ယူနန်ပြည်နယ်အစိုးရက မြန်မာဘက်မှ တရားမ၀င်သစ်၊ သတ္တုနှင့် ကျောက်မျက်များ တင်သွင်းမှု ယခုနှစ်ကုန်အထိ ဖမ်းဆီးမည်ဟု ဆို

မြန်မာနိုင်ငံမှ သစ်များ တရုတ်သို့ သယ်ဆောင်နေစဉ် (ဓာတ်ပုံ − National Geographic)

 မြန်မာနိုင်ငံဘက်မှ တ ရားမ၀င် ၀င်ရောက်လာမည့် သစ်၊ သတ္တုနှင့် ကျောက်မျက်များကိုတ ရုတ်နိုင်ငံယူနန်ပြည်နယ်အစိုးရ က ဒီဇင်ဘာလကုန်အထိ ဖမ်းဆီး မည်ဟု သတင်းရရှိသည်။

သမ္မတဦးသိန်းစိန်နှင့် တ ရုတ်သမ္မတစီကျင်းပင်တို့အကြား ညှိနှိုင်းဆွေးနွေးထားသည့်နယ် စပ်ဒေသတည်ငြိမ်ရေးအချက်အ ရ ဖမ်းဆီးခြင်းဖြစ်ကြောင်းတရုတ် နယ်ခြားစောင့်ရဲတပ်ရင်းမှူး ဒူ ရှောက်တုန်က စက်တင်ဘာ ၁၅ ရက်တွင် ပြုလုပ်သည့် နယ်စပ်အ စည်းအဝေး၌  ပြောကြားခဲ့ သည်။

‘‘တရုတ်နယ်ခြားစောင့်ရဲ တပ်ရင်းမှူးဒူရှောက်တုန်ကပြော တယ်။ ယူနန်ပြည်နယ်အစိုးရက မြန်မာဘက်က ခွင့်ပြုထားခြင်းမရှိ တဲ့ ကုန်ပစ္စည်းတွေကို ဒီဇင်ဘာ လကုန်အထိ ဖမ်းမယ်တဲ့။ လူကုန် ကူးမှုနဲ့ တရားမ၀င်အလုပ်လုပ် ကိုင်သူတွေကိုလည်း ဖမ်းမယ်။ သမ္မတနှစ်ယောက်ညှိနှိုင်းတဲ့အ ထဲမှာ နယ်စပ်ဒေသ တည်ငြိမ်ရေး ဆိုတဲ့အချက်အရ လုပ်ဆောင်တာ ဖြစ်တယ်တဲ့။ အဓိက သစ်၊ သတ္တု နဲ့ကျောက်မျက်ပေါ့’’ဟု တရုတ်- မြန်မာနယ်စပ်မှအရာရှိတစ်ဦးက ပြောသည်။

ယူနန်ပြည်နယ်အစိုးရက မြန်မာနိုင်ငံဘက်မှ ၀င်ရောက် လာမည့် တရားမ၀င် သစ်၊သတ္တု နှင့်ကျောက်မျက်များကို ဖမ်းဆီး ပေးရန် သဘောတူညီချက်သည် သမ္မတဦးသိန်းစိန်နှင့် တရုတ်နိုင်ငံ တို့အကြား ညှိနှိုင်းဆွေးနွေးထား သည့် နယ်စပ်ဒေသတည်ငြိမ်ရေး အချက်နှင့်ဆက်စပ်မှုရှိသည်ဟု တရုတ်-မြန်မာနယ်စပ်အရာရှိ တစ်ဦးကအတည်ပြုပြောကြား သည်။

‘‘လူကုန်ကူးတာတို့၊ တရား မ၀င် ၀င်ရောက်လုပ်ကိုင်တဲ့မြန် မာနိုင်ငံသားတွေကို ဖမ်းပြီးမြန်မာ ဘက်ပို့ပေးနေတာတော့ နေ့တိုင်း ရှိပါတယ်။ မူးယစ်ဆေးဝါးနဲ့ပတ် သက်တဲ့ကိစ္စလောက်သာ သူတို့ က အရေးယူတာပါ။လူကုန်ကူးမှု နဲ့ တရားမ၀င်အလုပ်လုပ်ကိုင်တဲ့ သူတွေ ဖမ်းတာက အခုမှမဟုတ် ပါဘူး။ ကြာပါပြီ’’ဟု နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အဆင့်မြင့်အရာရှိ ကြီးတစ်ဦးက ပြောသည်။

တရုတ်-မြန်မာနယ်စပ်တွင် တရားမ၀င်သစ်မှောင်ခိုကုန်သွယ် မှုသည် အခြားနယ်စပ်ဒေသများ ထက် များပြားခဲ့သဖြင့် မြန်မာနိုင် ငံအစိုးရတာဝန်ရှိသူများကိုယ် တိုင် ယူနန်အစိုးရကို တရားမ၀င် သစ်မှောင်ခိုကူးသူများဖမ်းဆီးရာ ၌ အကူအညီပေးရန် တောင်းဆို ခဲ့ဖူးသည်ဟု ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့်သစ်တောရေးရာဝန် ကြီးဌာနပြည်ထောင်စုဝန်ကြီးဦး ၀င်းထွန်းက မကြာခဏထုတ်ဖော် ပြောကြားခဲ့သည်။

‘‘ဒီလိုအိမ်နီးချင်းကောင်းပီ သသင့်တာကြာပြီလို့ မှတ်ချက်ပေးချင်တယ်။ နယ်စပ်တည်ငြိမ် ရေးက ယူနန်အစိုးရရဲ့ ကိုင်တွယ်မှုအပေါ် အများကြီးမူတည်တယ်။ နယ်စပ်ဒေသ မှောင်ခိုလုပ်ငန်း တွေက မြန်မာငြိမ်းချမ်းရေးလုပ် ငန်းစဉ်ရော စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုအတွက်ရော သက်ရောက် မှုကြီးမားတယ်’’ဟု စစ်ရေးနှင့်နိုင် ငံရေးသတင်းဆောင်းပါးရေးသား သူကိုထက်ယံက ပြောသည်။

ကချင်ပြည်နယ်အမတ်ဦး ဆွတ်နောင်က တရုတ်အစိုးရက ယခုကဲ့သို့  ပူးပေါင်းကူညီမှုကို ကျေးဇူးတင်ကြောင်း၊ တရားမ၀င် သစ်၊ ကျောက်မျက်နှင့် သတ္တု မှောင်ခိုကုန်ကူးခြင်းသည် နယ်စပ် ဒေသတစ်လျှောက်တွင်ဖြစ်ပေါ်  နေသောကြောင့် ဖိဖိစီးစီးလုပ် သင့်ကြောင်း တိုက်တွန်းသည်။

ယူနန်ပြည်နယ်ကုန်သည် ကြီးများအသင်းက စက်တင်ဘာ ၁ရက်မှ ဒီဇင်ဘာ ၃၁ရက်အထိ  သစ်တင်သွင်းမှုအတွက် အခွန် ကောက်ခံခြင်းကို စိစစ်နိုင်ရန် ရပ်ဆိုင်းထားမည်ဟု အသင်းဝင်များကို သြဂုတ် ၂၄ရက်က အကြောင်းကြားခဲ့သည်။

သစ်တင်သွင်းလိုသည့်ပမာ ဏကို သြဂုတ် ၃၀ရက်နောက်ဆုံး ထားကာ တရုတ်အကောက်ခွန်ဦး စီးဌာနသို့ လျှောက်ထားရမည်ဖြစ် ပြီး အဆိုပါရက်ကျော်လွန်ပါက  ဆုံးရှုံးမှုများရှိမည်ဟု သတိပေး ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် တရားမ၀င် သစ်မှောင်ခိုလုပ်ငန်းလုပ်ကိုင်နေ သူတရုတ်နိုင်ငံသား ၁၅၅ဦးကို တစ်သက်တစ်ကျွန်းထောင်ဒဏ် ချမှတ်ခဲ့ပြီး ရှစ်ရက်အကြာ၌မြန် မာအစိုးရက လွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။ တရုတ်နှင့် မြန်မာနိုင်ငံအကြား သဘောတူညီချက်များ အပြန်အလှန်ရှိခြင်းကြောင့်သာ လွှတ်ပေးခြင်းဖြစ်ကြောင်း သမ္မတရုံးမှပြောရေးဆိုခွင့်ရှိသူက မီဒီယာများအား ပြောကြားခဲ့သည်။

မည်သည့်သဘောတူညီ ချက်များဖြင့် လွှတ်ပေးခဲ့သည်ကို မြန်မာအစိုးရက တရားဝင်ထုတ် ဖော်ပြောကြားခြင်း  မရှိသော် လည်း တရားမ၀င်သစ်မှောင်ခို ထုတ်သည့် တရုတ်နိုင်ငံသားများ ကို လွှတ်ပေးပြီးနောက် တရုတ်အ စိုးရက တရုတ်နိုင်ငံအတွင်းတရား မ၀င် ၀င်ရောက်လုပ်ကိုင်မှုဖြင့် ဖမ်းဆီးထားသော မြန်မာနိုင်ငံ သားများကို မြန်မာအစိုးရထံ ပြန် လည်လွှဲပြောင်းပေးခဲ့သည်။