ယခုနှစ် နွေရာသီတွင် ရန်ကုန်၌ အချိန်ပြည့် မီးပေးနိုင်မည်ဟုဆို

ရန်ကုန်မြို့ရှိ လျှပ်စစ်မီးတိုင်တစ်ခုတွင် သွယ်တန်းထားသည့်လျှပ်စစ်မီးကြိုးများ -ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

လျှပ်စစ်ဓာတ်အား လုံ လောက်စွာ ရရှိနေသည့်အတွက် ယခုနှစ် နွေရာသီတွင် ရန်ကုန်မြို့ ၌ အချိန်ပိုင်း မီးပေးသည့်စနစ် ပြု လုပ်မည် မဟုတ်ကြောင်း ရန်ကုန် မြို့တော် လျှပ်စစ်ဓာတ်အားပေး ရေးအဖွဲ့မှ သတင်းရရှိသည်။

ရာသီဥတု ပူပြင်းလာပြီး ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အား  သုံးစွဲမှုနှုန်းမှာ ယခုနှစ်တွင် စံချိန် တင် မြင့်တက်လာသော်လည်း ဓာတ်အားထုတ်လုပ်မှု ကျဆင်း လာခြင်း မရှိသေးသည့်အတွက် ဓာတ်အား လုံလောက်စွာ ပေး နိုင်သည်ဟု    ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ အင်ဂျင်နီယာချုပ် ဦးစောဝင်း မောင်က ပြောသည်။

‘‘အရင်လို အချိန်ပိုင်းမီးပေး တာမျိုးတော့ ဒီနှစ်မှာ လုပ်စရာ မလိုသေးပါဘူး။ ထုတ်လုပ်မှုအ ပိုင်းကလည်း လုံလုံလောက် လောက်ပေးနိုင်တယ်’’ ဟု ၎င်းက ပြောသည်။

ယခုနှစ်တွင် ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှု နှုန်းမှာ စံချိန်သစ်တင်ခဲ့သည်။ ယခင်နှစ် က နွေရာသီဖြစ်သည့် မတ်လအ တွင်း လျှပ်စစ်သုံးစွဲမှုမှာ တစ်ရက်လျှင် မဂ္ဂါဝပ် ၉၅၀ မှ ၉၈၀ ကြား သာ ရှိခဲ့ရာမှ ယခုနှစ်တွင် တစ် ရက်လျှင် ၁၀၀၄  မဂ္ဂါဝပ်  အထိ ရှိနေ သည်။ ရှေ့ဆက်၍ ရာသီဥတု ပူ ပြင်းလာသည်နှင့်အမျှ လျှပ်စစ် သုံးစွဲမှုနှုန်းတက်လာနိုင်ပြီး မဂ္ဂါ ၀ပ် ၁၁၀၀ အထိ ရောက်ရှိလာနိုင် သည်ဟု လျှပ်စစ်ဌာနက ခန့်မှန်း ထားသည်။

လျှပ်စစ်သုံးစွဲမှုနှုန်းမြင့်လာ သော်လည်း သိုလှောင်ထားသည့် ဆည်ရေများ ကျန်ရှိနေသေးကာ ထုတ်လုပ်နိုင်မှု အခြေအနေ လျော့ပါးခြင်း မရှိသေးသော ကြောင့် အချိန်ပြည့် လျှပ်စစ်ဓာတ် အားထုတ်လွှတ်ဖြန့်ဖြူးပေးနိုင် သည့်အတွက်  စိုးရိမ်စရာ  မလို သေးကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ဓာတ်အားထုတ်လွှတ် ရေး တာဝန်ရှိသူတစ်ဦးက ပြော သည်။

သို့သော် မတ်လဆန်းမှစ၍ မြို့နယ်အချို့တွင်   အချိန်ပိုင်း လျှပ်စစ်ဓာတ်အားပြတ်တောက် မှုများ ရှိနေသည်ဟု မြို့ခံများက ပြောသည်။ ထိုသို့ မီးပြတ်တောက် မှုများရှိနေခြင်းမှာ ယခင်နှစ်များ ကကဲ့သို့ ဓာတ်အားလုံလောက်မှု မရှိတော့သည့်အတွက်ကြောင့် ဟု သတင်းထွက်ပေါ်နေပြီး အဆို ပါ ထွက်ပေါ်နေသော သတင်း များမှာ မှန်ကန်မှု မရှိကြောင်း အင်ဂျင်နီယာချုပ် ဦးစောဝင်း မောင်က ပြောသည်။

‘‘မီးအား မလုံလောက်လို့ ဖြတ်တာ လုံးဝမဟုတ်ပါဘူး။ ဓာတ်အားကြိုးလိုင်းပြင်ဆင်မှု လုပ်ငန်းတွေကြောင့် အခိုက်အတန့် ဖြတ်ထားရတာမျိုးပဲ ရှိပါ တယ်’’ ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက အ လုံ၊ လသာ၊ လမ်းမတော်အပါအ ၀င် မြို့နယ်အချို့တွင် နာရီပိုင်းမျှ ကြာ ဓာတ်အားပြတ်တောက်မှု ရှိခဲ့ပြီး ထိုသို့ ပြတ်တောက်ရခြင်း မှာ ပင်မထရန်စဖော်မာတစ်ခု ချို့ ယွင်းခဲ့ခြင်းသဖြင့် ပြန်လည်ပြုပြင် လုပ်ဆောင်ခဲ့ရခြင်းကြောင့် ဖြစ် သည်ဟု ဆိုသည်။

‘‘အချိန်ပိုင်းလောက် မီးပြတ် တာမျိုးက ခဏခဏ ဖြစ်နေတော့ ရာသီဥတုလည်း ပူနေတာနဲ့ ရေ ခန်းပြီး ဓာတ်အားထုတ်လွှတ်မှု အရင်လိုလျှော့ဖို့များ လုပ်မှာလား ဆိုပြီး စိုးရိမ်နေတာ’’ဟု အင်းစိန် မြို့နယ်မှ အအေးဆိုင်ပိုင်ရှင်တစ် ဦးက ပြောသည်။

ဓာတ်အားလိုင်း ကြိုးများနှင့် မလွတ်ကင်းသော အပင်များ ရှင်းလင်းခြင်း၊ ကန်ထရိုက်အဆောက် အအုံများ ဆောက်လုပ်လာခြင်း ကြောင့် လိုင်းကြိုးများ ရွှေ့ပေးရ ခြင်းစသည့်လုပ်ငန်းများကြောင့် သာ မီးပေးမှုကို ခေတ္တဖြတ် တောက်ထားရခြင်းများသာ ရှိ သည်ဟု ဦးစောဝင်းမောင်က ပြောသည်။

ရန်ကုန်မြို့၌ အစိုးရသစ် တက်လာပြီး အစောပိုင်းနှစ်ကာ လများအထိ လျှပ်စစ်ဓာတ်အား လုံလောက်မှု မရှိခဲ့ဘဲ နွေရာသီ တွင် ယင်းအခက်အခဲကို ခံစားရ လေ့ရှိခဲ့သည်။ ပြီးခဲ့သည့်နှစ်မှစ၍  လူနေအိမ်များအတွက် ဓာတ်အား ရရှိမှု အခြေအနေတိုးတက်လာ ခဲ့သော်လည်း စက်မှုဇုန်များ အချိန်ပိုင်း မီးဖြတ်တောက်မှုခံခဲ့ ရသည်။

မြန်မာတစ်နိုင်ငံလုံးအနေ ဖြင့် လျှပ်စစ်သုံးစွဲမှုမှာ မဂ္ဂါဝပ် ၂၃၀၀ ခန့်ရှိပြီး ရန်ကုန်တိုင်းဒေသ ကြီး တစ်ခုတည်း၌ သုံးစွဲမှုမှာ ယင်းပမာဏ၏ ထက်ဝက်ခန့် ရှိ နေသည်။