World News

  • Tue 05 Jun 2018 - 13:30
    ဒေါ်နယ်လ်ထရမ့်နှင့် ကင်မ်ဂျုံအန်းတို့ တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်ကို အကောင်အထည် ဖော်မှုများ ချောမွေ့ အဆင်ပြေနေကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။
  • Mon 04 Jun 2018 - 21:22
    ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့၏ မြောက်ကိုရီးယား ခရီးစဉ်ပြီးနောက် ရက်ပိုင်းအကြာတွင် မြောက်ကိုရီးယားခေါင်း ဆောင် ကင်ဂျုံအန်အား ရုရှားနိုင်ငံသို့ လာရောက်ရန် ဖိတ်ခေါ်ထားကြောင်း ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက် စကော့ဗ်က ဇွန်လ ၄ ရက်တွင် ပြောသည်။
  • Mon 04 Jun 2018 - 21:21
     တိုင်ပေကို လွတ်လပ်သောနိုင်ငံတစ်ခုအနေဖြင့်မဟုတ်ဘဲ တရုတ်၏ နယ်မြေပိုင်နက်အဖြစ် ညွှန်းဆိုရေး ၎င်းတို့၏ဝက်ဘ်ဆိုက်ကို ပြောင်းလဲရန် အစီအစဉ်ရှိကြောင်း ဩစတြေးလျနိုင်ငံ အခြေစိုက် Qantas လေကြောင်း ကုမ္ပဏီက ဇွန်လ ၄ ရက်တွင်ပြောသည်။ သို့သော် တရုတ်၏ ပန်ကြား ချက်အတိုင်း လိုက်နာရေး နောက် ထပ်အချိန်ပေးရန် လိုအပ်သည် ဟု လေကြောင်းလိုင်းက ပြော သည်။
  • Mon 04 Jun 2018 - 21:21
    အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ထိပ်သီးတွေ့ဆုံပွဲ ကျင်းပနိုင်ရေး အစီအစဉ်ရေးဆွဲရာတွင် အခက်အခဲများအတွက် ရုရှားသမ္မတ ပူတင်က အမေရိကန်၌ နိုင်ငံရေးအပြင်း အထန် အားပြိုင်မှုများကို အပြစ် တင်ပြောကြားသည်။ မိမိတို့နှစ်ဦး မကြာမီတွေ့ ဆုံမည်ဟု ထရန့်က မတ်လတွင် ပြောကြားခဲ့သည်။
  • Mon 04 Jun 2018 - 21:20
     တောင်ကိုရီးယား၌ တိုက်ရိုက်ထုတ်လွှင့် ပြသနေသော အခမ်းအနားတစ်ခုတွင် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတီသည် ပြည်ပရောက် ဖိလစ်ပိုင်အလုပ်သမတစ်ဦးအား စင်ပေါ်၌ နှုတ်ခမ်းချင်း အနမ်းခြွေသဖြင့် ပြစ် တင်ဝေဖန်ခံနေရသည်။ တောင်ကိုရီးယားသို့ ရောက် ရှိလာသော သမ္မတဒူတာတီသည်ပြည်ပရောက် ဖိလစ်ပိုင်အလုပ် သမားများအား မိန့်ခွန်းပြောကြား နေစဉ် ထိုအမျိုးသမီးကို စင်ပေါ် သို့ ခေါ်ယူပြီးနောက် ယင်းသို့ အနမ်းပေးခဲ့ခြင်းဖြစ်သည်။
  • Mon 04 Jun 2018 - 21:19
    လူကုန်ကူးမှု တိုက်ဖျက် နှိမ်နင်းရေးတွင် လေကြောင်း လိုင်းများ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည်ဖြစ်ကြောင်း နိုင်ငံ တကာလေကြောင်းပို့ဆောင်ရေး အဖွဲ့ (IATA)က ဇွန်လ ၄ ရက် တွင် ပြောကြားခဲ့ပြီး လေယာဉ် အမှုထမ်းများအနေဖြင့် သံသယရှိဖွယ် အမှုအခင်းများ ကြုံလာပါက မည်သို့လှုပ်ရှားဆောင်ရွက်ရ မည်ဖြစ်ကြောင်း လမ်းညွှန်ချက် များ ထုတ်ပြန်ခဲ့သည်။  လူမှောင်ခိုကူးခြင်းသည် ကမ္ဘာ့ရာဇဝတ်မှု လောကတွင် အလျင်အမြန်မြင့်တက်လာနေပြီး မူးယစ်ဆေးဝါး ကုန်သွယ်ရေးပြီး လျှင် ဒုတိယအများဆုံး ရာဇဝတ်မှုဖြစ်ကြောင်း အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
  • Mon 04 Jun 2018 - 14:00
    နိုက်ဂျီးရီးယား နိုင်ငံ၏ ကျေးလက် ဒေသများတွင် နွားခိုးဂိုဏ်းများနှင့် ဒေသခံ ရွာသားများကြား ပဋိပက္ခများ ပိုမို ပြင်းထန် ဆိုးရွားလာနေကြောင်း သိရသည်။
  • Mon 04 Jun 2018 - 14:00
    တန်ဇန်းနီးယား နိုင်ငံမှ ရင်ချင်းဆက် အမြွှာ ညီအစ်မ နှစ်ဦးသည် အသက် ၂၁ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
  • Mon 04 Jun 2018 - 13:05
    ဂွာတီမာလာ နိုင်ငံတွင် မီးတောင် ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၂၅ ဦး သေဆုံးပြီး ရာနှင့်ချီ မီးလောင် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
  • Sun 03 Jun 2018 - 20:02
    ဟာဝိုင်အီပြည်နယ် Big ကျွန်း အရှေ့ဘက်အစွန်ဒေသရှိ နောက် ဆုံးကျန်နေသောသူများကို အမျိုးသားအစောင့်တပ်ဖွဲ့၊ ရဲတပ် ဖွဲ့နှင့် မီးသတ်သမားများက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ သည်။ ယင်းသို့ရွှေ့ပြောင်းပြီး နာရီပိုင်းအတွင်း ကီလာအူအာ မီးတောင်မှ ချော်ရည်များက ယင်းဒေသသို့သွားရာ အဓိကလမ်းကို ပြတ်တောက်စေခဲ့သည်။
  • Sun 03 Jun 2018 - 20:01
    ပဋိပက္ခများ၊ ဆင်းရဲ နွမ်းပါးမှု၊ ငယ်ငယ်ရွယ်ရွယ်ဖြင့် လက်ထပ်ထိပ်မြားပေးခြင်း၊ မိန်း ကလေးငယ်များအပေါ် ခွဲခြား ဆက်ဆံခြင်းတို့ကြောင့် အာဖဂန်နစ္စတန်နိုင်ငံရှိ ကလေးငယ်ဦးရေ ထက်ဝက်ခန့်သည် ပညာသင်ကြားခွင့်မရကြောင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့ များက အစီရင်ခံစာတစ်ခုတွင် ပြောသည်။ ယင်းမှာ ၂၀၀၂ ကတည်းက အာဖဂန်နစ္စတန်နိုင်ငံတွင် ပညာ မသင်ကြားနိုင်သည့် ကလေးငယ် ဦးရေ ပထမဆုံးမြင့်တက်လာခြင်းဖြစ်သည်။
  • Sun 03 Jun 2018 - 20:00
    ထိုင်းနိုင်ငံတောင် ပိုင်းတွင် ပလတ်စတစ်အိတ် ၈၀ ခန့် မျိုချထားသော ဝေလငါးတစ် ကောင် သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။ ကမ္ဘာပေါ်တွင် ပလတ်စ တစ်အိတ်ပမာဏ အများဆုံးသုံး စွဲသော နိုင်ငံများအနက် တစ်ခု အပါအဝင်ဖြစ်သော ထိုင်းနိုင်ငံ ၌ ကျော်ကြားသော ကမ်းခြေများအနီး နေထိုင်သော ရေနေသတ္တဝါများသည် ပလတ်စတစ်အိတ်များ ကြောင့် နှစ်စဉ် ရာနှင့်ချီ သေဆုံး နေသည်။
  • Sun 03 Jun 2018 - 19:59
     အိန္ဒိယနိုင်ငံဘက်ခြမ်း ရှိ ကက်ရှ်မီးယားဒေသ၌ ပြည်သူ့ စစ်အဖွဲ့ပိုင်ကားတစ်စီး ဝင်တိုက် မှုကြောင့် ဇွန်လ ၂ ရက်က သေ ဆုံးခဲ့သူ လူငယ်တစ်ဦး၏ ဈာပန တွင် ထောင်နှင့်ချီသော အသုဘ လိုက်ပါ ပို့ဆောင်သူများကို အိန္ဒိယရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး များ၊ ငရုတ်ကောင်းဖျန်းဘူးများ ဖြင့် လူစုခွဲခဲ့သည်။
  • Sun 03 Jun 2018 - 19:57
    ဖိလစ်ပိုင်နိုင်ငံ၏ တရား စီရင်ရေးစနစ် အမှီအခိုကင်းမှု သည် ခြိမ်းခြောက်ခံနေရကြောင်း ပြောကြားသည့် ကုလသမဂ္ဂလူ့ အခွင့်အရေး ကျွမ်းကျင်သူကို ဖိလစ်ပိုင်သမ္မတ ဒူတာတီက ငရဲ သို့သွားရန် ပြောကြားခဲ့ပြီး ပြည်တွင်းရေးကိစ္စများ၌ ဝင်မစွက်ရန် သတိပေးသည်။ အငြင်းပွားဖွယ် အစိုးရအဆို ပြုချက်များကို ဆန့်ကျင်မဲပေးခြင်းကြောင့် ရန်သူတစ်ဦးအဖြစ် ဒူတာတီက ခေါ်ဆိုခဲ့သည့် တရားရေးအကြီးအကဲ မာရီယာလော် ဒက်စ်ဆီရီနိုကို ဖယ်ရှားရန် ဖိလစ်ပိုင် နိုင်ငံတော်တရားရုံးချုပ်က ပြီးခဲ့သည့်လအတွင်း မဲပေးခဲ့ သည်။
  • Sun 03 Jun 2018 - 18:55
    ကျူးဘားနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြန်လည်ပြင်ဆင် ရေးဆွဲတာဝန်ယူမည့်ကော်မရှင်ကို ဦးဆောင် ရန် အမျိုးသားလွှတ်တော်က သမ္မတဟောင်း ရာအူးလ်ကက် စထရိုအား ဇွန်လ ၂ ရက်တွင် ခန့်အပ်ခဲ့သည်။ ယင်းကဲ့သို့ အခြေခံဥပဒေ ပြန်လည်ရေးဆွဲရန် စီစဉ်ခြင်း သည် မဖျက်သိမ်းနိုင်သော ဆိုရှယ်လစ်ဝါဒကို ထိန်းသိမ်းရင်း တိုင်းပြည်စီးပွားရေးနှင့် လူမှုရေးလမ်းပွင့်စေရေး ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တရားဝင်ထောက်ပံ့ ကူညီရန် ရည်ရွယ်ခြင်းဖြစ်သည်။
  • Sun 03 Jun 2018 - 18:55
     ဆော်ဒီအာရေးဗီးယား အစိုးရက မတရားအသင်းနှင့် ဆက်သွယ်ခြင်း ပြစ်မှုဖြင့် စွပ်စွဲ ဖမ်းဆီးထားသည့် တက်ကြွလှုပ် ရှားသူများအနက် ရှစ်ဦးကို ယာ ယီပြန်လွှတ်ပေးခဲ့ပြီး နောက်ထပ် ကိုးဦးကို ဆက်လက်ထိန်းသိမ်း ထားကြောင်း နိုင်ငံပိုင်မီဒီယာ SPA က ပြောကြားသည်။ ပြီးခဲ့သည့်လက ဖမ်းဆီးစစ် ဆေးခံရသော ၎င်းတို့သည် လူ့အ ခွင့်အရေးနှင့် အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူများ ဖြစ်ကြောင်း အစိုးရရှေ့နေက ပြောသည်။
  • Sun 03 Jun 2018 - 18:54
     ငါးနှစ်တာအတွင်း အကြီး မားဆုံး ဆန္ဒပြမှုများဖြစ်ပေါ်စေ သည့် နိုင်ငံတကာငွေကြေးရန်ပုံ ငွေအဖွဲ့ (IMF) က ထောက်ခံ သော အခွန်ဥပဒေပြုပြင်ပြောင်း လဲမှု ရုပ်သိမ်းရန် ဂျော်ဒန်ဝန်ကြီး ချုပ် ဟာနီမာလ်ကီက ငြင်းဆိုခဲ့ ပြီး ယင်းဥပဒေကံကြမ္မာကို ဆုံး ဖြတ်ရေးသည် ပါလီမန်၏ ကိစ္စဖြစ်သည်ဟု ပြောကြားခဲ့သည်။ အခွန်ဥပဒေကြမ်းနှင့် စပ် လျဉ်း၍ ထောင်နှင့်ချီသော ဆန္ဒ ပြသူများသည် တတိယမြောက် ညအဖြစ် ဇွန်လ ၂ ရက်က အစိုးရ ဝန်ကြီးအဖွဲ့ရုံးအနီးတွင် ဆန္ဒပြခဲ့ ပြီး အစိုးရဆန့်ကျင်ရေး ကြွေး ကြော်သံများ အော်ဟစ်ခဲ့ကာ ဟာနီမာလ်ကီကို ရာထူးမှ ထုတ် ပယ်ပေးရန် ဘုရင်အဗ္ဗဒူလာထံ တောင်းဆိုခဲ့သည်။
  • Sun 03 Jun 2018 - 18:53
    ဆူမတြားကျွန်းပေါ် ရှိ ပီကန်ဘာရူးမြို့ တက္ကသိုလ် တစ်ခုအတွင်း စီးနင်းမှုတစ်ခုတွင် အင်ဒိုနီးရှား အကြမ်းဖက်တိုက် ဖျက်ရေး ရဲတပ်ဖွဲ့က ကျောင်း သားဟောင်းသုံးဦးကို ဖမ်းဆီး ကာ အိမ်လုပ်ဗုံးများနှင့် အခြား ပေါက်ကွဲစေတတ်သော ပစ္စည်း များ သိမ်းဆည်းရမိခဲ့သည်ဟုအင်ဒိုနီးရှားရဲတပ်ဖွဲ့က ပြော ကြားသည်။ မသင်္ကာသူများဟု သတ် မှတ်ထားသော လူသုံးဦးသည် ရီ ယာအူးပြည်နယ် မြို့တော်ပီကန်ဘာရူးရှိ ပြည်နယ်ပါလီမန်ကို တိုက်ခိုက်ရန် စီစဉ်နေသည်ဟု ယူဆရကြောင်း အမျိုးသားရဲတပ် ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆက်ယို ဝါဆစ်တိုက ထုတ်ပြန်ချက်တစ် ရပ်တွင် ပြောကြားသည်။
  • Sun 03 Jun 2018 - 18:52
    ဇူလိုင် သမ္မတရွေး ကောက်ပွဲတွင် ပွင့်လင်းမြင်သာမှု ရှိစေရေး တောင်းဆိုရန် မြို့တော် ဘာမာကိုတစ်ခွင် ချီတက်ဆန္ဒပြ ရန် စီစဉ်ထားသည့် အတိုက်အခံ ထောက်ခံသူများကို အဓိကရုဏ်း ဖြိုခွင်းရေး ရဲတပ်ဖွဲ့က မျက်ရည် ယိုဗုံးများ အသုံးပြု၍ လူစုခွဲခဲ့ ကြောင်း မျက်မြင်သက်သေများ နှင့် မာလီအာဏာပိုင်များကပြောသည်။  လူငယ်အလုပ်လက်မဲ့နှုန်း လျှော့ချရန် (သို့မဟုတ်) နိုင်ငံ မြောက်ပိုင်း၌ အစ္စလာမ်မစ်ပုန် ကန်ထကြွမှုနှင့် လူမျိုးစုနှစ်ခုကြား လက်တုံ့ပြန်သတ်ဖြတ်မှု အဆုံးသတ်ရန် အလုံအလောက်စွမ်း ဆောင်နိုင်ခြင်းမရှိကြောင်း ဝေဖန် ခံရသော်လည်း သမ္မတအီဗရာ ဟင်ဘော်ဘာကာကီတာသည် ဇူလိုင် ၂၉ ရက် သမ္မတရွေးကောက်ပွဲတွင် ထပ်မံဝင်ရောက်ယှဉ်ပြိုင် ရန် စီစဉ်နေသည်။
  • Sun 03 Jun 2018 - 18:52
    ရုရှားနိုင်ငံ၏ ဩဇာပြမှု များကို ပိုမိုရင်ဆိုင်နေရစဉ် နေတိုးမဟာမိတ်အဖွဲ့၏ အရှေ့ဘက် ခြမ်းတွင် တိုက်ပွဲဝင်မှု အသင့်အ နေအထားကို မြှင့်တင်ရန် အများ အားဖြင့် နေတိုးနိုင်ငံများဖြစ်သော ၁၉ နိုင်ငံမှ တပ်ဖွဲ့ဝင် ၁၈,၀၀၀ သည် ပိုလန်နှင့် ဘော်လတစ် နိုင်ငံများ၌ အမေရိကန် ဦးဆောင်သော စစ်ရေးလေ့ကျင့်မှုများ စတင်ခဲ့သည်။ ပိုလန်နိုင်ငံတွင် အမေရိကန် တပ်ဖွဲ့များ အမြဲတမ်းချထားရေး အဆိုပြုချက်ကို ပိုလန်နိုင်ငံက စဉ်းစားနေသည်ဟု ထုတ်ဖော် ပြောကြားစဉ် ဇွန်လ ၁၅ ရက်အ ထိ ဆက်လက်ပြုလုပ်မည့် ရှစ်ကြိမ်မြောက် Saber Strike နှစ် စဉ်လေ့ကျင့်မှု စတင်ခြင်းဖြစ် သည်။

Pages

Subscribe to World News