဲ့ ကြောင်း ပူးတွဲသတင်းစာရှင်း လင်းပွဲတွင် အာဒိုဂန်က ပြော ကြားသည်။ တူရကီနှင့် ဗင်နီဇွဲလားသည် လေကြောင်းပျံသန်းရေး၊ ခရီးသွား လုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေး၊ ကုန် သွယ်ရေးနှင့် ပြည်ပဆက်ဆံရေး ကဏ္ဍများတွင် ပူးပေါင်းဆောင် ရွက်ရန် လက်မှတ်ရေးထိုးခဲ့ ကြောင်း အာဒိုဂန်က ထပ်လောင်း ပြောကြားသည်။
  • Sat 07 Oct 2017 - 10:17
    ကာတာလန် ခွဲထွက်ရေး လူထုဆန္ဒခံယူပွဲတွင် ရဲတပ်ဖွဲ့က အင်အားသုံး တားဆီးဟန့်တားရန် ကြိုးပမ်းမှုများကြောင့် ကာတာလန် ဒေသခံ အများအပြား ဒဏ်ရာရရှိခဲ့ခြင်းကို စပိန်အစိုးရက ပြန်လည် တောင်းပန်ခဲ့သည်။
  • Sat 07 Oct 2017 - 10:05
    ဆော်ဒီအာရေးဘီးယားထံသို့ THAAD ဒုံးခွင်းဒုံးစနစ် ရောင်းချပေးရန် အမေရိကန် အစိုးရက သဘောတူလိုက်ကြောင်း သိရသည်။
  • Fri 06 Oct 2017 - 20:18
    အောက်တိုဘာ ၅ ရက်က ဂျပန်နိုင်ငံ အနောက်ပိုင်းကမ်းလွန်တွင် ဟောင်ကောင်ရေနံတင်သင်္ဘောနှင့် တိုက်မိပြီး တိမ်းမှောက်ခဲ့ သော တရုတ်ငါးဖမ်းလှေအတွင်းမှ အလောင်း ၁၁ လောင်း တွေ့ ရှိခဲ့ကြောင်းနှင့် ယင်းငါးဖမ်းလှေမှ နောက်ထပ်ပျောက်ဆုံးနေသူတစ်ဦးကို ဆက်လက်ရှာဖွေနေကြောင်း ဂျပန်ကမ်းရိုးတန်းစောင့်တပ်ဖွဲ့က ပြောသည်။

Pages

Subscribe to World News