‘ငါတို့သည်’ ရုပ်ရှင်အတွက် ပြင်ဆင်မှုတွေ လုပ်ခဲ့တဲ့အကြောင်းပြောပြတဲ့ ဒါရိုက်တာ စတီးလ်

 ‘ငါတို့သည်’ ဇာတ်ကား ရိုက်ကူးရန် လွန်ခဲ့သည့်ခြောက်လ ခန့်ကတည်းက Pre Production ပြုလုပ်ထားပြီး မင်းသားအသစ် များကို ဦးစားပေးရိုက်ကူးမည့်အ ကြောင်း ဒါရိုက်တာစတီးလ်(ဒွေး မေတ္တာ)က ပြောသည်။

အဆိုပါဇာတ်ကားတွင် နေ ထက်လင်း၊ နေမျိုးအောင်၊ အ လင်းရောင်၊ ခါရာ၊ ထွန်းကိုကို၊ ထူးခြား၊ တိုင်ရွန်၊ နေရဲ၊ သိန်း လင်း၊ အုပ်သာကျော်၊ သျှင်းမြတ်၊ ရွှေသမီးနှင့် ရွှေပိုးအိမ်အပြင် အ ခြားသရုပ်ဆောင်များစွာ ပါဝင် မည်ဖြစ်သည်။

‘‘၁၉၈၅ ခုနှစ် အရေးအခင်း မဖြစ်ခင်ကာလက အကြောင်းအ ရာလေးတစ်ခုပေါ့။ အဖိနှိပ်ခံ ဘ၀ကနေ လွတ်မြောက်ဖို့ကြိုးစား ခဲ့ကြတာလေးကို အခြေခံထား တယ်။ ငါတို့သည် ငါတို့တိုင်း ပြည်ကို ချစ်မြတ်နိုးကြမည်၊ ငါတို့ သည် ငါတို့တောတောင်ရေမြေ သဘာဝကို ကာကွယ်ကြမည်၊ ငါ တို့သည် ငါတို့တိုင်းပြည်အပေါ် သစ္စာရှိကြမည်ဆိုတာမျိုးလေး ပေါ့’’ ဟု ယင်းဇာတ်ကားကို ရိုက်ကူးမည့်ဒါရိုက်တာစတီးလ် (ဒွေးမေတ္တာ)က ပြောသည်။

ယင်းဇာတ်ကားကို ၂၀၀၅ က ကျော်ဟိန်း၊ ဒွေးတို့နှင့်ရိုက် ကူးရန်စီစဉ်ခဲ့သော်လည်း မရိုက် ဖြစ်ခဲ့သောကြောင့် ယခုအခါ ကာ ရိုက်တာကို အနည်းငယ်ပြောင်း လဲကာရိုက်ကူးခြင်းဖြစ်သည်။

‘‘အရင်က သားအဖလုပ်တာ ကို အခုညီအစ်ကိုလုပ်လိုက် တယ်။ အရင်က ဦးကျော်နဲ့ကိုသား ကြီးတို့သားအဖဇာတ်ပေါ့။ အခု က ညီအစ်ကိုပြောင်းလိုက်တယ်။ အရင်တုန်းကရိုက်ဖို့စီစဉ်တာပဲ။ အချိန်တွေကြာသွားရင်း ကိုသား ကြီးဆုံးတဲ့အထိရောက်သွားတာ ပေါ့။ အဲဒီခေတ်က ဒစ်ဂျစ်တယ် ခေတ်မဟုတ်တော့ ဖလင်နဲ့ရိုက် ရတယ်။ ဒီကားရိုက်ဖို့အတွက် နည်းနည်းအခက်အခဲရှိတယ်။ ဖလင်မှာဖို့ ခက်တာနဲ့ဘာနဲ့ မရိုက်ဖြစ်ခဲ့ဘူး’’ ဟု ၎င်းကပြော သည်။

ဒါရိုက်တာလုပ်ခဲ့သည့်သက် တမ်းတစ်လျှောက်မရိုက်ဖူးသည့် အပြင် ရှားပါးဇာတ်လမ်းဖြစ်ပြီး အရဲစွန့်ကာ ရိုက်ကူးခြင်းဖြစ် ကြောင်း ၎င်းကပြောသည်။

‘‘စိန်ခေါ်မှုက များတယ်။ မပြည့်မစုံဘဲနဲ့ လုပ်ရမှာလေ။ နိုင်ငံခြားမှာလို ပြည့်ပြည့်စုံစုံနဲ့ Setting ကြီးတွေ ဆောက်ပြီး မရိုက်နိုင်ဘူး။ ရှိတဲ့ဒေသမှာပဲ အဆင်ပြေအောင်ရိုက်ရမှာဆို တော့ ရွာအကျယ်ကြီးကိုပြချင် တာပေါ့။ အမြင်မပြောင်းလဲ အောင်၊ အရင်ကပုံစံဖြစ်အောင် ပြင်ဆင်ထားတာမျိုးရှိတယ်။ အ ကောင်းဆုံးဖြစ်အောင် ရိုက်ရမှာ ပေါ့။ အဲဒီအချိန်မှာ ကိုယ့်ဘက်က လိုအပ်ချက်ရှိလာလို့ ပရိသတ်က ဝေဖန်ထောက်ပြတယ်ဆိုရင် လည်း ကျွန်တော်တို့ကနာခံရမှာ ပေါ့’’ ဟု ဒါရိုက်တာစတီးလ်(ဒွေး မေတ္တာ)က ပြောသည်။