World News

  • Sun 03 Dec 2017 - 20:04
     နိုင်ငံတကာအသိအမှတ်ပြု ယီမင်အစိုးရကို ဆန့်ကျင် သော သြဇာကြီးမားသူတစ်ဦး သည် ယီမင်သူပုန်များကို တိုက် ခိုက်နေသည့် ဆော်ဒီအာရေးဗီး ယား ဦးဆောင်သော ညွန့်ပေါင်း အဖွဲ့ထံ ပူးပေါင်းခဲ့၍ ယီမင်နိုင်ငံမြို့တော်ဆာနားကို ထိန်းချုပ်ထားသည့် သူပုန်မဟာမိတ်အဖွဲ့ပြိုကွဲမည့်ပုံပေါ်လာသည်။  သူပုန်တပ်ဖွဲ့များကြား သဘောထား မတိုက်ဆိုင်ဖြစ်မှု သည် ယခုသီတင်းပတ်အတွင်း အကြမ်းဖက်မှုအသွင်သို့ ရောက် ရှိခဲ့ပြီးနောက် လူထောင်ပေါင်း များစွာ သေဆုံးကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာတစ်ရပ် ဖြစ်စေခဲ့သည့် သုံးနှစ်ကြာ ယီမင်စစ်ပွဲအတွင်း စစ်မျက်နှာစာသစ်တစ်ခု ထွက်ပေါ်လာမည်ဆိုသော စိုးရိမ်မှုများ မြင့်တက်လာသည်။
  • Sun 03 Dec 2017 - 20:03
    စီအိုင်အေညွှန်ကြား ရေးမှူး မိုက်ပွန်ပေနှင့် အစားထိုး ခံရခြင်းကြောင့် ရာထူးမှ ထွက်ခွာပေးခဲ့ရသည်ဆိုခြင်းနှင့် စပ်လျဉ်း၍ အမေရိကန်နိုင်ငံခြားရေးဝန် ကြီး ရက်စ်တီလာဆန်က ငြင်းဆို ခဲ့သည်။  ယခုသီတင်းပတ်အတွင်း ၎င်းနှင့်ပတ်သက်၍ ရေးသားသည့် သတင်းအမြောက်အမြားမှာ မှန်ကန်မှုတစ်စုံတစ်ရာ ရှိ၊ မရှိ မေးမြန်းခံရရာ တစ်ခုမျှ မဟုတ်မှန် ကြောင်း ရက်စ်တီလာဆန်က ရိုက်တာသတင်းဌာနအား ဖြေကြားသည်။
  • Sun 03 Dec 2017 - 20:03
    ထရန့်၏ အမျိုးသား လုံခြုံရေး အကြံပေးအရာရှိ ဟောင်း မိုက်ကယ်ဖလင်းက အပြစ်ရှိကြောင်း ဝန်ခံပြီးနောက် မိမိ ၏ အသွင်ကူးပြောင်းရေးအဖွဲ့ဝင် တစ်ဦးအဖြစ် ဖလင်း၏ လုပ်ရပ်များသည် တရားဝင်ဖြစ်သည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ပြောကြားကာ တုံ့ပြန်လိုက် သည်။ ရုရှားနိုင်ငံနှင့် ပူးပေါင်းကြံ စည်ခဲ့သည်ဆိုသော ကိစ္စအပေါ် စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်း ဆောင်ရွက်ရန် မိုက်ကယ်ဖလင်း က သဘောတူခဲ့ပြီး အပြစ်ရှိ ကြောင်း ဝန်ခံပြောကြားခဲ့သည်။
  • Sun 03 Dec 2017 - 20:02
    သမ္မတဒေါ်နယ် ထရန့် ဦးဆောင်သော အမေရိ ကန်အစိုးရက ကုလသမဂ္ဂ၏ ဒုက္ခသည်အရေး ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်မှ အမေရိကန် ကို နုတ်ပယ်ကြောင်း ဒီဇင်ဘာ ၂ ရက်တွင် ကြေညာခဲ့သည်။ ‘‘ဒီကနေ့ ကုလသမဂ္ဂနဲ့ ကုလအထွေထွေအတွင်းရေးမှူးချုပ်ကို အသိပေးလိုတာက ဒုက္ခသည် တွေ၊ ရွှေ့ပြောင်းနေထိုင်သူတွေ ကို ကူညီပေးရေးအတွက် သဘောတူညီခဲ့တဲ့ Global Compact on Migration သဘောတူညီချက်မှာ အမေရိကန်ပူးပေါင်းပါဝင်မှု အဆုံးသတ်သွားပါပြီ’’ဟု ထုတ်ပြန်ချက်တစ်ခုတွင် ပြောသည်။
  • Sun 03 Dec 2017 - 17:37
    အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့တွင် ဒီဇင်ဘာ ၂ ရက်က အစ္စရေးနိုင်ငံသား ၂၀,၀၀၀ ခန့် စုဝေးခဲ့ပြီး အစိုးရ၏ အကျင့်ပျက်ခြစားမှုနှင့် ဝန်ကြီး ချုပ်ဘင်ဂျမင်နေတန်ညာဟုကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော် ခဲ့သည်။
  • Sat 02 Dec 2017 - 21:18
    ဒေါ်နယ်ထရန့် သမ္မတမဖြစ်မီ သီတင်းပတ်များက အက်ဖ်ဘီအိုင် အဖွဲ့သို့ လိမ်လည်၍ ထွက်ဆိုချက်ပေးခဲ့ခြင်းကြောင့် အပြစ်ရှိ ကြောင်း အမျိုးသားလုံခြုံရေးအရာရှိဟောင်း မိုက်ကယ်ဖလင်း က ၀န်ခံသည်။ မိုက်ကယ်ဖလင်းကို အထူးရှေ့နေရောဘတ်ပူ လာက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
  • Sat 02 Dec 2017 - 21:18
    အင်္ဂလိပ်နှင့် ပြင် သစ် နှစ်ဘာသာ ပြောဆိုသော ကနေဒါနိုင်ငံ မွန်ထရီရယ်မြို့၌ နှုတ်ခွန်းဆက်ပြောဆိုရာတွင် ပြင် သစ်စကား ‘Bonjour’ ဟု အသုံး ပြုရန်နှင့် ‘Bonjour, Hi’ဟု အ သုံးမပြုရန် သတ်မှတ်ခဲ့သည်။ ထိုမြို့တွင် ‘Bonjour, Hi’ ဟူသော နှုတ်ဆက်စကားနှင့် အ ချိန်အတန်ကြာ ရင်းနှီးနေခဲ့သည်။
  • Sat 02 Dec 2017 - 21:17
    အစ္စရေးဒုံးကျည်များ သည် ဒမတ်စကတ်မြို့အနီးရှိ စစ်စခန်းတစ်ခုကို ထိမှန်ခဲ့ပြီး ဆီးရီးယား လေကြောင်းကာကွယ် ရေးစနစ်က စနေနေ့တွင် တုံ့ပြန်ခဲ့ပြီး ဒုံးကျည်နှစ်စင်းကို ပစ်ချဖျက်ဆီးခဲ့ကြောင်း ဆီးရီးယား နိုင်ငံပိုင် ရုပ်သံသတင်းဌာနက ကြေညာသည်။ ရန်သူအစ္စရေးတို့က မြေပြင် မှ မြေပြင်ပစ်ဒုံးကျည်အများအ ပြားဖြင့် စစ်စခန်းတစ်ခုကို တိုက် ခိုက်ခဲ့ပြီး ယင်းစခန်း ပျက်စီးခဲ့ ကြောင်း သတင်းကဖော်ပြသည်။
  • Sat 02 Dec 2017 - 21:16
     မောင့်အဂွန်း မီး တောင်ပေါက်ကွဲမှုမှ ထွက်ပေါ် လာသော မီးတောင်ပြာများ အန္တ ရာယ်ကြောင့် လေယာဉ်ပျံသန်းမှု အခြေအနေ ထိခိုက်နိုင်သည်ဆို သော ခန့်မှန်းချက်များကြောင့် စနေနေ့က အင်ဒိုနီးရှားနိုင်ငံ ဘာ လီကျွန်းမှ ထွက်ခွာမည့်လေ ကြောင်းခရီးစဉ်များကို ထပ်မံ ဖျက်သိမ်းခဲ့သည်။ ဘာလီလေဆိပ်ပြောရေးဆို ခွင့်ရှိသူက လေဆိပ်သည် ပုံမှန် လည်ပတ်နေဆဲ ဖြစ်သော်လည်း Tetstar နှင့် Virgin Australia တို့ကဲ့သို့ လေကြောင်းလိုင်းများ က ခရီးစဉ်အချို့ကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့သည်ဟု ပြောသည်။
  • Sat 02 Dec 2017 - 21:16
     နောက်ဆုံးတာဝေးပစ်ဒုံး ကျည် စမ်းသပ်မှု အောင်မြင်ခဲ့၍ မြောက်ကိုရီးယားသည် အခမ်း အနားများအကြီးအကျယ် ကျင်းပ ခဲ့ပြီး မီးရှူးမီးပန်းများ ပစ်လွှတ် ကာ ပြည်သူ့ရင်ပြင်များတွင် အ ကအခုန်များဖြင့် အောင်ပွဲခံခဲ့ ကြောင်း မြောက်ကိုရီးယားနိုင်ငံ ပိုင်သတင်းဌာနက ဖော်ပြသည်။ လက်ရှိအာဏာရ အလုပ် သမားပါတီ၏ တရားဝင်နေ့စဉ် ထုတ် သတင်းစာတစ်စောင်တွင် ထောင်နှင့်ချီသည့် စစ်သားများ နှင့် ကင်မ်အီလ်ဆွန်းရင်ပြင်၌ ပြည်သူများ လက်ခုပ်ဩဘာပေး နေသော ရောင်စုံဓာတ်ပုံများကို မျက်နှာဖုံး၌ ဖော်ပြခဲ့သည်။
  • Sat 02 Dec 2017 - 10:58
    တရုတ်နိုင်ငံရှိ တိရစ္ဆာန်ရုံ တစ်ခုတွင် ပင်ဂွင်းငှက် လေမှုတ်ရုပ်များကို ထည့်သွင်း ပြသထားသည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
  • Sat 02 Dec 2017 - 10:42
    အိန္ဒိယတွင် မွေးကင်းစ ကလေးငယ် တစ်ဦးကို သေဆုံးပြီဟု မှားယွင်း ဆုံးဖြတ်ခဲ့မိသည့် ဆရာဝန်များနှင့် ပတ်သက်၍ ဒေလီမြို့ရှိ ဆေးရုံတစ်ခုမှာ ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်မှုများ ရင်ဆိုင်နေရသည်။
  • Sat 02 Dec 2017 - 10:27
    ပါကစ္စတန်နိုင်ငံရှိ ကောလိပ်တစ်ခုကို သေနတ်သမားများက စီးနင်း တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
  • Fri 01 Dec 2017 - 20:07
    ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်းပေါ်တွင် ဒေသခံ ဂျပန် အမျိုးသမီးအား မုဒိမ်းကျင့်၍ သတ်ဖြတ်သော အမေရိကန် စစ်အခြေစိုက်စခန်းမှ အလုပ်သမားဟောင်းကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်။ ကက်နက်ဖရန်ကလင်ရှင်ဇာတို (၃၃)နှစ်ကို ယမန်နှစ်က ဖမ်းဆီးခဲ့သည်။
  • Fri 01 Dec 2017 - 20:06
     အငြင်းပွားခဲ့သော လွတ်လပ်ရေးဆိုင်ရာ လူထုဆန္ဒ ခံယူပွဲ ကျင်းပပြီးနောက် ဒီဇင်ဘာ ၂၁ ရက်တွင် ကျင်းပမည့် ဒေသဆိုင်ရာ ရွေးကောက်ပွဲမတိုင်မီ ကတ်တာလန်ဒေသ ဝန်ကြီးများ အဖွဲ့ အဖွဲ့ဝင်ဟောင်းရှစ်ဦးကို လွှတ်ပေးရန် တောင်းဆိုထားစဉ် ၎င်းတို့သည် စပိန်နိုင်ငံတော် တရားရုံးရှေ့မှောက်၌ စစ်ဆေးခံ ရမည်ဖြစ်သည်။ လက်ရှိ ထိန်းသိမ်းခံထားရ ပြီး အမှုရင်ဆိုင်ရန် စောင့်နေသူ များတွင် ထုတ်ပယ်ခံရသော ဒေသဆိုင်ရာ ဒုသမ္မတဟောင်း အိုရီအို ဂျန်ကူရက်စ်လည်း ပါဝင်သည်။
  • Fri 01 Dec 2017 - 20:05
     ဂျပန်ဧကရာဇ် အာကီဟီတို နန်းစွန့်မည့်နေ့ရက်သည် ၂၀၁၉ ဧပြီ ၃၀ ရက်ဖြစ်သင့်သည် ဟု ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ဦးဆောင်သော အထူးအဖွဲ့က သဘောတူညီကြောင်း NHK သတင်းဌာနက ပြောကြားသည်။ နှလုံးခွဲစိတ်ကုသမှုနှင့် ဆီး ကျိတ်ကင်ဆာအတွက် ကုသမှုခံ ယူထားရသူ ဘုရင်ကြီးက ၎င်း၏ အသက်အရွယ်ကြီးရင့်မှုက ၎င်း ၏ တာဝန်ဝတ္တရားများကို ထမ်း ဆောင်ရေး ခက်ခဲနိုင်ကြောင်း ပြီးခဲ့သည့်နှစ်အတွင်း ပြောကြားသည်။ အာကီဟီတိုကို နန်းစွန့်ခွင့် ပြုသည့်ဥပဒေကို ဇွန်လအတွင်း က ပြဋ္ဌာန်းခဲ့ပြီး နန်းစွန့်မည့်ရက်ကဲ့သို့ အသေးစိတ်အချက်အ လက်များကို နောက်ပိုင်းတွင် ဆုံးဖြတ်ရန် သဘောတူခဲ့သည်။
  • Fri 01 Dec 2017 - 20:05
    အချို့အခြေအနေများ တွင် ရောဂါကို ပိုမိုဆိုးရွားစေနိုင် ကြောင်း ဆေးထုတ်လုပ်သော ပြင်သစ်ကုမ္ပဏီက ပြောကြားပြီး နောက် ဖိလစ်ပိုင်တွင် ကမ္ဘာ့ပထမဆုံး သွေးလွန်တုပ်ကွေးကာကွယ်ဆေးအသုံးပြုမှုကို ရပ်ဆိုင်းခဲ့ ကြောင်း သိရသည်။  ယခင်က သွေးလွန်တုပ် ကွေး မဖြစ်ပွားဖူးသူများတွင် ယင်းဆေးထိုးနှံပါက ပြင်းထန်သော ရောဂါလက္ခဏာများ ဖြစ်လာနိုင် သည်ဟု ပြင်သစ်ဆေးဝါးကုမ္ပဏီ ကြီး Sanofi က ပြောကြားသည်။
  • Fri 01 Dec 2017 - 20:04
     ရွေးကောက်ပွဲဆိုင် ရာ မသမာမှုများရှိသည်ဟု အ တိုက်အခံများက စွပ်စွဲထားစဉ် ကြန့်ကြာခဲ့သော ဟွန်ဒူးရပ်စ် သမ္မတ ရွေးကောက်ပွဲ မဲရေတွက် မှုသည် သောကြာနေ့က ငါးရက် သို့ ဝင်ရောက်လာပြီး အနိုင်ရသူကို မဖော်ပြမီ နောက်ထပ် နှစ် ရက်ခန့် ကြာမြင့်နိုင်သေးသည်။
  • Fri 01 Dec 2017 - 11:34
    အမေရိကန်သည် မြောက်ကိုရီးယားကို အခြေအနေ ပိုမိုဆိုးရွားလာအောင် ရန်စနေကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်က စွပ်စွဲ ပြောကြားလိုက်သည်။
  • Fri 01 Dec 2017 - 11:30
    အမေရိကန် အစိုးရအနေဖြင့် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်၏ နေရာကို အပြောင်းအလဲ ပြုလုပ်မည်ဆိုသော သတင်းများ ပိုမိုကျယ်ပြန့်စွာ ထွက်ပေါ်လာသည်။

Pages

Subscribe to World News