ဒီချုပ်အမတ်လောင်းများ ရွေးကောက်ပွဲအောင်နိုင်ရေး ၈၈ (ငြိမ်း/ပွင့်) ခေါင်းဆောင်များ ကူညီဟောပြောမည်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လွှတ်တော် ကိုယ်စားလှယ်လောင်းများ ရွေး ကောက်ပွဲအောင်နိုင်ရေးအတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့် လင်းလူ့အဖွဲ့အစည်းမှ ခေါင်း ဆောင်များ ယခုလ ၆ ရက်တွင် ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ် ၌ ကူညီမဲဆွယ်ဟောပြောပေး မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ပန်းဘဲတန်းမြို့နယ်မှ ၀င် ရောက်ယှဉ်ပြိုင်မည့် NLD  လွှတ် တော်ကိုယ်စား လှယ်လောင်းများ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ယခုလ ၆ ရက်တွင် မဲဆွယ် စည်းရုံးဟောပြောပွဲ ပြု လုပ်မည်ဖြစ်ရာ ပါတီနာယက သူရဦးတင်ဦး၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်နှင့် ဦးမြအေးတို့ လာရောက် ဟောပြောပေးမည်ဟု NLD ၏ ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်း ဦးနေဖူးဗဆွေကပြောသည်။

‘‘ကိုမင်းကိုနိုင်နဲ့ ကိုမြအေး တို့ လာပြောပေးမယ်ဆိုတာ အ တည်ဖြစ်ပါတယ်။ မြို့နယ်ကော် မရှင်တွေဆီမှာလည်း ခွင့်ပြုချက် ရပြီးပါပြီ။ ဒီမိုကရေစီအရေးအ တွက်၊ ပြည်သူ့အရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါတယ်’’ဟု ၎င်းကဆိုသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်များ လာရောက် ဟောပြောပေးမည့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုကို ယခုလ ၆ ရက်တွင် ပန်းဘဲတန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ၌ ညနေ ၃ နာရီမှ ၅ နာရီအထိ ပြုလုပ်မည်ဟု ဦးနေဖူးဘဗဆွေထံမှ သိရသည်။

၂၀၁၅ အထွေထွေရွေး ကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင် ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ လွှတ်တော်ကိုယ်စားလှယ် လောင်းများ ရွေးချယ်ရာတွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့် လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကို ကြီးအပါအ၀င် ခေါင်းဆောင် ၁၇ ဦးအမတ်လောင်းဖြစ်ရန်လျှောက် ထားခဲ့သော်လည်း ဦးပြုံးချိုတစ် ဦးသာ ရွေးချယ်ခံခဲ့ရသည်။

ယင်းသို့ ဦးကိုကိုကြီးကို လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ရွေးချယ်ခဲ့ခြင်းမရှိသည့် အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ကြား သဘောတားကွဲလွဲမှုများ ရှိ နေနိုင်သည်ဟု ထင်မြင်ချက်များ နိုင်ငံရေးအသိုင်းအ၀ိုင်းတွင်ထွက် ပေါ်လာခဲ့သည်။

‘‘ကိုယ်စားလှယ်လောင်းရွေးတုန်းကတော့ အချွတ်အချော် လေးတွေရှိခဲ့ပေမယ့် တိုင်းပြည်ရဲ့ ဒီမိုကရေစီအရေးအတွက် ၈၈ မျိုး ဆက်ဟာ NLD အောင်နိုင်ရေး အတွက် ၀န်းရံပြီး မဲဆွယ်စည်းရုံး ပေးတဲ့အထိ လုပ်ပေးတာဟာ ဒီမိုကရေစီအင်အားစုတွေအတွက် အင်အားတစ်ခုဖြစ်လာတယ်’’ ဟု နိုင်ငံရေးဆောင်းပါးများ ရေးသားသူ ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်သည်။

၈၈ မျိုးဆက်အနေဖြင့် ရွေး ကောက်ပွဲတွင် NLD အောင်နိုင် ရေး ၀န်းရံပေးရန် ဆုံးဖြတ်ထားပြီး ဖြစ်လိမ့်မည်ဟု ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။