• တံတားကြံ့ခိုင်ရေး နှင့် ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်၍ လှိုင်သာယာနှင့် မရမ်းကုန်းမြို့ နယ်သို့ ချိတ်ဆက်ထားသည့် ဘုရင့်နောင် တံတားအမှတ် (၁) ကို အောက်တိုဘာ ၅ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ ပိတ်ထားမည်ဟု တံတားဦးစီးဌာနက သက်ဆိုင်ရာ ယာဉ်လုပ်ငန်းများကို စက်တင်ဘာ ၁၈ ရက်တွင် အသိပေးခဲ့ သည်။ ‘‘အမှတ်(၁)က ဘယ်ရင်းလို့ ခေါ်တဲ့နေရာကို မလေးရှားရဲ့ အ ကူအညီနဲ့ အသစ်ပြန်လဲမယ်။ တံ တားရဲ့ ဖောင်ဒေးရှင်းပိုင်း။ ဗမာ လိုဆိုရင်တော့ ဖိနပ်သဘောမျိုး ပေါ့’’ ဟု တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော် ကောင်းချိုက ပြောသည်။ တံတားပြင်ဆင်ခြင်းနှင့်ပတ် သက်၍ တံတားဦးစီးဌာန၊ စည်ပင်သာယာလမ်း တံတားဌာန၊ မြို့...
  • အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို စက်တင်ဘာ ၂၁ ရက်က ရန်ကုန်နှင့် မြစ်ကြီးနား တွင် ကျင်းပခဲ့ပြီး ငြိမ်းချမ်းရေး ဆိုင်ရာ ဟောပြောကာ ဖျော်ဖြေခဲ့ကြသည်။ အကြမ်းမဖက် အမျိုးသား ရေးလှုပ်ရှားသူများ (၂၀၀၇ ရွှေဝါ ရောင်)နှင့် ငြိမ်းချမ်းရေး မဟာ မိတ်အင်အားစုများ ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး နေ့အခမ်းအနားကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ လွတ်လပ်ရေး ကျောက်တိုင်ရှေ့တွင် ပြုလုပ်ခဲ့ သည်။ ‘‘အဓိကကတော့ တို့တိုင်း ပြည်မှာ ငြိမ်းချမ်းရေးက တော် တော်လေးကို ဆိတ်သုဉ်းလာ တယ်။ နောက်ပြီး ပြည်သူလူထုရဲ့ ငြိမ်းချမ်းရေးအပေါ်ထားတဲ့ မျှော် လင့်ချက်လည်း တော်တော်ကင်း မဲ့လာတယ်။ အဲဒီအတွက်ကြောင့်...
  • ‘ကျားကျားကြိုက် ကြိုက်’ ဇာတ်ကား အောင်မြင်သ ဖြင့် နောက်ထပ်တစ်ကား ထပ်မံရိုက်ကူးရန် ကမ်းလှမ်းခံထားရ ကြောင်း မထက် (Pop Soul) က ပြောသည်။ ‘‘အစ်မတို့မှာ ဝေဖန်မှုတွေလည်း ရှိတယ်၊ တိုက်ခိုက်မှုတွေ လည်း ရှိတယ်။ အဲဒီကြားထဲကမှ ဇာတ်ကားလေးက အောင်မြင်တဲ့ အခါ အားလေးနည်းနည်းဖြစ် သွားတာပေါ့လေ။ နောက်တစ် ကားမှာလည်း မထက်တို့လေး ယောက်ပြန်ပါမယ်။ မင်းသားတွေ ကတော့ အခုမှ ရွေးတုန်းပေါ့။ ကိုမြင့်မြတ်တော့ မဟုတ်တော့ပါ ဘူး’’ ဟု ၎င်းက ပြောသည်။ ဝေဖန်တိုက်ခိုက်မှုများသည် အပြင်လောကကထက် မိမိတို့ အသိုင်းအ၀ိုင်းထဲမှသာ လာခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။ ‘‘လူအမျိုးမျိုး စိတ်အထွေ ထွေဆိုတော့လေ။ ကိုယ့်အသိုင်း အ၀ိုင်းထဲမှာက ချစ်တဲ့သူလည်း ရှိတယ်...
  • မြန်မာနိုင်ငံတွင် အ သက် (၁၈) နှစ်အောက်ကလေး အလုပ်သမား ၅၀ ရာခိုင်နှုန်းသည် အန္တရာယ်ရှိသည့် လုပ်ငန်းခွင် များ၌ လုပ်ကိုင်နေရကြောင်း မကွေးတိုင်းဒေသကြီး အလုပ် သမားဝန်ကြီး ဦးမြင့်ဆွေကပြော ကြားသည်။ မကွေးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးပေါင်း စုံခန်းမတွင် စက်တင်ဘာ ၂၁ ရက်က ပြုလုပ်သည့် ကလေးအ လုပ်သမားနှင့် အလုပ်ခွင်ပြည်သူ့ စကားဝိုင်းအခမ်းအနား၌ ၀န် ကြီးကပြောကြားသည်။ ၂၀၁၅ လုပ်သားအင်အား စစ်တမ်းများအရ မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားဦးရေ ၁ ဒသမ ၁ သန်းကျော်ရှိပြီး ယင်း အနက် ၅၀ ရာခိုင်နှုန်းဖြစ်သည့် ကလေးလုပ်သား ခြောက်သိန်း ကျော်သည် အန္တရာယ်ရှိသည့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေ ရကြောင်း ၀န်ြ...
  • အဆိုတော်ဂျနီ ဖာလိုပက်ဇ်ပါဝင်သရုပ်ဆောင် ထားသည့် Hustlers ဇာတ်ကားတွင် လွန်ကဲသော မဖွယ်မရာများ ပါဝင်သည်ဆိုကာ မလေးရှားနိုင်ငံတွင် တားမြစ်ခဲ့ သည်။ ယင်းဇာတ်ကားတွင် လိင် ဦးစားပေးကပြမှုများနှင့် မူးယစ်ဆေးဝါးပါဝင်သည့် အခန်းများသည် ပြည်သူအား ပြသရန် မသင့်လျော်ဟု မလေးရှားရုပ်ရှင် ဆင်ဆာ တည်းဖြတ်ရေးဘုတ်အဖွဲ့ကပြော သည်။ မလေးရှားတွင် Hustlers ဇာတ်ကားကို ဖြန့်ဝေသော ကုမ္ပဏီ Square Box Pictures က ယင်းတားမြစ်မှုကို လူမှုမီဒီယာ ၌ အတည်ပြုထားသည်။ ယင်းဇာတ်ကားသည် အမေ ရိကန်နှင့် ဗြိတိန်နိုင်ငံတွင် လော လောဆယ် ထိပ်တန်းစာရင်းဝင် နေသည်။ အဆိုပါ ဇာတ်ကားသည် ဖြစ်ရပ်မှန်တစ်ခုကို အခြေခံပြီး ၂၀၁၅ က အုတ်အော်သောင်းတင်း ဖြစ်ခဲ့သည့်...
  • သာယာသည့် အိမ် ထောင်ရေး ပိုင်ဆိုင်ထား၍ အလုပ်အတွက် များစွာအထောက်အကူ ဖြစ်ကြောင်း အဆိုတော်ကောင်း ကောင်းက ပြောသည်။ ‘‘အမျိုးသမီးကလည်း ဘေးကနေ ပံ့ပိုးပေးတယ်။ အိမ်မှာ လည်း Home Studio လုပ်ထားတဲ့ အတွက် ကျွန်တော့်ဘေးကနေ အမြဲတမ်းလုပ်ပေးပါတယ်။ လူပျိုဘ၀တုန်းကလည်း လူပျိုဘ၀မို့ လို့ပေါ့။ အိမ်ထောင်ကျပြီဆိုတော့ သွားတာ လာတာ၊ စားတာ သောက်တာကအစ အရင်ကထက်ပိုပြီး ဂရုစိုက်တတ်လာတယ်။ အရင်ကလိုတော့ မလွတ်လပ်တော့ပေ မယ့် ပိုပြီးတော့ လောကမှာ အသက်ရှင်ရတာ ပိုအဓိပ္ပာယ်ရှိလာ တယ်’’ ဟု လက်ရှိတွင် သားလေးတစ်ဦး ပိုင်ဆိုင်ထားသည့် ကောင်း ကောင်းက ပြောသည်။ အဖေအကြောင်း ဂုဏ်ပြုရေးဖွဲ့ထားသည့် ‘တံငါသည်သား’ သီချင်းသည် ဖခင်ကို လက် ဆောင်ပေးချ...
  • ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အ ဖြစ် ဂုဏ်ပြုရိုက်ကူးသည့် ‘အချစ်ဖြင့်လွမ်းစေ’ ဇာတ်လမ်းတွဲကို ရုပ်ရှင်အဖြစ် ရုံတင်ပြသရန် အစီအစဉ်ရှိကြောင်း ယင်းရုပ်ရှင် ထုတ်လုပ်သည့် ကမာရွတ်မီဒီယာမှ ကိုဟံသာက ပြောသည်။ ‘‘ရုံရှင်တွေနဲ့ ညှိနေတယ်။ နိုဝင်ဘာလကုန်၊ ဒီဇင်ဘာလ ဆန်းထဲကို တင်ဖြစ်အောင် ကြိုး စားနေတယ်။ ဒီဇင်ဘာမှာ ရန်ကုန် တက္ကသိုလ် နှစ်(၁၀၀)ပြည့်တွေ စပြီဆိုတော့ အဲဒါလည်းမီအောင်’’ ဟု ၎င်းက ပြောသည်။ ‘အချစ်ဖြင့် လွမ်းစေ’ ဇာတ်လမ်းတွဲသည် စာရေးဆရာမ နုနုရည်(အင်းဝ) ၏ ဝတ္ထုကို ပုံဖော်ရိုက်ကူးထားခြင်းဖြစ်ပြီး ဒေါင်း၊ ပိုင်ဖြိုးသုနှင့် အိန်ဂျယ်လမုံတို့ပါဝင်သရုပ်ဆောင်ထားကာ ဒါ ရိုက်တာနေသန်မောင်က ရိုက် ကူးထားသည်။ ‘‘အွ...
  • ဒီဇင်ဘာတွင် ရိုက်ကူး မည့် ဇာတ်ကားအတွက် ခန္ဓာကိုယ်ကျစ်လျစ်ရန် Gym ကစားနေကြောင်း ၀ါရင့်သရုပ်ဆောင် ချိုပြုံး၏မြေး ၀င်းခန့်မိုးက ပြောသည်။ အနုပညာအလုပ်များ လုပ် ကိုင်လာပြီးနောက်ပိုင်းတွင် လူ ကြီးဆန်လာသည်ဟု သုံးသပ်မိ ကြောင်း ၎င်း၏အဘွား သရုပ်ဆောင်ချိုပြုံးက ပြောသည်။‘‘အားရတာကတော့ လူကြီး ဖြစ်လာတာကိုပေါ့။ အလုပ်တွေ လုပ်ရတယ်။ ရှုတင်တွေသွားရ တာကို လူကြီးဖြစ်တယ်လို့ ထင် တယ်။ ကျွန်တော့်ကို စောင့်ကြည့် နေတဲ့ ပရိသတ်တွေ ဒီ ၂၀၁၉ မှာ တော့ ဘာမှတွေ့ရမှာ မဟုတ် ဘူး။ ၂၀၂၀ လောက်မှ ကျွန်တော့် ရုပ်ရှင်တွေကို ဆက်တိုက်ကြည့် ရမှာပါ’’ဟု ၀င်းခန့်မိုးက ပြော ကြားသည်။ သရုပ်ဆောင်ဝင်းခန့်မိုး သည် ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးသည့်...
  • အဂတိမှုဖြင့် အ ရေးယူခံရသူ ၂ နှစ်အတွင်း ၁၁၂ ဦးရှိပြီး အမြင့်ဆုံးရာထူးအဖြစ် ဥပဒေချုပ်နှင့် တိုင်းဒေသကြီးဝန် ကြီးချုပ်တို့ကို အရေးယူခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၊ တားဆီးကာကွယ်ရေး နှင့် စုံစမ်းစစ်ဆေးရေးဦးစီးဌာန စစ်ဆေးရေးမှူး ညွှန်ကြားရေး မှူးချုပ် ဦးသန့်ဇော်ကပြောသည်။ အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေဖြင့် ၂၀၁၈ ကစ၍ ယခုနှစ်နောက်ဆုံးစာရင်းများအ ရ ၆၆ ဦးအရေးယူနိုင်ခဲ့သည်ဟု စက်တင်ဘာ ၂၁ ရက်ကနေပြည် တော်ရှိကော်မရှင်ရုံးချုပ်၌ ပြုလုပ် သော သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းမှုအပေါ် ညွှန်ကြားရေးမှူးချုပ်ကပြန်လည် ဖြေကြားခြင်းဖြစ်သည်။ ‘‘အဲဒီအထဲမှာ နိုင်ငံရေးအာ ဏာရှိသူဖြစ်တဲ့ ဥပဒေချု...
  • ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးမှု အဆင်ပြေစေရန် မဲရုံတိုး၍ တည်ဆောက်ရန် အပါအ၀င်အချက်အချို့ကို သုံးသပ်မှုများ ပြန်လည်ပြုလုပ် မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ၀င် ဦးမြင့်နိုင်က ပြောသည်။ ‘‘မဲရုံတွေကိုပိုပြီးတော့ ဖွင့် ပေးဖို့၊ အတတ်နိုင်ဆုံး မဲဆန္ဒရှင် တွေ မဲပေးဖို့လွယ်အောင်၊ လျင် မြန်အောင် လုပ်ပေးဖို့ ပါတယ်’’ ဟု ဦးမြင့်နိုင်က 7Day Daily သတင်းစာအားပြော ကြားသည်။ မဲဆန္ဒရှင် ပြည်သူများ မဲရုံ များသို့ သွားလာချိန် မကြာမြင့်စေ ဘဲ လွယ်ကူစွာသွားလာနိုင်ရေး မဲရုံများ တိုး၍ တည်ဆောက်ရန် သုံးသပ်နေသည်။ ထို့အပြင် ရွေးကောက်ပွဲတွင် ပါဝင်မည့် ကိုယ်စားလှယ်များ မဲ ဆွယ်စရိတ်နှင့် စည်းရုံးသည့် ရက် တိုးမြ...
  • သန်လျင်မြို့နယ်တွင် လူတစ်စုက ဓားများကိုင်ဆောင် ကာ နေအိမ်အတွင်း ဝင်ရောက်၍ ယာဉ်နှင့် ပရိဘောဂပစ္စည်းများ ဝင်ရောက်ဖျက်ဆီးမှုနှင့် ပတ် သက်၍ ပုဒ်မငါးခုဖြင့် အမှုဖွင့် ထားကြောင်း တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။ စက်တင်ဘာ ၂၀ ရက် မွန်း လွဲက သန်လျင်မြို့နယ် ကျောက် ရေတွင်းကျေးရွာနေ အသက် (၆၀)အရွယ် ဦးတင်နုသည် တစ် လမ်းတည်းနေ တူတော်စပ်သူ (၃၅)နှစ်အရွယ် ထက်ကိုကိုဦးဆို သူကို ၎င်းမောင်းနှင်လာသည့် ပါရာဒိုယာဉ်ဖြင့် ဝင်တိုက်မိမလို ဖြစ်ခဲ့သည်။ ယင်းဖြစ်စဉ်အပေါ် ထက်ကို ကိုဦးက သန်လျင်မြို့မရဲစခန်း တွင် အမှုဖွင့်တိုင်ကြား၍ ဦးတင် နုကို ရာဇသတ်ကြီးပုဒ်မ ၃၀၈ (လူသေမှုကို ကျူးလွန်ရန် အား ထုတ်မှု)ဖြင့် အမှုဖွ...
  • ဗစ်တိုးရီးယား အမှုဖြစ်စဉ်တွင် နစ်နာခဲ့မှုများနှင့် ပတ်သက်၍ ကလေးငယ်၏မိခင် နှင့် ဖခင်တို့က အဂတိကော်မရှင် သို့ တိုင်ကြားထားပြီး ယင်းကိစ္စ အပေါ် အဂတိပြစ်မှုမြောက်၊ မ မြောက် စောင့်ကြည့်စစ်ဆေးနေ သည်ဟု အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်၊ တားဆီးကာ ကွယ်ရေးနှင့်စုံစမ်းစစ်ဆေးရေးဦး စီးဌာန စစ်ဆေးရေးမှူးချုပ် ညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇော်က ပြောသည်။ ‘‘ဖြစ်စဉ် ဖြစ်သွားပြီးတော့ နှစ်ပတ်လောက်နေတော့ ကျွန် တော်တို့ဆီကို ရောက်တာပါ’’ဟု ဦးသန့်ဇော်က ပြောသည်။ စက်တင်ဘာ ၂၁ ရက်က နေပြည်တော်ရှိ ကော်မရှင်ရုံးချုပ် ၌ ပြုလုပ်သော သတင်းစာရှင်း လင်းပွဲတွင် မီဒီယာများ၏မေးမြန်း မှုကို ညွှန်ကြားရေးမှူးချုပ်က ပြန် လည်ဖြေကြားခြင်ြး...
  • ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဝါးခုတ်ချောင်းရှိ နယ်မြေခံတပ်ဌာနချုပ် တစ်ခုကို ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)က ဒုံးသီးလေးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်၍ လုံခြုံရေးဆောင်ရွက်နေကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။ AA အပါအ၀င် မြောက်ပိုင်းသုံးဖွဲ့က တစ်ဖက်သတ် အပစ်ရပ်စဲကြောင်း ထပ်မံကြေညာသည့် ရက်တွင် ဖြစ်ပွားခြင်း ဖြစ်သည်။ AA အဖွဲ့သည် စက်တင်ဘာ၂၀ရက် ညနေ ၄ နာရီခန့်တွင်တပ်ဌာနချုပ် အရှေ့ဘက်တောင်ကြောနေရာမှ Type 63 ၁ဝ၇ မီလီမီတာအမျိုးအစား ဒုံးသီးလေးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်၍ တပ်ဌာနချုပ်ရှိ လူနေအဆောက်အ အုံအချို့ အနည်းငယ်ထိခိုက် ပျက်စီးခဲ့ကြောင်း၊ ကလေးငယ် နှစ်ဦးလည်း မစိုးရိမ်ရသည့် ဒဏ်ရာရရှိကြောင်း ဖော်ပြထား သည်...
  • ကချင်လက်နက်ကိုင် အဖွဲ့(KIA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု မရှိသည့် အခြေအနေကို ဆက်လက်ထိန်းနိုင်မည်ဟု မျှော်လင့်ကြောင်း တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ တပ်မတော်က ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်ကစ၍ ကချင်ပြည်နယ် အပါအ၀င် စစ်တိုင်းငါးခုနယ်မြေ တွင် အပစ်ရပ်ကြေညာခဲ့ရာ ကိုးလအကြာ စက်တင်ဘာ ၂၁ ရက်တွင် ထပ်မံ သက်တမ်းတိုးခြင်းမရှိ၍ တပ်မတော်၏ အပစ်ရပ်ကြေညာ မှု ပြီးဆုံးပြီဖြစ်သည်။ ယင်းသို့ သက်တမ်းတိုးခြင်း မရှိသည့် အခြေအနေတွင် တပ်မတော်နှင့် KIA အကြား ဖြစ်လာနိုင်သည့် စစ်ရေးအခြေအနေနှင့် ပတ်သက်ပြီး ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက ‘‘ကျွန်တော်တို့က KIA နဲ့က လက်တွေ့ရလဒ်က...
  • အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ လပွတ္တာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာအေးကြူသည် စက်တင်ဘာ ၂၀ ရက် ညနေတွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ သည်။ အသက်(၇၁)နှစ်အရွယ် ဒေါက်တာအေးကြူသည် ၁၉၉၀ နှင့် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲများတွင် လပွတ္တာမြို့ နယ်ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်အဖြစ် ရွေးချယ်တင်မြှောက် ခြင်းခံရပြီး ဧရာဝတီတိုင်းဒေသ ကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ ဒုတိယဥက္ကဋ္ဌတာဝန် လည်း ထမ်းဆောင်ခဲ့သူဖြစ်သည်။ ‘‘အစပိုင်းတုန်းက အသည်းရောဂါ၊ နောက်ပိုင်း ကျောက်ကပ် ပါပါလာတယ်။ ပါတီအတွက် တော့ ဆုံးရှုံးမှုတစ်ခုပေါ့’’ ဟု လပွတ္တာမြို့နယ် အမှတ်(၂) မဲဆန္ဒ နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်...