ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲအောင်နိုင်ရေး အမတ်လောင်းတစ်ဦးလျှင် အသုံးစရိတ်ကျပ်သိန်း ၃၀ ထောက်ပံ့

ရွေးကောက်ပွဲအောင် နိုင်ရေးမဲဆွယ်စည်းရုံးရေးကာလ အသုံးစရိတ်အတွက် လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦး ချင်းစီအား ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ဗဟို)က ကျပ်သိန်းသုံးဆယ်စီထောက်ပံ့ ပေးကြောင်း ပြည်ခိုင်ဖြိုးပါတီ(မန္တ လေးတိုင်းဒေသကြီး)အတွင်းရေး မှူးဦးဝင်းမောင်ကပြောသည်။

‘‘မန္တလေးတိုင်းဒေသကြီးအ ပြင် ကျန်တဲ့တိုင်းနဲ့ ပြည်နယ်တွေ လည်း ထောက်ပံ့ပေးမယ်ထင်ပါ တယ်။ ဌာနချုပ်အနေနဲ့ကကိုယ် စားလှယ်လောင်းတွေလည်း အ ဆင်ပြေအောင်ဆိုပြီး တတ်နိုင်သ လောက်ထောက်ပံ့တဲ့သဘောရှိ ပါတယ်’’ဟု ဦးဝင်းမောင်ကပြော သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ဥပဒေများအရ ရွေးကောက်ပွဲ အောင်နိုင်ရေးမဲဆွယ်စည်းရုံးရန် လွှတ်တော်  ကိုယ်စားလှယ်လောင်းတစ်ဦးလျှင်  ကျပ်သိန်းတစ်ရာအထိ  သုံးစွဲခွင့်ပြုထားသည်။


ပြည်ခိုင်ဖြိုးပါတီသည် ယခင် အစိုးရပိုင်မြေနေရာများကို အပိုင် စားရရှိခဲ့ပြီးနောက် ပါတီရန်ပုံငွေ တောင့်တင်းပြီး  ယခုကဲ့သို့ ငွေ ကြေးထောက်ပံ့နိုင်ခြင်းဖြစ်သည် ဟု မန္တလေးမြို့ရှိ နိုင်ငံရေးပါတီအ ချို့မှ တာဝန်ရှိသူများက ပြော သည်။ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေးကာလတွင် ငွေများ များသုံးစွဲနိုင်သူသည် အနိုင်ရရန် ပိုမိုအခွင့်သာနိုင်မည်ဟု ထင်မြင်ကြောင်း ၎င်းတို့ကဆိုကြသည်။

‘‘ကျွန်တော်တို့ပါတီကတော့ သူတို့လို ငွေကြေးအရ အများကြီး ထောက်ပံ့မပေးနိုင်ဘူး။ ပန့်ဖ လက်ဝေတာ၊  လက်ကမ်းစာ စောင်ဖြန့်တာ၊  ဗီနိုင်းထောင်တာ လောက်တော့  ပါတီက ၀ိုင်းဝန်း လုပ်ပေးမယ်။  ကျန်တာတော့ ကိုယ်စားလှယ်တွေက ကိုယ့်အား ကိုယ်ကိုးရမှာပဲ။ မန္တလေးတိုင်းထဲ က ၀င်ပြိုင်မယ့်ကိုယ်စားလှယ် ၂၈ဦးအတွက်တော့ တစ်ဦးကို တစ်သိန်းထောက်ပံ့ပေးထားတယ်’’ဟု အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဦးခင်မောင်သန်းကပြောသည်။

  ပြည်သူလူထုအနေဖြင့် ပစ္စည်းပေးမှ မဲထည့်ခြင်းမျိုးမဟုတ်ဘဲ နိုင်ငံ့အကျိုးအမှန်တကယ်သယ် ပိုးထမ်းဆောင်နိုင်မှု ရှိ၊မရှိဆို သည့်အပေါ်အလေးအနက်စဉ်းစားကာ မဲပေးစေလိုကြောင်း ဦးခင်မောင်သန်းက ဆိုသည်။

 ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ရွေးကောက်ပွဲကော်မရှင်က ကိုယ် စားလှယ်လောင်းအမည်စာရင်း များအတည်ပြု  ကြေညာပြီး နောက်ပိုင်း တရားဝင်မဲဆွယ်ခွင့် ပြုသည်နှင့် မဲဆွယ်စည်းရုံးရေး များ စတင်မည်ဖြစ်သည်ဟု ဦးဝင်း မောင်ကပြောသည်။

၂၀၁၀ရွေးကောက်ပွဲတွင် ပြည်ခိုင် ဖြိုးပါတီ၏ လွှတ်တော်ကိုယ်စား လှယ်များအနေဖြင့် ရွေးကောက် ပွဲအောင်နိုင်ရေးအသုံးစရိတ်အ ဖြစ် ကိုယ်စားလှယ်တစ်ဦးလျှင် အနည်းဆုံးကျပ် ၂၅သိန်းမှ ကျပ် သိန်း၈၀အထိ သုံးစွဲခဲ့ကြောင်း ဇူလိုင်လကုန်ပိုင်းက မန္တလေးတွင် ပြုလုပ်ခဲ့သည့် ကိုယ်စား လှယ်လောင်းတာဝန်ပေးအပ်ပွဲ အခမ်းအနား၌ ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုကော်မတီဝင်များက ပြောကြားသည်။