MPT က နိုင်ငံတော်ဘတ်ဂျက်မသုံးဘဲ ဂျပန်ရင်းနှီးမြှပ်နှံမှုများဖြင့်သာ လုပ်ငန်းဆောင်ရွက်မည်ဟုဆို

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)အနေဖြင့် ယခု ဘဏ္ဍာနှစ်မှစ၍ ၎င်းတို့၏ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းအ ကောင်အထည်ဖော်မှုအများစုကို  နိုင်ငံတော်ဘတ်ဂျက်ဖြင့် အသုံးမပြုတော့ဘဲ ဂျပန်လုပ်ငန်းစုနှင့် ပူးပေါင်းထားသည့် ရင်းနှီးမြှပ်နှံမှုဖြင့်သာ ဆောင်ရွက်မည်ဟု သတင်းရရှိသည်။

‘‘အစိုးရဘတ်ဂျက်ကို တချို့လိုအပ်တာတွေအတွက် အ နည်းငယ်ကိုပဲ သုံးသွားမယ်။ စက်ပိုင်းဆိုင်ရာနဲ့ ကွန်ရက်ချဲ့ထွင်မှု တွေအတွက်ကိုတော့ ဂျပန်နဲ့ပူးပေါင်းထားတဲ့ ရင်းနှီးမြှပ်နှံမှုတွေနဲ့ ပဲ အကောင်အထည်ဖော်သွားပါမယ်’’ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအထွေထွေမန်နေဂျာ ဦးခင်မောင်ထွန်းက ပြောသည်။

  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)သည် ယခင်က အစိုးရ၏ယန္တရားတွင်ပါဝင်သော လုပ်ငန်းတစ်ခုအနေဖြင့် ဆောင် ရွက်ခဲ့သော်လည်း ယခုဘဏ္ဍာနှစ်မှစ၍ ကုမ္ပဏီတစ်ခုအဖြစ် ပြောင်းလဲဆောင်ရွက်မည်ဖြစ်၍ ဘတ်ဂျက်အသုံးပြုမှုများကို ရင်းနှီးမြှပ်နှံမှုများဖြင့်သာ အဓိက ဆောင်ရွက်မည်ဟုဆိုသည်။


အစိုးရအော်ပရေတာဖြစ်သည့် MPT သည် အခြားအော်ပရေတာများနည်းတူ ဆက်သွယ်ရေးဥပဒေသစ်အရ ပြန်လည်၍ လိုင်စင်လျှောက်ထားခဲ့ရာ ယခုနှစ် ဧပြီလဆန်းက တရားဝင် လိုင်စင်ရရှိခဲ့ပြီး ၎င်းတို့၏လုပ်ငန်းများကို အဆိုပါ ဥပဒေနှင့်အညီ ဆောင်ရွက်မည်ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရ သည်။