World News

  • Mon 02 Oct 2017 - 11:54
    အောက်တိုဘာ ၁ ရက်က ကျင်းပသည့် ပြည်နယ်တွင်း ဆန္ဒခံယူပွဲတွင် စပိန်နိုင်ငံမှ ခွဲထွက်ပြီး သီးခြားရပ်တည်ရန် အဆိုဘက်မှ အပြတ်အသတ် အသာစီး ရခဲ့ကြောင်း ကာတာလန် ခေါင်းဆောင်က ကြေညာခဲ့သည်။
  • Sun 01 Oct 2017 - 20:50
    ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟု၏ အစ္စရေးအစိုးရသည် မိမိတို့ဒေသကို ဆီးရီးယား၊ လက်ဘနွန်နှင့် ဂါဇာကမ်းမြောင် စစ်ပွဲများဆီသို့ တွန်းပို့နေသည်ဟု လက်ဘနွန်နိုင်ငံရှိ အီရန် ကျောထောက်နောက်ခံရရှိထားသော ဟစ်ဘိုလာအဖွဲ့၏ ခေါင်းဆောင် နာဆာရယ်လားက မိန့်ခွန်းတွင် ပြောကြားသည်။
  • Sun 01 Oct 2017 - 20:49
    အမျိုးသမီးများ ယာဉ်မောင်းခွင့်ရရှိခြင်း ထောက်ခံသူ များကို သတ်ပစ်မည်ဟု ဆော်ဒီအာရေးဗီးယား တွစ်တာစာမျက် နှာ၌ ခြိမ်းခြောက်ရေးသားခဲ့သော တွစ်တာအသုံးပြုသူ တစ်ဦးကို အစိုးရရှေ့နေအဖွဲ့က ဖမ်းဝရမ်း ထုတ်ပြန်ခဲ့သည်။
  • Sun 01 Oct 2017 - 20:48
     မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည်လတ်တလောအတွင်း စမ်းသပ်မှုများနှင့်စပ်လျဉ်း၍ ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် အီတလီနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကို နိုင်ငံအတွင်းမှ နှင် ထုတ်မည်ဖြစ်ကြောင်း အီတလီ နိုင်ငံခြားရေးဝန်ကြီး အယ်လ်ဖာ နို၏ အဆိုကို ကိုးကား၍ ရိုက်တာသတင်းဌာနက ဖော်ပြသည်။
  • Sun 01 Oct 2017 - 20:48
    ဆွီဒင်နိုင်ငံ ဂိုသင်ဘာ့ဂ်မြို့တွင် အစွန်းရောက် လက်ယာယိမ်း နော့ဒစ်ခုခံရေးအဖွဲ့ (NMR)၏ ချီတက်ပွဲတစ်ခုအတွင်း နာဇီလက်သစ်များနှင့် ဖက်ဆစ် ဆန့်ကျင်သူအုပ်စုနှစ်စုစလုံးသည် ရဲတပ်ဖွဲ့နှင့် ပဋိပက္ခဖြစ်ပွားခဲ့သ ဖြင့် စနေနေ့က လူ ၃၀ ကျော် ဖမ်းဆီးခံရသည်။ ဂိုသင်ဘာ့ဂ်မြို့တွင် NMR က ယင်းချီတက်ပွဲအတွက် လူရာ နှင့်ချီ စုရုံးခဲ့ပြီး လူအများအပြား သည် ဒိုင်းကာများနှင့် အမာခံ ခေါင်းဆောင်းများ ဆောင်ယူလာကာ တန်ပြန်ဆန္ဒပြသူ ထောင် ပေါင်းများစွာလည်း လမ်းပေါ် ထွက်ခဲ့သည်။
  • Sun 01 Oct 2017 - 20:47
    ဆယ်စုနှစ်များစွာ အတွင်း စပိန်နိုင်ငံကို အဆိုးရွား ဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင် ရာ ပြဿနာထဲသို့ ကျရောက်စေခဲ့သည့် တားမြစ်ထားသော လွတ် လပ်ရေး လူထုဆန္ဒခံယူပွဲကို ပိတ် သိမ်းရန် စပိန်အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့က ကြိုးပမ်းစဉ် တနင်္ဂနွေနေ့က ကတ်တာလိုနီး ယားဒေသရှိ မဲရုံတစ်ရုံကို ဝင် ရောက်စီးနင်းခဲ့သည်။  ကတ်တာလိုနီးယားဒေသ ခေါင်းဆောင် ပူဒီမွန့် မဲမပေးမီ မိနစ်ပိုင်းအလိုတွင် ဂီရိုနာဒေသရှိ မြို့တစ်မြို့၏ မဲရုံတစ်ခုကို စပိန် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ သည်။
  • Sun 01 Oct 2017 - 18:03
    စက်တင်ဘာ ၃၀ ရက် မွန်း လွဲပိုင်းက Air France လေ ကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်တစ်စီးသည် အတ္တလ န္တိတ်သမုဒ္ဒရာပေါ်တွင် ပျံသန်းနေ စဉ် အင်ဂျင်တစ်လုံး ချွတ်ယွင်းပြီး နောက် ကနေဒါနိုင်ငံ၌ အရေးပေါ် ဆင်းသက်ခဲ့ရသည်။
  • Sat 30 Sep 2017 - 20:52
    တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် ငလျင်လှုပ်ခတ်မှု မကြာခဏဖြစ်ပေါ်လေ့ရှိသော စီချွမ်ပြည်နယ်၌ ပြင်းအား ၅ ဒသမ ၅ မဂ္ဂနီကျုဒ်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှု အနည်းငယ်သာရှိခဲ့သည်။ ဘေးအန္တရာယ်ကင်းရှင်းမှု စစ်ဆေးရန် ရထားခရီးစဉ်အများအပြား ဆိုင်းငံ့ထားသည်။
  • Sat 30 Sep 2017 - 20:51
    အမေရိကန်နိုင်ငံ အင်ဒီယာနာမြို့၌ လူသွားစင်္ကြံ ပေါ်၌ ရှည်လျားသော မြေဖြူပန်း ချီရေးဆွဲခြင်းဖြင့် ကမ္ဘာ့စံချိန်တင် ရန် လှုပ်ရှားမှုတွင် လူရာနှင့်ချီ ပါဝင်သည်။ အင်ဒီယာနာမြို့ရှိ Indiana-polis Cultural Trail လူသွားစင်္ကြံ လမ်း၌ ပေ ၄,၀၀၀ ကျော် အလျားရှိသော မြေဖြူဖြင့် ပန်းချီပုံဖော်ရာ တွင်  လူ ၅၀၀ ခန့်ပါဝင်ခဲ့ပြီး ယင်းလှုပ်ရှားမှုသည် စင်္ကြံလမ်းပေါ် တွင် မြေဖြူဖြင့် ရေးဆွဲသော ကမ္ဘာ့အရှည်ဆုံးပန်းချီအဖြစ် ဂင်းနစ် စံချိန်တင်ရန်ဖြစ်သည်။
  • Sat 30 Sep 2017 - 20:50
    ဝန်ကြီးချုပ် ဟောင်း ယင်လပ်၏ နိုင်ငံကူး လက်မှတ်ကို ဖျက်သိမ်းရေးနှင့် ၎င်းရောက်နေသောနေရာ အ တည်ပြုပေးရန် ရဲတပ်ဖွဲ့က နိုင်ငံ ခြားရေးဝန်ကြီးဌာနထံ ဆက်သွယ်တောင်းဆိုထားကြောင်း ဒုတိယရဲမှူး ဗိုလ်ချုပ်ဆရီဗာရာရန်ဆီဘရာမာနာကူလ်က ပြော သည်။ ယင်လပ်ကို ရှာဖွေရေး နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုထံသို့ ရဲတပ်ဖွဲ့က ဆက်သွယ်ထား ကြောင်း ဆရီဗာရာကပြောသည်။
  • Sat 30 Sep 2017 - 20:49
     မြောက်ကိုရီးယားက နောက်ထပ်ရန်စသော လုပ်ရပ် များ ပြုလုပ်ရန် ပြင်ဆင်နေသည် ဆိုသော ပြောဆိုမှုများ ထွက်ပေါ် နေစဉ် ပြုံယမ်းမြို့ရှိ ဒုံးကျည်စက် ရုံမှ ဒုံးကျည်များကို မကြာသေးမီ က ပြောင်းရွှေ့နေကြောင်း တောင်ကိုရီးယားသတင်းဌာန KBS က ဖော်ပြသည်။  အမည်မဖော်လိုသော ထောက်လှမ်းရေးသတင်းရင်းမြစ် ကို ကိုးကား၍ ဖော်ပြရာတွင် တောင်ကိုရီးယားနှင့် အမေရိကန် ထောက်လှမ်းရေး အရာရှိများ သည် မြို့တော်ပြုံယမ်း၏ မြောက် ဘက်ရှိ ဆာနမ်ဒေါင်ဒေသ၏ မြောက်ကိုရီးယားဒုံးကျည်သုတေ သနနှင့် ထုတ်လုပ်ရေးစက်ရုံမှ ဒုံး ကျည်များ ရွှေ့ပြောင်းနေခြင်းကို စူးစမ်းသိရှိခဲ့သည်ဟု ဖော်ပြထား သည်။
  • Sat 30 Sep 2017 - 20:46
    မီးတောင်ပေါက်ကွဲမှုက ပြာပူများနှင့် အက်စစ်မိုးများ ရွာ ချနိုင်၍ စိုးရိမ်နေစဉ် ဗာနူအာတူနိုင်ငံ အမ်ဘေကျွန်းရှိ ဒေသခံ ၁၁,၀၀၀ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရာတွင် ကူညီရန် သြစတြေးလျအစိုးရသည် ရေတပ်သင်္ဘောတစ်စီး စေလွှတ်ပေးခဲ့သည်။  ဗာနူအာတူကျွန်းနိုင်ငံ၏ အကြီးဆုံး မာနာရိုဗိုအီမီးတောင် သည် ပြီးခဲ့သည့်သီတင်းပတ်ကုန် ရက်များက စတင်လှုပ်ရှားပြီး နောက် အလုံးစုံဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အစိုးရက ညွှန် ကြားခဲ့သည်။
  • Sat 30 Sep 2017 - 12:42
    အမေရိကန် သမ္မတ ရာထူးကို ဆက်ခံပြီးနောက်ပိုင်း ဒေါ်နယ်လ်ထရမ့် အနေဖြင့် အာရှတိုက်သို့ ပထမဆုံးအကြိမ် သွားရောက်မည်ဟု သိရသည်။
  • Sat 30 Sep 2017 - 12:05
    အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့ရှိ ရထားဘူတာ တစ်ခုတွင် အလုအယက် စုပြုံတိုးဝှေ့မှုများကြောင့် လူပေါင်း ၂၂ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
  • Sat 30 Sep 2017 - 12:01
    အစိုးရ ကိစ္စများတွင် တန်ဖိုးကြီး စင်းလုံးငှား လေယာဉ်များ ငှားရမ်းသုံးစွဲမှုအတွက် ဝေဖန်ခံနေရသည့် အမေရိကန် ကျန်းမာရေးဝန်ကြီး တွမ်ပရိုက်စ်မှာ ရာထူးမှ နုတ်ထွက်သွားခဲ့ပြီ ဖြစ်သည်။
  • Fri 29 Sep 2017 - 21:32
    အမေရိကန်ရုပ်သံလိုင်း CNN သည် ရုရှားနိုင်ငံ၏ မီဒီယာဥပဒေကို ချိုးဖောက်ခဲ့သည်ဟု ရုရှားနိုင်ငံ၏ ဆက်သွယ်ရေးကြီးကြပ်မှုအဖွဲ့က ပြောကြားပြီး ထိုကိစ္စနှင့်စပ်လျဉ်း၍ ရုပ်သံလိုင်း၏ ကိုယ်စားလှယ်များကို ဆင့်ခေါ်ထားသည်ဟု ရုရှားဆက်သွယ်ရေးကြီးကြပ်မှုအဖွဲ့ Roskomnaclzor က ထုတ်ပြန်ပြောကြားသည်။
  • Fri 29 Sep 2017 - 21:31
    တရုတ်တိုင်ပေက ဖိလစ် ပိုင်နိုင်ငံသားများအတွက် ဗီဇာမလိုဘဲ ၀င်ခွင့်ပြုခဲ့ပြီး ဖိလစ်ပိုင်ကလည်း အလားတူလုပ်ဆောင်မည်ဟု မျှော်လင့်ကြောင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်ပေဒေသ၏ ၀န်ကြီးများအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။ တရုတ်အစိုးရက တစ်နိုင်ငံ တည်း မူဝါဒကျင့်သုံးပြီး တိုင်ပေ သည်လည်း ယင်းမူတွင် ပါဝင် သည်ဆိုသော ရပ်တည်မှုကို အ သိအမှတ်ပြုသည့် ဖိလစ်ပိုင်နှင့် တိုင်ပေသည် တရားဝင်သံတမန် အဆက်အသွယ်မရှိပေ။
  • Fri 29 Sep 2017 - 21:31
     မနီလာအစိုးရ၏ ပြင်း ထန်သော မူးယစ်ဆေးဝါးနှိမ်နင်း မှုများအတွင်း လူထောင်ပေါင်း များစွာ သေဆုံးခဲ့ခြင်းနှင့် ပတ် သက်၍ စိုးရိမ်ကြောင်း ဥရောပ နိုင်ငံအများစုပါဝင်သည့် ၃၉ နိုင်ငံက ဖော်ပြပြီးနောက် ဖိလစ်ပိုင်က အနောက်တိုင်းသည် မမျှမတ ကြားဝင်စွက်ဖက်ပြီး သူတော်ကောင်းယောင် ဆောင်သည်ဟု စွပ်စွဲကာ ၎င်းတို့၏ လူ့အခွင့်အရေးမှတ်တမ်းကို ကာကွယ်ပြော ဆိုသည်။  လွန်ခဲ့သော ၁၅ လက သမ္မတရိုဒရီဂိုဒူတာတီ အာဏာရ လာပြီးနောက်ပိုင်း မူးယစ်ဆေးဝါး နှိမ်နင်းမှုများအတွင်း ရဲတပ်ဖွဲ့၏ လက်ချက်ကြောင့် ဖိလစ်ပိုင်နိုင်ငံသား ၃,၈၀၀ ကျော် သေဆုံးခဲ့သည်။
  • Fri 29 Sep 2017 - 21:30
    တရုတ်နိုင်ငံတွင် ရဲဝန်ထမ်း အမျိုးသမီးတစ်ဦးသည် နို့ဆာနေသော လသားအရွယ် ကလေးတစ်ဦးအား တရားရုံးပြင်ပတွင် နို့တိုက်ကျွေးခဲ့သည်။ ရှန်ဇီပြည်နယ်ရှိ Shanxi Jinzhong Intermediate People's Court တရားရုံးတွင် တာဝန်ထမ်းဆောင်နေသော ရဲဝန်ထမ်း လီနာဟောင်သည် တရားရုံးအတွင်း အမှုရင်ဆိုင်နေရသော ထိုကလေးအမေထံမှ ခွင့်ပြုချက် တောင်းကာ ယင်းသို့ နို့တိုက် ကျွေးခဲ့ခြင်းဖြစ်သည်။
  • Fri 29 Sep 2017 - 21:29
    ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ဟောင်း ယင်လပ်သည် လန်ဒန် ၌ ရောက်ရှိနေပြီး ဗြိတိန်၌ နိုင်ငံရေးခိုလှုံခွင့်တောင်းခံနေကြောင်း ၎င်း၏ ပူအာထိုင်းပါတီမှ သတင်း ရင်းမြစ်တစ်ခုကို ကိုးကား၍ CNN သတင်းဌာနက စက်တင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။ ယင်လပ်သည် ဒေါ်လာဘီ လီယံပေါင်းများစွာ ဆုံးရှုံးစေခဲ့ သည့် ဆန်စပါး အမတော်ကြေး အစီအစဉ် စီမံခန့်ခွဲရာတွင် ပေါ့ဆခဲ့ကြောင်း ထိုင်းထိပ်တန်းတရားရုံးတစ်ခုက အပြစ်တွေ့ရှိပြီးနောက် စက်တင်ဘာ ၂၇ ရက်က မျက်ကွယ်၌ ထောင်ဒဏ်ငါးနှစ် ချမှတ်ခံရသည်။

Pages

Subscribe to World News