World News

  • Tue 27 Mar 2018 - 13:44
    ဆိုက်ဘေးရီးယားတွင် ဖြစ်ပွားခဲ့သည့် လူပေါင်း ၆၄ ဦး သေဆုံးသော မီးလောင်မှုမှာ ရာဇဝတ်မှုမြောက်သည့် တာဝန်မဲ့ ပေါ့လျော့ခြင်း တစ်ခုဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က စွပ်စွဲ ပြောကြားလိုက်သည်။
  • Mon 26 Mar 2018 - 21:52
    ဂါဇာဒေသတွင် သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် အစ္စရေး သံချပ်ကာယာဉ်တစ်စီးက ဂါဇာဒေသရှိ ဟားမားစ်အဖွဲ့စခန်းနှစ်ခုကို ပစ်ခတ်ခဲ့သည်ဟု အစ္စရေးစစ်ဘက်က ပြောကြားကာ ဟားမားစ်အစ္စလာမ်မစ်အဖွဲ့၏ ကင်းမျှော်စင်နှစ်ခုကို ထိမှန်ခဲ့သည်ဟုဆိုသည်။
  • Mon 26 Mar 2018 - 21:51
     နိုင်ဂျီးရီးယားအစိုးရ သည် နိုင်ငံတွင်း တိုက်ခိုက်မှုများ နှင့် ပြန်ပေးဆွဲမှုများ ပြုလုပ်နေ သည့် ဘိုကိုဟာရမ် အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး ဖော်ဆောင်ရန် ဆွေး နွေးနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ပြောသည်။ ၂၀၀၉ ကတည်းက နိုင်ဂျီး ရီးယားနိုင်ငံတွင်း ပုန်ကန်တိုက် ခိုက်ခဲ့သော ဘိုကိုဟာရမ်အဖွဲ့နှင့် အစိုးရအဖွဲ့အကြား အဆိုပါ အ ပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု သည် နှစ်များစွာအတွင်း ပထမဆုံးဖြစ်သည်။
  • Mon 26 Mar 2018 - 21:51
     ဂျပန်အမျိုးသမီးတစ်ဦး သည် အသက်(၈၈)နှစ်အရွယ် တွင် ကျိုတိုတက္ကသိုလ်တစ်ခုမှ ဒေါက်တာဘွဲ့ရယူခဲ့ရာ ၎င်းသည် ဂျပန်နိုင်ငံတွင် ဒေါက်တာဘွဲ့ရယူ သည့် အသက်အကြီးဆုံးပုဂ္ဂိုလ် ဖြစ်နိုင်ကြောင်း Asahi Shimbun သတင်းဌာနက မတ်လ ၂၅ ရက်တွင် ဖော်ပြသည်။ ကီယိုကိုအိုဇီကီသည် ဂျို မွန်ခေတ်မှ ရှေးဟောင်းအဝတ် အပိုင်းအစများကို နှစ် (၃၀)ကြာသုတေသနပြုလုပ်ခဲ့သဖြင့် Ri-tsumeikan University မှ ဒေါက်တာဘွဲ့ချီးမြှင့်ခံရကြောင်း ထိုသတင်းဌာနက ပြောသည်။
  • Mon 26 Mar 2018 - 21:50
     တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်က အခြေခံဥပဒေ ပြောင်းလဲရန် တင်ပြရာ ယင်း တွင် သမ္မတရုံး၏ ဩဇာအာဏာ လျှော့ချရေး၊ မဲပေးနိုင်သော အသက်လျှော့ချရေးနှင့် သမ္မတအား ပြန်လည် ရွေးကောက်ခံခွင့်ပေး ရေးတို့ ပါဝင်သည်။
  • Mon 26 Mar 2018 - 20:54
    ဓားစာခံတစ်ဦး၏ နေရာ တွင် အစားဝင်ရောက်ပြီး ဂျီဟတ် ဝါဒီ သေနတ်သမား၏ ပစ်သတ် ခြင်းခံရပြီးနောက် သူရဲကောင်း တစ်ဦးအဖြစ် ချီးကျူးဂုဏ်ပြုခံရ သော ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးမှုအပေါ် အောင်ပွဲခံဖွယ်ရှိသည့်တွစ်တာပို့စ်နှင့်ပတ်သက်၍ လက်ဝဲယိမ်း ပြင်သစ်နိုင်ငံရေးသမား တစ်ဦး ဖမ်းဆီးခံရသည်။ ဒုတိယရဲမှူးကြီး အာနော့ဒ် ဘယ်လ်ထရာမီ သေဆုံးမှုကို ဝမ်း သာကြိုဆိုသော တွစ်တာပို့စ်နှစ်ခု တင်ပြီးနောက် စတီဖာနီပေါ်ဆီ ယာကို မတ်လ ၂၅ ရက်က နေအိမ်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
  • Mon 26 Mar 2018 - 14:29
    ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယား ဒေသရှိ ဈေးဝယ်စင်တာတစ်ခု မီးလောင်မှုကြောင့် အနည်းဆုံး လူ ၅၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
  • Mon 26 Mar 2018 - 14:10
    ရီယတ်ဒ်မြို့တော်သို့ ဦးတည်လာသည့် ဒုံးကျည်တစ်စင်းကို ကြားဖြတ် ပစ်ချစဉ် လူနေဧရိယာထဲ လမ်းကြောင်းပြောင်း ကျရောက်မှုကြောင့် လူတစ်ဦး သေဆုံးခဲ့ကြောင်း ဆော်ဒီအာရေးဘီးယားက ကြေညာခဲ့သည်။
  • Sun 25 Mar 2018 - 21:19
    မက်ဒရစ်မြို့ရှိ စပိန်နိုင်ငံတော်တရားရုံးက ကတ်တလန်ဒေသ ခေါင်းဆောင်ဟောင်း ချားလ်စ်ပူဒီမွန်ကို ဖမ်းဝရမ်းထုတ်ပြီး နောက် ၎င်းသည် ဖင်လန်နိုင်ငံအာဏာပိုင်များ မဖမ်းဆီးမီ ရှောင်ရှားနိုင်ခဲ့သော်လည်း နယ်စပ်ဖြတ်ကျော်ပြီးနောက် ဂျာမနီရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရကြောင်း ၎င်း၏ရှေ့နေ အလွန်ဆိုကူဗီလာ့စ် က ဖင်လန်နိုင်ငံမှ ဘယ်လ်ဂျီယံသို့ အပြန်ခရီးတွင် တွစ်တာမှတစ်ဆင့် ဖော်ပြသည်။
  • Sun 25 Mar 2018 - 21:18
    ရုရှားနိုင်ငံက အာဖဂန် တာလီဘန်များအား လက်နက် တပ်ဆင်ပေးနေသည်ဟု အာဖဂန် နစ္စတန်ရှိ နေတိုးတပ်ဖွဲ့ ထိပ်တန်းအကြီးအကဲတစ်ဦး၏ မှတ်ချက် နှင့်ပတ်သက်၍ မော်စကိုအစိုးရက ငြင်းပယ်ခဲ့သည်။ ယင်းအခြေအနေက အာဖဂန်ပဋိပက္ခတွင် ရုရှား၏ ပါဝင် ပတ်သက်မှုနှင့်ပတ်သက်၍ တင်းမာမှု မြင့်တက်လာကြောင်း မီး မောင်းထိုးပြနေသည်။ ပြီးခဲ့သည့် သီတင်းပတ်က ဘီဘီစီသတင်းဌာနနှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ဗိုလ်ချုပ်ဂျွန်နီကိုလ်က ရုရှားသည် အာဖဂန်တာလီဘန်များအား ကူညီထောက်ပံ့ သည့်အပြင် လက်နက်များ တပ်  ဆင်ပေးနေပြီး အာဖဂန်နစ္စတန် နိုင်ငံ၌ အမေရိကန်၏ ကြိုးပမ်း ဆောင်ရွက်မှုများကို ပြိုလဲစေရန် ပြုလုပ်နေကြောင်း ပြောကြား သည်။
  • Sun 25 Mar 2018 - 21:18
    စိုးရိမ်သောကရောက်စေ မှုနှင့် ၎င်း၏ အစိုးရအဖွဲ့အပေါ် ယုံကြည်မှုကျဆင်းစေမှုအတွက် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က မတ်လ ၂၅ ရက်တွင် ပြည် သူလူထုကို ထပ်မံတောင်းပန်ခဲ့ သည်။ အမှန်တရား မပေါ်ပေါက် စေရန် ဖုံးကွယ်ထိမ်ချန်မှုနှင့် မသင်္ကာဖွယ် ဆွေမျိုးကောင်းစား ရေးဝါဒ အရှုပ်တော်ပုံပေါ်ပေါက် နေခိုက် အာဘေးအပေါ် လူထုထောက်ခံမှုနှုန်း ကျဆင်းနေ သည်။ လက်ရှိ အာဏာရပါတီ၏ နှစ်ပတ်လည်ညီလာခံ ကျင်းပရာ နေရာအပြင်ဘက်တွင် ဆန္ဒပြမှု ဖြိုခွင်းရေး ရဲတပ်ဖွဲ့က လုံခြုံရေး တင်းကျပ်စွာ ချထားစဉ် ဆန္ဒပြသူများက အာဘေးနုတ်ထွက်ရန် တောင်းဆိုခဲ့သည်။
  • Sun 25 Mar 2018 - 21:16
    အမေရိကန်ပြည် ထောင်စု ဖလော်ရီဒါပြည်နယ် တွင် မင်္ဂလာနှစ်ပတ်လည်နေ့ မေ့နေ၍ ခင်ပွန်းဖြစ်သူကို စိတ်ဆိုးပြီး ရိုက်နှက်ခဲ့သော အမျိုးသမီး တစ်ဦး ဖမ်းဆီးခံရကြောင်း ရဲတပ်ဖွဲ့ကပြောသည်။ မင်္ဂလာနှစ်ပတ်လည်နေ့ မေ့နေသည့် ခင်ပွန်း၏ ဦးခေါင်းနှင့် မျက်နှာတို့ကို အကြိမ်ကြိမ် ရိုက်နှက်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် အသက်(၃၅)နှစ်အရွယ် ကာရိုလ်စတုန်းသည် ဗုဒ္ဓဟူးနေ့က ဖမ်းဆီးခံရသည်။
  • Sun 25 Mar 2018 - 21:15
    ရာသီဥတုပြောင်းလဲမှု ဆိုးကျိုးများကို အများက သတိပြုမိလာစေရေး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု၏ အစိတ်အပိုင်းအဖြစ် မတ်လ ၂၄ ရက် ညက မီးမှောင် ချခဲ့သော ကမ္ဘာ့အထင်ကရ အ ထိမ်းအမှတ်များအနက် ဩစတြေးလျနိုင်ငံရှိ ဆစ်ဒနီပြဇာတ် အဆောက်အအုံ၊ ပြင်သစ်နိုင်ငံရှိ အီဖယ်မျှော်စင်နှင့် ရုရှားနိုင်ငံရှိ ရင်ပြင်နီတို့ ပါဝင်ခဲ့သည်။ ၂၀၀၇ က ဩစတြေးလျ၌ စတင်ခဲ့သော Earth Hour အမည်ရှိ လှုပ်ရှားမှုကို ၁၈၇ နိုင်ငံမှ သန်း နှင့်ချီသော ထောက်ခံသူများက ပါဝင်ဆင်နွှဲခဲ့ပြီး ဒေသစံတော်ချိန် ည ၈ နာရီခွဲ၌ နေအိမ်ရှိ လျှပ်စစ်မီးများကို ပိတ်ခဲ့သည်။
  • Sun 25 Mar 2018 - 21:10
    တရုတ်နိုင်ငံ၌ လေထု ညစ်ညမ်းမှု ထိန်းချုပ်ရေး အထူး အစီအစဉ်များ ပြုလုပ်ခဲ့သည့် ၂၈ မြို့တွင် အကောင်းဆုံး ဆောင်ရွက်ခဲ့သော မြို့အဖြစ် သတ်မှတ် ခံရပြီး တစ်ရက်အကြာတွင် ဘေဂျင်းအစိုးရက ၂၀၁၈ ၌ တတိယ အကြိမ် မီးခိုးမြူကျဆင်းမှု အ ရေးပေါ်သတိပေးချက် ထုတ်ပြန် ခဲ့သည်။ စနေနေ့က ထုတ်ပြန်သော လိမ္မော်ရောင်အဆင့် သတိပေး ချက်သည် သတိပေးချက်အဆင့် လေးဆင့်ရှိသည့်အနက် ဒုတိယ အမြင့်ဆုံးဖြစ်ပြီး တနင်္လာနေ့မှဗုဒ္ဓဟူးနေ့အထိ သတ်မှတ်မည်ဖြစ်ကြောင်း ဘေဂျင်း သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးအဖွဲ့က ပြောသည်။
  • Sun 25 Mar 2018 - 21:09
    ယိုယွင်းကျဆင်းနေသော ပြည်သူပိုင်ကုမ္ပဏီများကို တူနီး ရှားအစိုးရက ပုဂ္ဂလိကပိုင်ပြုမှု များ ဆက်လက်လုပ်ပါက ဩဇာ ကြီးသော UGTT အလုပ်သမား သမဂ္ဂအနေဖြင့် ဆန္ဒပြမှုများကျင်းပမည်ဖြစ်ကြောင်း UGTT ခေါင်းဆောင်က မတ်လ ၂၄ ရက် တွင် ပြောသည်။ နှစ်ပေါင်းများစွာ အရှုံးပေါ် နေသော ပြည်သူပိုင်ကုမ္ပဏီများ ကို ရောင်းနိုင်ဖွယ်ရှိကြောင်းနှင့် ယင်းကုမ္ပဏီများကို ပြန်လည် ဖွဲ့စည်းလိုကြောင်း တူနီးရှားဝန် ကြီးချုပ် ယူဆွတ်ဖ်ချာဟက်ဒ်က မတ်လ ၂၃ ရက်တွင် ပါလီမန်၌ ပြောသည်။
  • Sun 25 Mar 2018 - 21:08
    မတ်လ ၂၄ ရက်က ထိုင်းနိုင်ငံတွင် ဒီမိုကရေစီလိုလားသော ဆန္ဒထုတ်ဖော်သူ ၃၀၀ ကျော်သည် ဘန်ကောက်ရှိ စစ်ဌာနချုပ် ဂိတ်ပေါက်ဝသို့ ချီတက်ကာ စစ်သားများအနေဖြင့် လက်ရှိ အစိုးရကို ထောက်ခံခြင်းရပ်ဆိုင်းရန် ဆန္ဒပြတောင်းဆိုခဲ့သည်။ အကျင့်ပျက်ခြစားမှု ဆန့် ကျင်ခြင်းနှင့် သတ်မှတ်ရက်အ တိုင်း ရွေးကောက်ပွဲကျင်းပရန် ကတိမတည်သည့် အစိုးရကို ဆန့်ကျင်ဆန္ဒထုတ်ဖော်မှုများအနက် စနေနေ့က ဆန္ဒထုတ်ဖော် မှုသည် အကြီးမားဆုံးတစ်ခုဖြစ် သည်။
  • Sun 25 Mar 2018 - 20:43
     တရုတ်လေတပ်က ဂျပန်တောင်ပိုင်း ကျွန်းဆွယ်ဒေ သကို ဖြတ်ကျော်၍ အငြင်းပွား နေသော တောင်တရုတ်ပင်လယ်ပြင်နှင့် အနောက်ပစိဖိတ်ပင်လယ် ပြင်တို့တွင် စစ်ရေးလေ့ကျင့်မှုများ ထပ်မံပြုလုပ်ခဲ့ကြောင်း တနင်္ဂနွေ နေ့၌ ပြောကြားသည်။ ယင်းသို့ စစ်ရေးလေ့ကျင့်မှု များသည် ရန်လိုသော ရည်ရွယ် ချက်မရှိဘဲ စစ်ပွဲအတွက် အကောင်းဆုံးပြင်ဆင်မှုဖြစ်ကြောင်း တရုတ်လေတပ်က ထပ်လောင်း ပြောကြားခဲ့သည်။
  • Sun 25 Mar 2018 - 20:37
     ဩစတြေးလျမှ ဗြိတိန်သို့ တိုက်ရိုက်ပြေးဆွဲသည့် ပထမဆုံး လေကြောင်းခရီးစဉ်သည် တနင်္ဂနွေနေ့တွင် ဩစတြေးလျအနောက်ဘက် ပါ့သ်မြို့မှ စတင်ထွက်ခွာခဲ့ကြောင်း Qantas လေ ကြောင်းလိုင်းက ပြောသည်။ Qantas ဩစတြေးလျလေ ကြောင်းလိုင်းက ပြေးဆွဲသော ဩစတြေးလျမှ ဗြိတိန်သို့ တိုက် ရိုက်ခရီးစဉ်သည် စင်ကာပူ (သို့ မဟုတ်) အရှေ့အလယ်ပိုင်းတွင် ခရီးတစ်ထောက်နားရန် မလိုဘဲ ပုံမှန်လေယာဉ်ပျံသန်းချိန် သုံးနာရီခန့် လျှော့ချနိုင်မည်ဖြစ်သည်။
  • Sun 25 Mar 2018 - 20:28
    ဘရာဇီးဆောက်လုပ်ရေး ကုမ္ပဏီ Odebretcht နှင့် ဆက် နွှယ်မှုများနှင့်ပတ်သက်၍ ပြစ် တင်စွပ်စွဲခံရရန် ကျိန်းသေသလောက်ဖြစ်နေစဉ် ယခုသီတင်းပတ်အတွင်း ရာထူးမှ နုတ်ထွက်ခဲ့သူ သမ္မတဟောင်း ပါဘလိုကူဇန်စကီးအပေါ် ပီရူးတရားသူ ကြီးတစ်ဦးက မတ်လ ၂၄ ရက်တွင် ခရီးသွားလာမှု ကန့်သတ်ချက်များ ချမှတ်ခဲ့သည်။ လက်တင်အမေရိက တစ် ခွင်ရှိ နိုင်ငံများမှ တာဝန်ရှိသူများ အား လာဘ်ထိုးခဲ့သည်ဟု ဝန်ခံ သော Odebretcht ကုမ္ပဏီနှင့် ၎င်း၏ဆက်နွှယ်မှုများကို စုံစမ်းစစ်ဆေးနေစဉ် ကူဇန်စကီးအနေ ဖြင့် ၁၈ လအတွင်း တိုင်းပြည်မှ မထွက်ခွာရန် တရားသူကြီး ဂျူ အန်ကားလို့စ်ဆန်းချက်ဇ်က အ မိန့်ထုတ်ခဲ့သည်။
  • Sun 25 Mar 2018 - 20:26
    ကွန်ဂိုနိုင်ငံ အရှေ့မြောက် ပိုင်း အိုင်တူရီပြည်နယ်၌ အမည် မဖော်ထုတ်နိုင်သေးသော အဖွဲ့ တစ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ဆုံမှု များအတွင်း မိမိတို့အနေဖြင့် ပြည် သူ့စစ်တပ်ဖွဲ့ဝင် ၁၃ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ကွန်ဂိုစစ်တပ်က မတ်လ ၂၄ ရက်တွင်ပြောသည်။ ၂၀၁၆ က ၎င်း၏ သက်တမ်း ကုန်ဆုံးချိန်၌ ရာထူးမှ နုတ်ထွက် ရန် သမ္မတဂျိုးဆက်ပ်ကာဘီလာ က ငြင်းဆိုပြီးနောက် အိုင်တူရီ ပြည်နယ်သည် သွေးမြေကျမှုဆီ သို့ ဦးတည်ခဲ့သော ကွန်ဂို၏ နောက်ဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

Pages

Subscribe to World News