စင်ကာပူရောက်မြန်မာများ ကြိုတင်မဲပေးရန် သုံးရက်ထပ်တိုးပေး

စင်ကာပူသံရုံးအနီးတွင် ကြိုတင်မဲပေးရန် ညလုံးပေါက် တန်းစီစောင့်ဆိုင်းနေသော မြန်မာများ (ဓာတ်ပုံ − ရိုက်တာ)

 စင်ကာပူနိုင်ငံရောက်  မြန်မာများ ကြိုတင်မဲပေးနိုင်ရေး အချိန်လုံလောက်ကာ အဆင်ပြေစေရန် သုံးရက်ထပ်မံ တိုးမြှင့် ပေးပြီး မဲပေးရန် ညအိပ်စောင့်သူများကို  စင်ကာပူရဲတပ်ဖွဲ့က ခွင့်မပြုဟု ပြောကြားကြောင်း သတင်းရရှိ သည်။

ကြိုတင်ဆန္ဒမဲပေးမည့် မြန် မာနိုင်ငံသားများအဆင်ပြေချော မွေ့စေရေးအတွက် မဲပေးနိုင်မည့် ရက်ကို ၂၁.၁၀.၂၀၁၅ရက်အထိ သုံးရက်တိုးမြှင့်မဲပေးနိုင်ရန် စင် ကာပူနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ တာဝန်ရှိအဖွဲ့အစည်းများ နှင့် ညှိနှိုင်းခွင့်ပြုချက်ရရှိရန် စ စဉ်ဆောင်ရွက်ပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ၁၉.၁၀.၂၀၁၅ ရက် တင်္နလာနေ့မှ ၂၁.၁၀.၂၀၁၅ ရက် ဗုဒ္ဓဟူးနေ့အထိ သုံးရက်မဲပေးနိုင်မည့်ရက်များအဖြစ်တိုးမြှင့်ကြောင်း အသိပေးအပ်ပါ သည်ဟု သံရုံးကကြေညာထား သည်။

မူလက ကြိုတင်မဲပေးရန် အောက်တိုဘာ ၁၅ ရက်မှ ၁၈ ရက်အထိ လေးရက်သတ်မှတ် ပေးခဲ့ပြီး မဲပေးသည့် လူဦးရေ များပြားသောကြောင့်  အချိန် မလောက်င၍ အောက်တိုဘာ ၁၉ ရက်မှ ၂၁ ရက်အထိ သုံးရက် ထပ်မံတိုးမြှင့်ပေးရန် စင်ကာပူ အာဏာပိုင်များနှင့် ညှိနှိုင်းပြီး တိုးမြှင့်ပေးလိုက်ခြင်းဖြစ်သည်။

မဲပေးသည့် ဒုတိယမြောက် အောက်တိုဘာ ၁၆ ရက်ညက စင်ကာပူရောက်မြန်မာ ၃,၀၀၀ကျော်သည် မဲပေးရန် သံရုံးရှေ့၌ညလုံးပေါက် စောင့်ဆိုင်းခဲ့သည်။

လမ်းမပေါ်တွင် လူအလွန် များနေသောကြောင့် စင်ကာပူ ရဲတပ်ဖွဲ့သည် မြန်မာဘက်မှ ရက်တိုးတောင်းဆိုသော မဲပေးသည့် ရက် သုံးရက်ကို လိုက်လျောပေး ပြီး ညအိပ်စောင့်ခြင်းကို လက်ခံမည်မဟုတ်ကြောင်း အကြောင်း ပြန်ခဲ့သည်။

‘‘အခုပဲ သံရုံးက တာဝန်ရှိတဲ့ သူက ထွက်ပြောပါတယ်။ ဒီနေ့ အတွက် လူဦးရေ ၃၀၀၀ ကို မဲပေးနံပါတ်တွေ ထုတ်ပေးထား တယ်။ မနက်ဖြန်အတွက် မဲပေး ဖို့ ဒီနေ့ ၃,၀၀၀ ထုတ်ပေးလိုက် တယ်။ ညရောက်တော့ မဲပေးတဲ့ သူက ၄,၀၀၀ လောက်ဖြစ်သွား တယ်။ စင်ကာပူရဲက လူတွေ အရမ်းများနေတာ မလိုချင်ဘူးပေါ့။ ရက်ကိုလည်း သုံးရက်တိုးပေး လိုက်တယ်။ ညအိပ်ပြီး စောင့်လို့မရဘူးလို့ ပြောပါတယ်။ ဒီနေ့ ည ၈ နာရီခွဲမှာ ကြိုတင်နံပါတ်တွေ တစ်ခါထုတ်ပေးမယ်။ ပြီးရင် တော့ ပြန်တော့ပေါ့’’ဟု ကိုလင်း အောင်က ပြောသည်။

‘‘စင်ကာပူရဲကတော့ လူစုခွဲ ခိုင်းတာပေါ့။ လူကလည်း အရမ်း များနေတယ်လေ။ ဒီနေ့ဆိုရင် တန်းစီတဲ့သူ ၇၀၀၀ ကျော်တယ်။ အဲဒါကို စင်ကာပူရဲက မကြိုက် တာပေါ့။ နောက်ပြီး ညအိပ်ပြီး စောင့်တာကိုလည်း မလိုချင်ဘူး လေ’’ဟု ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ (စင်ကာပူ) မှ ကိုစိုးထွန်းက ပြောသည်။

‘‘သုံးရက်ထပ်တိုးပေးရင် ပြီးနိုင်ပါတယ်။ တစ်ရက်ကို ကြို တင်နံပါတ်တွေပေးတာ ၃၀၀၀ လေ။ အဲဒီထဲမှာ လူကြီးတွေလို ကျန်းမာရေးချို့တဲ့သူတွေ မပါသေးဘူး။ အဲဒီသူတွေက တစ် ရက်ကို လေးရာလောက်လာတယ် လေ။  အဲဒါဆို အားလုံးမဲပေးခွင့် ရမှာပါ’’ဟု ကိုလင်းအောင်က ပြောသည်။

စင်ကာပူရောက်မြန်မာများ မဲပေးသည့် တတိယမြောက်နေ့ (အောက်တိုဘာ ၁၇ ရက်)တွင် မဲပေးရန် တန်းစီနေသည့် မြန်မာ များ ၇၀၀၀ ကျော်ရှိနေသော ကြောင့် စင်ကာပူရဲတပ်ဖွဲ့က လူစုခွဲပြီး ပြန်ခိုင်းရန် မြန်မာသံရုံးသို့ ဖိအားပေးပြောဆိုခဲ့သည်။

စင်ကာပူဆိုင်ရာ မြန်မာသံ ရုံးမှ တာဝန်ရှိသူများသည် တတိ ယမြောက်မဲပေးသည့်နေ့တွင် မဲ ပေးရန် တန်းစီနေသူများအနက် ပထမဆုံးတန်းစီနေသော လူဦး ရေ ၄,၀၀၀ အား မဲပေးခွင့်ပြုခဲ့ပြီး လေးရက်မြောက်နေ့ (အောက်တို ဘာ ၁၈ ရက်)အတွက် မဲပေးခွင့် ရမည့် လူဦးရေ ၃,၀၀၀ ကိုလည်း အောက်တိုဘာ ၁၇ ရက်ကတည်း က ကြိုတင်မဲ လက်မှတ်များ ထုတ် ပေးခဲ့သည်။

ထို့အပြင် အသက် (၆၀) ကျော်အရွယ်များ၊ ကျန်းမာရေး ချို့တဲ့သူများနှင့် အိမ်အကူအလုပ် သမားများသည် ကြိုတင်မဲ လက် မှတ်မရသော်လည်း လာရောက် တန်းစီပါက မဲပေးရန် ခွင့်ပြုမည် ဖြစ်ကြောင်း မြန်မာသံရုံးအနီးတွင် စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင် နေသူ ကိုလင်းအောင်က ပြော သည်။

ကြိုတင်မဲပေးရန် လူဦးရေ ၂၁,၈၇၆ ဦး စာရင်းပေးသွင်းထား ပြီး မဲပေးသည့် ပထမရက်တွင် ၁,၈၇၇ ဦး၊ ဒုတိယရက်တွင် ၃,၁၅၂ ဦးနှင့် တတိယရက်တွင် လူဦးရေ ၄,၀၀၀ လာရောက်မဲပေး ထားရာ သုံးရက်အ တွင်း စုစုပေါင်း၉,၀၀၀ ခန့် မဲပေးခွင့်ရထားသည်။

လူဦးရေ ၁၂,၀၀၀ ကျော် ကျန်ရှိနေသောကြောင့် လေး ရက်အတွင်း တစ်ရက်လျှင် ၃,၀၀၀ ခန့် မဲပေးခွင့်ရရှိအောင် ကြိုးစားရမည်ဖြစ်သည်။