ခုံးကျော်တံတားသုံးစင်း တည်ဆောက်ရန် မကြာမီ တင်ဒါခေါ်မည်ဟုဆို

မကြာမီက ဖွင့်လှစ်ခဲ့သော မြေနီကုန်းခုံးကျော်တံတား (ဓာတ်ပုံ − ကျော်ဇင်သန်း)

ရန်ကုန်မြို့တွင် အသစ်ထပ်မံတည်ဆောက်မည့် ခုံးကျော်တံတား အသစ်သုံးစင်း တည်ဆောက်ရန် ဆောက်လုပ်လိုသူလုပ်ငန်းရှင်များကို ယခုလအ တွင်း တင်ဒါခေါ်ယူမည်ဖြစ် ကြောင်း သတင်းရရှိသည်။

တာမွေ၊ ကုက္ကိုင်း၊ ရှစ်မိုင်ခုံးကျော်တံတား သုံးစင်းတည်ဆောက်ရန် ဧပြီနောက်ဆုံးပတ် အတွင်း တင်ဒါခေါ်ယူမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိ တစ်ဦးကပြောသည်။

ယခုနှစ် ရန်ကုန်တိုင်းဒေသ ကြီး ဘတ်ဂျက်တွင် အဆိုပါ တံ တားသုံးစင်း တည်ဆောက်ရန် ထည့်သွင်းထားပြီးဖြစ်၍ အမြန် ဆုံး တင်ဒါခေါ်ယူ တည်ဆောက် မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရန်ကုန်မြို့တွင် အစိုးရသစ်လက်ထက်၌ ခုံးကျော်တံတားလေးစင်း တည်ဆောက်ပြီးစီး အသုံးပြုနေပြီဖြစ်ရာ ယခု တံတားသုံးစင်း ထပ်မံတည်ဆောက်ပါက စုစုပေါင်းခုနစ်စင်း ရှိလာမည်ဖြစ် သည်။

ယခင်ပြီးစီးဆောက်လုပ်ခဲ့ သော ခုံးကျော်တံတားများကို ရန် ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ က တင်ဒါစနစ်ဖြင့် ရွေးချယ်ခဲ့ရာ ရွှေတောင်ကုမ္ပဏီက လှည်းတန်း ခုံးကျော်တံတား၊ FMI ကုမ္ပဏီက ဘုရင့်နောင်ခုံးကျော်တံတား၊ Capital ကုမ္ပဏီက ရွှေဂုံတိုင် ခုံးကျော်တံတားနှင့် မြေနီကုန်း ခုံး ကျော်တံတားတို့ကို တည်ဆောက် လုပ်ကိုင်ခွင့်ရရှိခဲ့သည်။

အဆိုပါတံတားများကို တင် ဒါခေါ်ယူခဲ့စဉ်က အထက်ပါ ကုမ္ပ ဏီများအပြင် ထူးဆောက်လုပ်ရေးကုမ္ပဏီ၊ Crown Advance ၊ Myanmar V-pile ကုမ္ပဏီတို့ ၀င်ရောက်ရွေးချယ် ယှဉ်ပြိုင်ခဲ့သော်လည်း ရွေးချယ်ခံရခြင်းမရှိခဲ့သဖြင့် ယခုတင်ဒါတွင် ထပ်မံယှဉ်ပြိုင်လာဖွယ်ရှိကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီးတစ်ဦး က ခန့်မှန်းပြောကြားသည်။

တာမွေခုံးကျော်တံတားအ တွက် ငွေကျပ် ၂၂ ဒသမ ၅ ဘီလီ ယံ၊ ရှစ်မိုင်လမ်းဆုံ ခုံးကျော်တံ တားအတွက် ကျပ် ၁၆ ဒသမ ၄၅ဘီလီယံ၊ ကုက္ကိုင်းလမ်းဆုံ ခုံးကျော်တံတားအတွက် ကျပ် ၁၅ ဒသမ ၄၀ ဘီလီယံ သုံးစွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ ငွေလုံးငွေရင်းအသုံးစရိတ် တွင် ဖော်ပြထားသည်။