သတင်းအချက်အလက်ရယူခွင့်ကို တားဆီးဟန့်တားသည့် ဝန်ထမ်းများအား အရေးယူပေးရန် လွှတ်တော်အမတ်တောင်းဆို

ဝန်ကြီးဌာန ဝန် ထမ်းများထံမှ သတင်းအချက်အ လက်များတောင်းခံရာတွင် ၎င်း တို့ဆက်ဆံရေးနှင့် ဖြေကြားနိုင်မှု တို့သည် ဆိုးဆိုးရွားရွားအခြေအ နေဖြစ်နေပြီး သတင်းရယူခွင့်ကို တားဆီးဟန့်တားသည့် ဝန်ထမ်း များအား အရေးယူပေးရန် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ် အေးမြမြမျိုးက တောင်းဆိုသည်။


‘‘ပြည်သူတွေရဲ့အခြေခံအ ခွင့်အရေးကို တရားဝင်ရဖို့ သတင်းအချက်အလက်ဥပဒေနဲ့ ပတ်သက်ပြီး  အမြန်ဆုံး ဘယ် တော့လုပ်ပေးမလဲ၊ မလုပ်ပေးခင် မှာ ဌာနဆိုင်ရာအသီးသီးကို ညွှန် ကြားဖို့၊ ညွှန်ကြားပြီးသားဆိုရင် လည်း မလိုက်နာလို့ရှိရင် အရေး ယူဆောင်ရွက်ပေးဖို့ ဌာနအသီး သီးရဲ့လုပ်ဆောင်ချက်ကို မြို့ နယ်၊ ရပ်ကျေးအဆင့်ဆင့် ထိ ရောက်ဖို့အတွက်ပါ’’ဟု ကျောက် တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြ မျိုးက ၎င်း၏တောင်းဆိုချက်နှင့် ပတ်သက်၍ ယမန်နေ့ ပြည်သူ့ လွှတ်တော်တွင် ရှင်းလင်းသည်။

အစိုးရဝန်ထမ်းများသည် တိုင်းပြည်၏ဝင်ငွေများ၊ ရင်းမြစ် များကို အသုံးပြု၍ တိုင်းပြည်တိုး တက်စေရေးအတွက် အားထုတ် လုပ်ဆောင်ရန် ပြည်သူမှ အခွင့် အာဏာ အပ်နှင်းထားခြင်းဖြစ် သည့် အခြေခံအချက်အလက်များ ကို နားလည်မှုအားနည်းခြင်း၊ လိုက်နာကျင့်သုံးမှုမရှိခြင်းတို့ ကြောင့် သတင်းရယူပိုင်ခွင့် တောင်းခံသည့်အခါ အခက်အခဲ ကြုံတွေ့နေရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘သတင်းအချက်အလက်ရ ယူပိုင်ခွင့်နဲ့ပတ်သက်ပြီး နိုင်ငံသူ၊ နိုင်ငံသားများရဲ့အခွင့်အရေးသာ မက ကိုယ်စားလှယ်တွေရဲ့အ ချက်အလက်တောင်းခံတဲ့ အခါ မှာ နှောင့်နှေးကြန့်ကြာပြီး သတင်းမီဒီယာအချက်အလက်ရယူတဲ့ အခါမှာလည်း အနှောင့်အယှက် ဖြစ်တာ များစွာကြုံတွေ့နေရတဲ့ အတွက် ဒီမေးခွန်းကို မေးမြန်းရ ခြင်းဖြစ်ပါတယ်’’ဟု ဒေါ်အေးမြ မြမျိုးက ပြောသည်။

မတ်လ ၂၉ ရက်က ပြည်သူ့ လွှတ်တော်တွင် ဒေါ်အေးမြမြမျိုးက အများပြည်သူသတင်းအချက် အလက်ရယူပိုင်ခွင့်နှင့် စပ်လျဉ်း၍ မည်သို့ ဆောင်ရွက်ထားကြောင်း မေးမြန်းခဲ့သည်။

နိုင်ငံသားအားလုံး သတင်း အချက်အလက်သိရှိပိုင်ခွင့်ကို စနစ်တကျရရှိစေရေး သတင်း အချက်အလက် ရပိုင်ခွင့်ဥပဒေ (Right to Information Law) ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေ ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်လှထွန်းက ဖြေကြားသည်။

၎င်း၏မဲဆန္ဒနယ်အတွင်း သ တင်းအချက်အလက်တောင်း ခံကြည့်သည့်အခါ နေ့ရွှေ့၊ ညရွှေ့   ၍ အထက်က ခွင့်ပြုမှရမည်ဆို ကာ ယနေ့အချိန်ထိ မရရှိသေး ကြောင်း ဒေါ်အေးမြမြမျိုးက ကြုံတွေ့ခဲ့ရသည့် အခက်အခဲကို ဆက်စပ် မေးခွန်းအနေဖြင့် ထပ်မံတင်ပြမေးမြန်းရာ ဒုဝန်ကြီးက ‘‘ကျွန်တော်တို့မှာ အခက်အခဲတွေ အများကြီးရှိပါသေးတယ်။ အဲဒါကို လိုအပ်သလို ဆက်လက်နှိုးဆော် ဖို့ ဆောင်ရွက်သွားမှာဖြစ်ပါ တယ်’’ဟု တုံ့ပြန်သည်။

ဝန်ကြီးဌာနများမှ သတင်း ရယူပိုင်ခွင့်တောင်းခံရာ အဆင်မပြေမှုဖြင့် ရှေ့ဆက်ရန် မဖြစ်နိုင်ဘဲ အလုပ်ဖြစ်အောင် အမြန်ဆုံးလုပ်ဆောင်ရန် အစိုးရအဖွဲ့အနေဖြင့် စဉ်းစားသင့်ပြီဖြစ်ကြောင်း Frontier Myanmar သတင်းဌာနမှ နေပြည်တော်တာဝန်ခံ ကိုဉာဏ်လှိုင်လင်းက ပြောသည်။

‘‘ဦးသိန်းစိန်အစိုးရလက် ထက်မှာရော၊ ဒီလက်ထက်မှာ ရော ပြောရေးဆိုခွင့်ရှိတဲ့ သူတွေ ပြောင်းလဲဖွဲ့တယ်၊  သင်တန်းတွေ ပေးတယ်ဆိုတာသာ ပြောတာ၊ ကောင်းကောင်းမွန်မွန်မေးလို့ရတဲ့ ဌာနဆိုတာ လက်ချိုးရေလို့ရတယ်။ အမြဲတမ်းလည်း ဆက်သွယ်လို့ရနေတာမဟုတ်ဘူး’’ဟု ၎င်းက ဆိုသည်။