World News

  • Sun 20 May 2018 - 18:44
    ကမ္ဘောဒီးယားနိုင်ငံ အနောက်တောင်ဘက်တွင် မိုး ကြိုးပစ်၍ အသက်(၄)နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် စုစု ပေါင်း လူငါးဦး ပွဲချင်းပြီးသေဆုံး ကြောင်း တာဝန်ရှိသူများက ပြော သည်။ တောင်တန်းဒေသဖြစ်သော ခိုကန်ပြည်နယ် သာမာဘင်းခရိုင် တွင် ကြာသပတေးနေ့က မိုးသည်းထန်စွာ ရွာသွန်းနေစဉ် မိုးခိုနေသည့် လူငါးဦး သေဆုံးခဲ့ ကြောင်း ရဲမှူးချုပ်လေမန်လိုင်က ပြောကြားသည်။ အဆိုပါ သေဆုံးသူငါးဦးအ နက် သုံးဦးသည် မိသားစုဝင်များ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။
  • Sun 20 May 2018 - 18:44
     နိုင်ငံတောင်ပိုင်း ကာနာတာကာပြည်နယ် ဝန်ကြီး ချုပ်သည် ပါလီမန်တွင် အယုံအကြည် ရှိ၊ မရှိ မဲခွဲဆုံးဖြတ်ရန် မိနစ်ပိုင်းအလိုတွင် ရာထူးမှ နုတ်ထွက် သဖြင့် ယင်းမှာ အိန္ဒိယ၏အာဏာရ BJP ပါတီအတွက် ဆုတ်ယုတ် မှုတစ်ခုဖြစ်ခဲ့သည်။ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် သုံးရက်သာ အုပ်ချုပ်ထားသော ယက်ဒီအူရက်ပါက ပြည်နယ် ပါလီမန်တွင် လူများစုရရှိအောင် လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိဟု ပြော သည်။
  • Sun 20 May 2018 - 18:43
     ၎င်းနှင့် ဆက် နွှယ်သော အိမ်ခြံမြေတိုက်ခန်း များတွင် ရာနှင့်ချီသော ဇိမ်ခံအသုံးအဆောင်ပစ္စည်းများနှင့် ငွေသားများ သိမ်းဆည်းခံရပြီးနောက် မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်က ရဲတပ်ဖွဲ့စီးနင်းမှုများကို ဝေဖန်ခဲ့သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ နာဂျစ်ရာဇက်သည် မပျော်မရွှင် ဖြစ်နေကြောင်း ရှေ့နေဖြစ်သူဟာပယ်လ်ဆင်း ဂရီဝယ်လ်က ပြောသည်။
  • Sun 20 May 2018 - 18:42
    ထိုင်းနိုင်ငံ၌ စစ် တပ်က နှိမ်နင်းဖြိုခွင်းမှုကြောင့် လူ ၉၁ ဦး သေဆုံးခဲ့သည့် ၂၀၁၀ အစိုးရဆန့်ကျင်ဆန္ဒထုတ်ဖော်မှု နှစ်ပတ်လည် အထိမ်းအမှတ်အ ဖြစ် မေလ ၁၉ ရက်တွင် ဘန် ကောက်မြို့၌ ရာချီသော လူများ စုဝေးခဲ့သည်။ ၂၀၁၄ မေလတွင် အရပ် သားအစိုးရကို ဖြုတ်ချပြီး စစ်တပ် က အာဏာသိမ်းခဲ့သည့် လေးနှစ် ပြည့် နှစ်ပတ်လည်မတိုင်မီ ရက် ပိုင်းအလိုတွင် အဆိုပါစုဝေးမှု ပေါ်ပေါက်လာပြီး လက်ရှိအာဏာသိမ်းစစ်အစိုးရအနေဖြင့် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ဖိအားများ ရင်ဆိုင်နေရသည်။
  • Sun 20 May 2018 - 18:40
    တရုတ်နှင့် အမေရိကန်အနေဖြင့် ကုန်သွယ်ရေးစစ်ပွဲမှန်သမျှ စွန့်လွှတ်ရန်နှင့် ခြိမ်းခြောက်သော အကောက်အခွန်များမှ နောက်ဆုတ်ရန် သဘောတူညီခဲ့ကြောင်း တရုတ်ဒုတိယဝန်ကြီး ချုပ် လျူဟီက ပြောကြားသည်ဟု ဆင်ဟွာသတင်းအေဂျင်စီက မေလ ၂၀ ရက်တွင် ဖော်ပြသည်။  ယခုသီတင်းပတ်အတွင်း ဝါရှင်တန်သို့ သွားရောက်ခဲ့သည့် တရုတ်ကုန်သွယ်ရေး ကိုယ်စား လှယ်အဖွဲ့ကို ဦးဆောင်ခဲ့သူ လျူဟီက နှစ်ဖက်စလုံး သဘော တူညီချက်တစ်ခုရခဲ့ကြောင်း၊ ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲမည်မဟုတ်ကြောင်းနှင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံအခွန်တိုးမြှင့်ကောက်ခံခြင်း ရပ် တန့်မည်ဖြစ်ကြောင်း ပြောကြားသည်ဟု ဆင်ဟွာကဖော်ပြသည်။
  • Sun 20 May 2018 - 18:40
    အာဏာရှင်ကို သရဖူဆောင်းပေးခြင်းဟု ရန်သူ များက ကင်ပွန်းတပ်ပြီး တားဆီး ပိတ်ဆို့မှုများ ထပ်မံဖြစ်ပေါ်လာ ဖွယ်ရှိသည့် ရွေးကောက်ပွဲတွင် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုသည် နောက်ထပ်ခြောက် နှစ်သက်တမ်း အုပ်ချုပ်ခွင့်ရရှိရေး ယှဉ်ပြိုင်နေသည်။ အဓိက အတိုက်အခံများက ရွေးကောက်ပွဲကို သပိတ်မှောက် နေပြီး လူကြိုက်အများဆုံး ပြိုင် ဘက်နှစ်ဦးကို ယှဉ်ပြိုင်ခြင်းမှ ပိတ်ပင်ထားကာ နိုင်ငံတော်အဖွဲ့ အစည်းများလည်း သစ္စာခံများ၏ လက်ထဲတွင် ရှိနေခြင်းနှင့်အတူ ယခင် ဘတ်စ်ကားယာဉ်မောင်း မာဒူရို (၅၅)နှစ်က အနိုင်ရရှိမည် ဟု မျှော်လင့်ထားသည်။
  • Sun 20 May 2018 - 18:39
    တီဟီရန်အစိုးရ၏ ဒုံး ကျည်စမ်းသပ်မှုများကို ဟန့်တား ရန် အီရန်နိုင်ငံသို့ ငွေကြေးအကူ အညီကမ်းလှမ်းရေး သဘောတူ ညီချက်သစ်အတွက် ဥရောပ၊ တရုတ်နှင့် ရုရှားနိုင်ငံတို့မှ သံ တမန်များ ဆွေးနွေးနေကြောင်း ဂျာမနီသတင်းစာတစ်ခုက တနင်္ဂ နွေနေ့တွင် ဖော်ပြသည်။ မေလ ၈ ရက်တွင် အမေရိ ကန်သမ္မတ ဒေါ်နယ်ထရန့်က ၂၀၁၅ အီရန် နျူသဘောတူညီ ချက်မှ နုတ်ထွက်ရန် ကြေညာခဲ့ ပြီးနောက် အမေရိကန်မပါသော အဆိုပါ နျူသဘောတူညီချက် နောက်တစ်ဆင့်အတွက် လာမည့် သီတင်းပတ်၌ သက်ဆိုင်ရာ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး မည်ဖြစ်ကြောင်း အကြီးတန်း အီးယူအရာရှိများက ပြောသည် ဟု Welt am Sonntag သတင်း စာက ဖော်ပြသည်။
  • Sun 20 May 2018 - 18:38
     ပြစ်မှုအမျိုးမျိုး ဖြင့် ဆော်ဒီအာရေးဗီးယားနိုင်ငံ၌ အကျဉ်းကျနေသော အီသီယိုးပီး ယားနိုင်ငံသား ၁,၀၀၀ ကို ပြန် လွှတ်ပေးရန် ဆော်ဒီအာရေးဗီးယား အစိုးရက သဘောတူ ကြောင်း အီသီယိုးပီးယားနိုင်ငံပိုင် သတင်းမီဒီယာဌာနခွဲ တစ်ခုက မေလ ၁၉ ရက်တွင် ဖော်ပြသည်။
  • Sat 19 May 2018 - 22:38
     ၂၀၁၈၏ ကြီးကျယ် သော အခမ်းအနားတစ်ခုဖြစ် သည့်  ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် ဟောလိဝုဒ်မင်းသမီး မီဂန်မာကယ်တို့၏ မင်္ဂလာပွဲကို မေလ ၁၉ရက်မွန်းတည့် ၁၂နာရီ တွင် ၀င်ဆာရဲတိုက်ရှိ စိန့်ဂျော့ခ်ျ ဘုရားကျောင်း၌ ပြုလုပ်ခဲ့သည်။
  • Sat 19 May 2018 - 20:56
    ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ ကျယ်ပြောသော အနောက် မြောက်ပိုင်းတွင် အီဘိုလာရောဂါဖြစ်ပွားမှု အသစ်သုံးခုကို အ တည်ပြုနိုင်ပြီးနောက် ကူးစက်ခံရမှု မသင်္ကာသူ ၄၃ ဦးအထိ ရှိ လာသည်ဟု ကျန်းမာရေးဝန်ကြီးက ပြောသည်။
  • Sat 19 May 2018 - 20:55
    အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီသည် ဂျမ်းမူးနှင့် ကက်ရှ်မီးယားပြည်နယ်တွင် ရေ အားလျှပ်စစ် ဓာတ်အားပေးစက် ရုံတစ်ခုကို စနေနေ့က ဖွင့်လှစ်ခဲ့ သဖြင့် အိမ်နီးချင်းပါကစ္စတန်က ပါကစ္စတန်သို့ စီးဆင်းသော မြစ်ကြောင်းတစ်ခုပေါ်ရှိ ယင်းစီမံ ကိန်းကြောင့် ရေထောက်ပံ့ရေး အနှောင့်အယှက် ဖြစ်စေမည်ဟု ဆိုကာ ကန့်ကွက်ခဲ့သည်။ ၂၀၀၉ က စတင်ဆောက် လုပ်ခဲ့သော မဂ္ဂါဝပ် ၃၃၀ ထုတ် လုပ်မည့် ကစ်ရှန်ဂန်ဂါရေအား လျှပ်စစ် ဓာတ်အားပေးစက်ရုံ သည် နျူလက်နက်ပိုင်ဆိုင်သော နိုင်ငံများကြား ဆက်ဆံရေးအေး ခဲနေစဉ် မိုဒီလက်ထက်က ယင်းပြည်နယ်တွင် အိန္ဒိယက အလျင် အမြန်ဆောင်ရွက်ခဲ့သော စီမံ ကိန်းများအနက် ပါဝင်သည်။ ပါကစ္စတန်က စိုက်ပျိုးရေး အတွက် သုံးစွဲမှု၏ ၈၀ ရာခိုင်နှုန်း အပေါ် အမှီပြုနေရသော အင်ဒုစ် မြစ်နှင့် မြစ်လက်တက်များကို မျှဝေသုံးစွဲရေး ကမ္ဘာ့ဘဏ်က ကြားဝင်စေ့စပ်ပေးခဲ့သည့် သ ဘောတူညီမှုကို ချိုးဖောက်သော လုပ်ရပ်များ ဖြစ်သည်ဆိုကာ ယင်းစီမံကိန်းများအနက် အချို့ ကို ကန့်ကွက်ခဲ့သည်။
  • Sat 19 May 2018 - 20:54
    အမေရိကန်ပြည် ထောင်စု ဘော်စတွန်မြို့ ရထား ပေါ်တွင် ခရီးသည်တစ်ဦးသည် ပင့်ကူလူသားဝတ်စုံဖြင့် လက် ကိုင်တန်းကို ဇောက်ထိုးတွဲလဲခို လိုက်ပါစီးနင်းခဲ့သည့် ဗီဒီယိုဖိုင် အင်တာနက်သုံးစွဲသူများအကြား ပျံ့နှံ့နေသည်။ ဗုဒ္ဓဟူးနေ့က Massachusetts Bay သယ်ယူပို့ဆောင်ရေး အာဏာပိုင်၏ ခရီးသည်များပြည့် နေသော ရထားပေါ်တွင် ပင့်ကူလူသားဝတ်စုံဖြင့် ပင့်ကူလူသားကဲ့သို့ ဇောက်ထိုးအနေအထား လိုက်ပါလာသူတစ်ဦးကြောင့် အနီးရှိသူများ အံ့အားသင့်ခဲ့ရသည်။
  • Sat 19 May 2018 - 20:54
    လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု အရှုပ်တော်ပုံနှင့်  စပ်လျဉ်း၍ အီတလီနိုင်ငံတွင် ကျင်းပခဲ့သော ဆွေးနွေးပွဲများသို့ မေလ ၁၈ ရက်က ချီလီကက်သ လစ်ကျောင်းတော်မှ ဘုန်းတော် ကြီးအားလုံး တက်ရောက်ကာ နုတ်ထွက်စာ တင်ခဲ့ကြသည်။ ဆွေးနွေးပွဲများ၌ ချီလီဘုန်း တော်ကြီးများက ၎င်းတို့၏ နုတ် ထွက်စာများကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ထံ တင်သွင်းခဲ့သည်။ ယင်းနုတ်ထွက်မှုကို ပုပ်ရဟန်းမင်းကြီးက  မည်သို့သဘောထား ကြောင်း မသိရသေးပေ။
  • Sat 19 May 2018 - 20:53
     မွတ်စလင်တို့၏ ဥပုသ်လစတင်ပြီးနောက် ပထမဆုံး တိုက်ခိုက်မှုအဖြစ် အာဖဂန်နစ္စတန် အရှေ့ပိုင်း ဂျလာလာဘတ်မြို့တွင် ခရစ်ကတ်ပွဲတစ်ခုကို ပစ်မှတ်ထားသော ပေါက်ကွဲမှုများအတွင်း လူရှစ်ဦးသေဆုံးပြီး  ၄၅ ဦး ဒဏ်ရာရရှိကြောင်း အရာရှိများက မေလ ၁၉ ရက် တွင် ပြောသည်။ သောကြာက ည ၁၁ နာရီ က ယင်းခရစ်ကတ်ကွင်းထဲရှိ ပရိ သတ်ကြားတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ဒေသဆိုင်ရာ ရာမာ ဒန်ခရစ်ကတ်ဖလားပြိုင်ပွဲ ကြည့် နေစဉ် ပေါက်ကွဲခဲ့ကြောင်း ဒေသ ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးက ပြောသည်။
  • Fri 18 May 2018 - 16:32
    နျူကလီးယား လက်နက်များ ပိုင်ဆိုင်မှု ဖျက်သိမ်းလိုက်ခြင်းအတွက် မြောက်ကိုရီးယား အစိုးရ အနေဖြင့် လုံခြုံရေး ကဏ္ဍအတွက် စိုးရိမ်စရာ လိုမည် မဟုတ်ဟု အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အာမခံ ပြောကြားလိုက်သည်။
  • Thu 17 May 2018 - 21:32
    ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေ၏ သုံးပုံနှစ်ပုံသည် မြို့ပြ ဒေသများ၌ နေထိုင်မည်ဟု ရေရှည်ထိန်းသိမ်းနိုင်သော မြို့ပြ ကိန်းဆိုင်ရာ ကုလသမဂ္ဂအစီရင်ခံစာက ဖော်ပြသည်။ ကမ္ဘာ့မြို့ ပြလူဦးရေ တိုးတက်မှု၏ ၃၅ ရာခိုင်နှုန်းသည် တရုတ်၊ အိန္ဒိယနှင့် နိုင်ဂျီးရီးယားနိုင်ငံတွင် ဖြစ်ပေါ်မည်ဟု ကုလအစီရင်ခံစာက ဆက်လက်ဖော်ပြသည်။
  • Thu 17 May 2018 - 21:32
    ဆိုင်းနိုင်းဒေသတွင် ဆက်လက်ဆင်နွှဲနေသော နှိမ်နင်းမှုတစ်ခုအတွင်း အီဂျစ်စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က အပြန်အလှန်ပစ်ခတ်မှုတစ်ခုအတွင်း စစ်သွေးကြွ ၁၉ ဦးကို သတ်ဖြတ်ပြီး သံသယရှိသူ ၂၀ ဦးကို ဖမ်းဆီးခဲ့ကြောင်း အီဂျစ်စစ်တပ်၏ မေလ ၁၇ ရက်ထုတ် ကြေညာချက်၌ ဖော်ပြ သည်။
  • Thu 17 May 2018 - 21:31
     သြစတြေးလျနိုင်ငံ ပါ့သ် မြို့တွင် ပင်လယ်ဆိပ်ကမ်းအနီးရှိ စားသောက်ဆိုင်တစ်ဆိုင်၌ အ စာလိုချင်သော စင်ရော်ငှက်များ နှောင့်ယှက်သဖြင့် လာရောက် စားသုံးသူများကို ရေသေနတ်များ ပေးထားသည်။ ‘‘ဆိုင်မှာလာကြတဲ့ စားသုံး သူတွေကို စင်ရော်ငှက်တွေ အ နှောင့်အယှက်ပေးတာ တော် တော်ဆိုးပါတယ်။ အခုဆိုရင် သူ တို့က လူကိုမကြောက်ဘဲ ပိုပြီးရဲ တင်းလာပါတယ်’’ဟု တိုဘီအီဗန်က Nine Network ရုပ်သံသတင်းဌာနအား ဗုဒ္ဓဟူးနေ့ကပြောသည်။
  • Thu 17 May 2018 - 21:30
    လူဦးရေတစ်သန်း ခန့် နေထိုင်သော မက်ဘန်ဒါကာ မြို့တွင် ပထမအကြိမ် အီဘို လာဗိုင်းရပ်စ်ပိုး တွေ့ရှိပြီးနောက် ကွန်ဂိုနိုင်ငံတွင် အီဘိုလာရောဂါ ပြန့်ပွားမှု နောက်တစ်ဆင့် မြင့် တက်လာနေကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနက ပြောသည်။ ကွန်ဂိုနိုင်ငံ၏ ဝေးလံခေါင် ဖျားသော ဒေသများ၌ လက်ရှိပြန့် ပွားနေသော အီဘိုလာရောဂါ ကြောင့် သေဆုံးသူ ၂၃ ဦးထိ ရှိ လာသော်လည်း ယင်းသို့ ဝေးလံ သော ဒေသများတွင် ရောဂါဖြစ် ပွားနေခြင်းက ဗိုင်းရပ်စ်ပြန့်ပွားမှု ကို ကန့်သတ်တားဆီးရန် အာ ဏာပိုင်များ အခွင့်သာနေသည်။
  • Thu 17 May 2018 - 21:29
     ဂျပန်ဘုန်းကြီးတစ်ပါးက ၎င်းသည် လာရောက်လည်ပတ် သော ကမ္ဘာလှည့်ခရီးသွားများအ တွက် မရပ်မနား အကျွေးအမွေး ဖြင့် ဧည့်ခံရသော အလုပ်အတင်း အကျပ် ခိုင်းစေခံရပြီး ယင်းအ လုပ်ဒဏ်ကြောင့် စိတ်ဓာတ်ကျရသည်ဟု ပြောဆိုကာ ဘုန်းကြီး ကျောင်းကို တရားစွဲဆိုထား ကြောင်း ရှေ့နေက အေအက်ဖ်ပီ သတင်းဌာနအား မေလ ၁၇ ရက် တွင် ပြောသည်။

Pages

Subscribe to World News